ကိုဗစ်နှင့် ဆပ်ပြာ

in #myanmar4 years ago

image

"ဒါကတော့မဖြစ်သင့်ဘူး"

"လုံးဝကို မဖြစ်သင့်ဘူး"

"ဝန်ကြီးဌာန လက်အောက်မှာချင်း အတူတူ၊
သူတို့ပို့ဆောင်ရေးဌာနကျ ပေးပြီး၊ ငါတို့ဌာနကျ
မပေးဘူး"

"ဟုတ်တယ် ဒါလုံးဝ မမိုက်ဘူး"

"အင်း သူတို့ဌာနက ပလက်ပလစ်နဲ့
ထိတွေ့ရလို့ဆိုလား၊ ဘာလားကွ"

"ဟာ သူတို့ဟာ သူတို့ ဘာပလက်နဲ့တွေ့တွေ့
ဘာမီတွန်နဲ့ တွေ့တွေ့ပေါ့ ကျုပ်တို့လည်း
ဝန်ထမ်းချင်း အတူတူပဲဟာ ရချင်တာပေါ့"

20200330_170140.jpg

"ဟင်း သူတို့က ပလက်ပလစ်ပြည်သူနဲ့
ဆက်ဆံရတာဆိုတော့။ ကျုပ်တို့ကလည်း
အဲ့ ပလက်ပလစ်ပြည်သူနဲ့ တိုက်ရိုက်မဆက်ဆံ
ရတောင် သွယ်ဝိုက်ဆက်ဆံရတာပေ့ါဗျာ။
အဲ့ ပလက်ပလစ်တွေ ယိုချ ပေါက်ချခဲ့တဲ့
အလေးအပေါ့တွေကို ကျုပ်တို့က တိုက်ရိုက်
ထိတွေ့ရလို့ ကျုပ်တို့တောင် အဲ့ဆပ်ပြာ
အရည် အခဲတွေ ပိုရသင့်တာပေါ့ဗျာ"

"အေး မောင်ပု မင်းပြောတာ အမှန်ကန်ဆုံးပဲ"

ဒါက ကျွန်တော်တို့မြို့ပြဌာနမှ သံလမ်းလုပ်သားများ
အချင်းချင်းပြောနေကြခြင်းဖြစ်သည်။
ပို့ဆောင်ရေးဌာနမှ ဝန်ထမ်းများအား
ကိုရိုနာ၊ ကိုဗစ်19 ရောဂါ ကာကွယ်ရန်အတွက်
ဆက်ပြာအမှုန့်၊ အခဲနှင့် အရည်များပေးဝေ
ကြောင်း ကြားသိရ၍ ပြောနေခြင်ဖြစ်‌ပေ
သည်။

@htwegyi

Sort:  

ကာဘောလစ် ဆပ်ပြာတွေပေးနေတာလား ?

ဟုတ်တယ် ကိုဟင် ဆပ်ပြာ အမှုန့်၊ အခဲ အရည် အစုံဗျို့။

တစ်ဌာနတည်း ခွဲခြားတာတော့ ကောင်းဘူးပေါ့ဗျ

ဟုတယ် ဝန်ထမ်းတွေ စိတ်ထဲ တစ်မျိုးဖြစ်စေတာ။

ကိုဗစ် ကာဘော်လစ်

အဲ လဲ့ အတော်ချောတဲ့ ကိုစိုး 😄

ဟုတ်တယ်ဗျ အညီမျှဝေပေးသင့်တယ်...

ဟုတ်သဗျို့ ဝန်ထမ်းချင်း တူတူပဲဟာ။

ကိုဘစ်​ဘေး မြန်မာနိုင်ငံနဲ့ ​ဝေးပါ​စေဗျာ confirmed case လည်း ဒါထက် မတိုးပါ​စေနဲ့ ​စောင့်ကြည့် ၁၄ ရက် ​ပြီးရင် ဒီ​တောင်ကို ​ကျော်သွားနိုင်ပါပြီ

ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့် ဒီလောက်နဲ့ပြီးပါစေဗျာ။