အသက်ဝင်သောမန့်များ များပြားလာပါစေ

in #myanmar6 years ago

image
လောကမှာတစ်ဦးတစ်ယောက်တည်းနေဖို့
ဆိုတာဖြစ်နိုင်တယ်ထင်လား?ဘယ်သူ့အတွက်မှလည်းဂရုမစိုက်၊ဘယ်သူမှလည်းသူ့ကိုဂရုမစိုက်၊
မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းမိတ်ဆွေ၊မိဘဆွေမျိုးဘယ်သူ့ကိုမှလည်းဂရုမစိုက်၊ထိုလိုဘဝမျိုးကိုသင်နေနိုင်သလား?တစ်ကိုယ်ကောင်းအဆန်ဆုံးလူတောင်သူဂရုစိုက်တဲ့လူတွေရှိသေး။ဥပမာသူချစ်ရသူသူ့မိဘစသဖြင့်ပေါ့။ဘယ်သူမှသင့်ကိုဂရုမစိုက်တဲ့လောကကြီးမှာသင်နေနိုင်သလား?ကျနော်တော့မနေနိုင်ပါ။နေနိုင်တဲ့လူရှိခဲ့ရင်တောင်သူ့ဘဝကြီးကအထီးကျန်ပြီးစိတ်ညစ်စရာတွေပြည့်နေမှာအသေအချာဘဲ။

လူဆိုတဲ့အမျိုးကဂရုစိုက်ခံချင်ကြတာဗျ။
အသုံးဝင်ခံချင်ကြတာဗျ။အထင်ကြီးခံချင်ကြတာဗျ။ဥပမာ-အသင်းအဖွဲ့နဲ့လုပ်ရတဲ့ကိစ္စမျိုးမှာဆိုမိမိလုပ်နိုင်တဲ့အခန်းမရှိခဲ့ရင်ကိုယ့်ကိုယ်ကိုအသုံးမကျဘူးလို့ခံစားရတာမျိုးပေါ့။မိမိလုပ်လိုက်တဲ့ကိစ္စတစ်ခုကိုတစ်ပါးသူဘယ်လိုမြင်လဲဆိုတာကိုဘဲဂရုစိုက်ကြတယ်။ဆိုလိုတဲ့သဘောကဂရုစိုက်ခံချင်ကြတာပေါ့။
သင်ကိုယ်တိုင်မှန်မှန်ဖြေကြည့်ပါ။မိမိလုပ်လိုက်တဲ့အလုပ်ကိုမကောင်းဘူးလို့ပြောရင်သင်ဘယ်လိုခံစားရမလဲ။စိတ်ဆိုးမလား?စိတ်တိုမလား?ဒေါသထွက်မလား?အကုန်လုံးဖြစ်မှာဘဲ။
ဒါပေမယ့်အဲလိုဖြစ်တယ်ဆိုတာကိုတခြားသူမသိအောင်သာနေရမယ်။ကိုယ်ကိုတိုင်တော့မသိအောင်နေမရတာအသေအချာဘဲ။အလုပ်တစ်ခုကိုစလုပ်ကတည်းကငါ့ဟာငါလုပ်တာ၊ဘယ်သူဘာပြောပြောဘာမှမဖြစ်ဘူးလို့သင်တို့ကိုသင်တို့တွေးထားကြလိမ့်မယ်။ဝေဖန်အပြစ်တင်ဂရုမစိုက်တဲ့သဘော
ကိုတွေ့လာရင်တောင်သင်အဲလိုဆက်တွေးပြီးဟန်ဆောင်နေအုံးမယ်။သင်ကိုယ်သင်တော့အနည်းနဲ့အများခံစားလိုက်ရမှာအသေအချာဘဲ။

ဒီလိုဘဲကျနော်တိုက်တွန်းချင်တာတစ်ခုကSteemitဆိုတဲ့Communityမှာပို့စ်တွေတင်ကြတယ်။vote and mentတွေလုပ်ကြတယ်။ပိုက်ဆံရလို့ရေးသည်ဖြစ်စေ၊ဝါသနာအရရေးသည်ဖြစ်စေ။ရေးလိုက်တင်လိုက်သောpostတစ်ခုမှာသူ့အားစိုက်ထုတ်ချက်ပါတာတော့အသေအချာဘဲ။ကျနော်တို့တစ်တွေပရိုနေ့မှတင်ကြတယ်။ရေးဖို့စာတွေစဉ်းစားအားစိုက်ထုတ်တင်ကြတယ်။
ပရိုရဖို့အဓိကဆိုတာမှန်ပါတယ်။လက်ခံပါတယ်။ပရိုနေ့မှာတင်သမျှပ်ု့စ်တွေကိုvote and ment ကူညီကြတယ်။ဒါပေမယ့်တစ်ဝက်လောက်အသက်မပါဘူး။
ဘာလို့အသက်မပါလဲ?တစ်ပါးသူရဲ့အားစိုက်ထုတ်မှုကိုမန့်ပြီးရင်ပြီးရောလုပ်ကြတယ်။အကုန်လုံးကိုတော့မဆိုလိုပါ။ပရိုရဖို့အဓိကဆိုပေမယ့်ကိုယ်ရေးထားတဲ့စာတွေကိုဖတ်ပြီးအသက်ဝင်တဲ့မန့်မျိုးကိုသင်ကိုယ်တိုင်ရောမလိုချင်ဘူးလား?ကျနော်တော့လိုချင်တယ်။

ပို့စ်တစ်ခုရေးဖို့ကျနော့အတွက်မနည်းစဉ်းစားရတယ်။ငယ်ငယ်ကတည်းကစာဖတ်ပျင်းခဲ့တဲ့သူ။စာစီစာကုံးဆိုလည်းဆယ်တန်းတုန်းကတောင်တစ်ပုဒ်နှစ်ပုဒ်ဖတ်ပြီးဖြေလာခဲ့သူ။အခုထိတောင်စာဖတ်ပျင်းနေသူ။အဲလိုလူအတွက်ပို့စ်တစ်ခုရေးဖို့ဆိုတာမနည်းစဉ်းစားရပါတယ်။
ဒါပေမယ့်ပရိုနေ့တိုင်းတော့အတတ်နိုင်ဆုံးကြိုးစားပြီးဖတ်ပေးတယ်။တင်တဲ့ပို့စ်ပိုင်ရှင်ကိုအားဖြစ်အောင်သူတင်တဲ့ပို့စ်နဲ့သက်ဆိုင်တဲ့မန့်မျိုးကိုစဉ်းစားရေးပေးတယ်။ဘာလို့လဲ?ကျနောဝမ်းနည်းရသလိုဝမ်းမနည်းစေချင်လို့။ပရိုနေ့ကတစ်ပတ်မှတစ်ခါထဲပါ။အဲနေ့တစ်ရက်လေးတောင်တစ်ပါးသူရဲ့အားစိုက်မှုကိုအသိအမှတ်မပြုချင်ကြပုလား?

ပရိုရဖို့အတွက်ဘဲအဓိကလုပ်နေကြတယ်။
စာမဖတ်ချင်ကြပု။အကုန်လုံးကိုမဆိုလိုပါ။
အားစိုက်ထုတ်ထားသောပို့စ်တစ်ခုကိုတစ်ပတ်မှတစ်ခါဘဲဖတ်ရတာဖြစ်သောကြောင့်အားစိုက်ဖတ်ပေးပြီးအသက်ပါသောမန့်မျိုးမန့်ကြပါ။
သူများမလုပ်ရင်နေပါစေ။ကိုယ်ကိုတိုင်တောင်လုပ်ပါ။သူများကသင်မဟုတ်ပါ။သူလည်းအဲလိုမန့်တာဘဲ။ငါလည်းအဲလိုဘဲလုပ်တော့မယ်မလုပ်ပါနဲ့။သူများလုပ်သလိုကိုယ်လုပ်လုပ်ရင်ကိုယ်ကိုတိုင်လည်းသူများဖြစ်သွားပါလိမ့်မယ်။
ရန်ကိုရန်နဲ့မတုံ့ပြန်ရဆိုသလိုပေါ့။ဆဲဆိုယုတ်ညံ့သောစကားပြောသူကိုအလားတူစကားပြန်ပြောလျှင်သင်ကိုယ်တိုင်လည်းသူနဲ့မခြာုးဖစ်သွားပါလိမ့်မယ်။ပရိုရနေစဉ်အတောအတွင်းတစ်ပတ်မှတစ်ခါဖတ်ရသောပို့စ်အားစိုက်ထုတ်၍ဖတ်ပေးကြပါ။
Written by @hzerok
Photos from google
MSC-121
image

Sort:  

ဖတ်​ခဲ့ပါပီ...​good

ကျေးဇူးပါ

စိတ်​ပါလက်​ပါ မန့်​လိုက်​သည်

စိတ်ပါလက်ပါနဲ့မန့်ပေးလို့ကျေးဇူးတင်ပါတယ်အကိုရေ

ခေါင်းစဉ်တွေတာနဲ့ ဘာထူးခြားမလည်ဆိုတာ ဖတ်မှာသေချာတယ်

ဟုတ်တယ်အကိုရေ
အစအဆုံးဖတ်ကြည့်မှခေါင်းစဉ်ရဲ့အဓိပ္ပါယ်ကိုနားလည်သွားတာ

အားပေးလျက်ပါ

ကျေးဇူးပါအကိုရေ

ညီ‌လေး ‌ရေးတာကို ‌ထောက်‌ခံတယ်‌။တစ်‌ဦးနဲ့ တစ်‌ဦး ‌လေးစာှးု ‌တော့ရှိသင့်‌တယ်‌။ မ‌ရေးချင်‌ လုံးဝ မ‌ရေးနဲ့။‌ရေးရင်‌လည်း good Nice ‌လောက်‌ မလာပါနဲ့။၊

ဟုတယ်အကိုရေ
တခါတလေဆိုမပြောပါဘူး
ကျနော်ဖတ်သမျှပို့စ်တိုင်းမှာခုထိအဲလိုစနစ်ကမပျောက်သေးဘူးဖြစ်နေတာ
ရေးသူတွေကိုအားနာမိတယ်

အမှန်ပဲ ဘရို

ဟုတ်တယ်အကိုရေ

မန့်အကြောင်းမရေးဖြစ်သေးဘူး ကောင်းပါတယ် ကောင်းတဲ့အကြံပြုချက်တွေကိုလည်း ရေးပေးသင့် ဝေဖန်ပေးသင့်ပါတယ် ဘယ်သူမှ ဂရုမစိုက်ရင် ဘယ်သူကမှလည်း ကိုယ့်ကို ဂရုစိုက်မှာမဟုတ်တာလည်း အသေအချာပါပဲ မန့်တွေကြည့်လိုက်ရင် သိပ်အားမရဘူး လိုအပ်ချက်လေးတွေကို ဝေဖန်အကြံပြုချက်တွေ မပါကြဘူးဖြစ်နေတယ်

အမှန်ဘဲအကိုရေ
မန့်ရဲ့တစ်ဝက်လောက်ကအသက်မဝင်ကြဘူး
တစ်ပတ်မှတစ်ခါလေးကိုဘာလို့အားမစိုက်ပေးချင်ကြတာလဲမသိဘူး
အားစိုက်ရေးရတဲ့ပို့စ်တစ်ခုကိုအဲလိုတွေပြန်လိုက်ရင်ကြာရင်ပို့စ်ရေးတဲ့သူပါထိုနည်းလည်းကောင်းဖြစ်လာရော

Good

ကျေးဇူးပါ

good post bro

ကျေးဇူးပါ

ဖတ်​ပါတယ်​တစ်​ခါတစ်​​လေ​တော့လဲဒီလိုပဲလုပ်​ရတာ​ပေါ့

ဖတ်တဲ့လူတွေမပါပါဘူးသားပေါက်ရာ
တခါတလေကတော့ငါလည်းနားလည်ပါတယ်ခုဟာကအမြဲလိုလိုတွေ့နေရလို့ပြောတာပါ

Nice post ပါဗျ

ကျေးဇူးပါ

အရမ်းမိုက်တယ်

အခုလိုကြားရတာဝမ်းသာပါတယ်ဗျာ

အမ ဘယ်တော့မ good post မရေးပု

ယုံပါတယ်မကြည်ရေ
အမရဲ့မန့်တွေကကျနော့ရဲ့ပို့စ်တွေကိုဆက်ရေးဖြစ်အောင်အားတက်စေတာအမှန်ပါ

ကောင်းပါတယ်​အစ်​ကို။

ကျေးဇူးပါဗျာ

good nice တွေသောင်မြင်ကပ်တယ် ဟီးး

သူတို့လည်းမအားလို့ပေးတာဖြစ်မှာပါလို့တွေးပေမယ့်အမြဲတမ်းလိုကြီးကျမမြင်ချင်တော့ပုဗျာအကိုအမြင်ကတတ်တာလည်းဖြစ်သင့်ပါတယ်

Good special post

ကျေးဇူးပါ

အရေးအသားကောင်းပါတယ်

ကြားရတာဝမ်းမြောက်မိပါတယိဗျာ

good post beother

ကျေးဇူးပါဗျာ

good post လေးပါအစ်ကိုရေ

ကြားရလို့ဝမ်းမြောက်မိပါတယ်ဗျာ

ကျေးဇူးတင်မိတာတကယ်ပါဗျာ
ဒီလိုအကြောင်းအရာမျိုးရေးတဲ့ပို့စ်ကို ဒီတစ်ကြိမ်သာဖတ်ခွင့်ရခဲ့သည်ထင်ပါတယ်ဗျာ
ခွန်အား ဥာဏ်အားအပြည့်သုံးကာ ရေးသားတင်ပြလာခဲ့တယ်ဆိုတာ
စာဖတ်ရင်းနဲ့သိလိုက်ရပါတယ်
လေးစားပါတယ်လို့သာပြောခဲ့ပါရစေဗျာ……………သူရ

အကို့မန့်တွေကတော့အားဖြစ်စေတဲ့မန့်စာရင်းထဲမှာအမြဲပါတယ်ဗျို့အမြဲအားပေးတာကျေးဇူးပါဗျာ

ညီ မန့်ချက်တွေကငါ့ထက်ပိုကောင်းနေပါတယ်……
ဒီလိုခံစားမှုခံယူချက်အကြောင်းအရာတွေကို ဆက်ရေးစေချင်ပါတယ်ညီရေ……သူရ

တတ်အားရှိသရွေ့ဆက်ရေးသွားပါ့မယ်အကိုရေကျေးဇူးပါ😊😊😊

စတင်းမစ်မှာ အားဖြစ်စေတဲ့ မန့်လေးတွေ ပေးကြမယ်နော်

အဲလိုမန့်လေးတွေများလာတာမြင်ရရင်ဝမ်းသာမိမှာအမှန်ဘဲအကိုရေ

မှန်ပါတယ် .. ထောက်ခံပါတယ်
Upvoted!