ကိုဗစ်က တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကို
နယ်ကျဉ်းလာစေတယ်။ ဟိုနေရာမှာတွေ့လိုက်၊
ဒီနေရာမှာတွေ့လိုက်။ ဟိုရပ်ကွက်မှာ
တွေ့လိုက်၊ ကိုယ်တွေတိုက်တန်းအနီးရောက်လာ
ခဲ့သည်။ တစ်နေ့က တိုက်အမှတ် (10) ရှေ့ရှိ
ကျူးကျော်တဲများမှ ပိုးတွေ့လူနာတွေရှိခဲ့သည်။
အဆိုပါ အမျိုးသမီးကြီးမှာ အနံ့မရသဖြင့်
ဆေးရုံကြီးပို့လိုက်သည်။
ဆေးရုံကြီး၌ စစ်ဆေးသည့်အခါ positive
ဖြစ်သည်။ နောက်ရက်များ၌ ထိုအမျိုးသမီးကြီး၏ အိမ်ရှိ ကလေးလူကြီး စုစုပေါင်း ခုနှစ်ဦးလုံးကို
စစ်ဆေးသည့်အခါ ပိုးထပ်မံတွေ့ရှိလေသည်။
ကလေးပေါက်စနှင့် ဆယ်ကျော်သက်လေးများက
(5)ဦးဖြစ်သည်။
ကိုဗစ်က တိုက်တန်းမှာပင် ရပ်မနေ။ ကျွန်တော်တို့
ရုံးသို့ ဆက်လက်ချီတက်လာခဲ့သည်။ ကျွန်တော်တို့
မြို့ပြရုံး၌ ကွန်ပြူတာရိုက်သည့် ကလေးတစ်ဦး
အနံ့မရ၍ ဆေးရုံးတက်စစ်ဆေးရပြန်သည်။
ထိုလူငယ်မှာ သုံးကြိမ်မြောက်စစ်ဆေးမှ
ပိုးတွေ့ရသည်။ ပိုးတွေ့၍ မန္တလေးတောင်ခြေရှိ
မြင်းပြိုင်ကွင်း ကိုဗစ်စင်တာအသစ်သို့ ပို့လေသည်။
မြင်းပြိုင်ကွင်း ကိုဗစ်စင်တာအသစ်သည်
လူပေါင်း (350) ဦးထားရှိနိုင်သည်။
ထိုလူငယ်ကို လူ (50) ထားသည့်အဆောင်သို့
ပို့ပေးသည်။ ယောက်ျားလေး အယောက်(50)
ထားရှိသည်ဟု သိရသည်။ ယေက်ျား၊ မိန်းမ
ခွဲထားသည်။
နောက်ထပ် ဘဏ္ဍာရေးရုံးမှ အမျိုးသမီးတစ်ဦး
တွေ့ရှိပြန်သည်။ ထို အမျိုးသမီးမှာ အခြေအနေအနည်းငယ်ဆိုးသည်။ အသက်ရှူကျပ်၍
ICU ၌ ထား ထားကြောင်းသိရသည်။
ယခုလို ကိုဗစ်ပိုး ရုံးများ၌ ပျံ့နှံ့နေစဉ်
စာရင်းစစ်က ဝင်စစ်ဆေးမည် ဆိုသည့်အခါ
စိတ်ဆင်းရဲကြရသည်။
အင်း မင်းသိင်္ခရေးသလို
သဗ္ဗေသတ္တာ ကမ္မသကာ ဟု၍သာစိတ်မှာ
ထားရင်း။ ဘုရား၊ တရား၊ သံဃာ
ဂုဏ်တော်ပွားလို့ ရုံးတက်ကြပါစို့။
ကြောက်ရတဲ့ အထဲက အရှုတ်ပေါ် ပေါ့
ဟုတ်ပ ကိုဟိန်းရေ အစိုးရ ဌာနများ မင်းမိန့်ပေမို့
မရှောင်သာဘူးရယ်
ဆင့်ပွား ကူးဆက်ခံနေရတာ။
နေရထိုင်ရတာ မသက်သာလှပါဗျာ။
သို့ပေမဲ့ တဖြေးဖြေး ကိုယ့်အနား နီးနီူလာနေတယ်ဗျာ။
ပြေးမရ ပြုမရ😁😁😁
ဟုတ်သဗျို့ ပြေးစရာမြေမရှိ ဘုရား တရား သံဃာ တ ပြီးနေရတာပ
Yay! 🤗
Your post has been boosted with Ecency Points.
Continue earning Points just by using https://ecency.com, every action is rewarded (being online, posting, commenting, reblog, vote and more).
Support Ecency, check our proposal:
Ecency: https://ecency.com/proposals/141
Hivesigner: Vote for Proposal