
မင်္ဂလာပါ။ လွန်ခဲ့သော စနေနေ့ညက MSC admin များနှင့် MSC နှင့်ပါတ်သက်သော အကြောင်းအရာကိစ္စများတိုင်ပင်ရန် အစည်းအဝေးထိုင်ဖြစ်ပါသည်။ နှစ်သစ်ကူး သင်္ကြန်မတိုင်ခင် ကတည်းက ပေါ်တခါ ပျောက်တလှည့် ဖြင့် စခန်းသွားနေကြသော MSC admin များအားလည်း MSC နှင့်ပါတ်သက်ပြီး ရှေ့ဆက်ရမည့် အကြောင်းအရာများအား တိုင်ပင်ရန် အစည်းဝေးခေါ်ခြင်း ဖြစ်ပါသည်။
ဤအစည်း အဝေးမှာ သာမှန်အလွတ်သဘော ဆွေးနွေးရန် ခေါ်သော အစည်း အဝေးဖြစ်၍ meeting minutes မထုတ်ပါ။ အစည်းအဝေးမှာ အဓိကအားဖြင့် သွေးအေးလာနေပြီ ဖြစ်သော MSC members များအား ယခင်ကဲ့သို့ ပြန်လည်တက်ကြွလာစေရန် အားပေးမှု လိုအပ်နေခြင်းနှင့်အတူ လူသစ်များအား လက်တွဲ ခေါ်ဆောင်ရန်လည်း တိုင်ပင် ဖြစ်ပါသည်။
လက်ရှိအချိန်တွင် မိမိတို့ MSC သည် Members များဖြင့် ခိုင်ခိုင်မာမာ ရှိနေပြီ ဖြစ်သော်လည်း မိမိတို့ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာ အားလုံးမှာ Steem ဈေး အပေါ်တွင် မှုနေပါသည်။ Steem ဈေးတက်လာလျင် တက်လာသည့် အလျောက် မိမိတို့ လုပ်ငန်း လည်း ပိုမို လုပ်ဆောင် လာနိုင်ခြင်းမှာ လုပ်ငန်းဆောင်တာအားလုံးတွင် budget လိုအပ်သောကြောင့် ဖြစ်ပါသည်။
MSC members တို့ သိထားသည့် အတိုင်း MSC သည် မည်သို့သော ငွေကြေး ကောက်ခံခြင်း ( လှူဒါန်းသည်ကို လက်ခံသည်မှလွဲ၍ ) မရှိပဲ မိမိတို့ ရှိသော budget ဖြင့် တိုင်းထွာ၍ Project plan များအား အကောင်ထည်ဖေါ်ဆောင်နေရခြင်း ဖြစ်ပါသည်။

ထိုအလွတ်သဘော အစည်းအဝေးတွင် အဓိကထားတိုင်ပင်သွားကြသည်မှာ များမကြာမှီ ရောက်လာတော့မည့် MSC one year anniversary အစီအစဉ်ပင်ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် admin များအား MSC တနှစ်ပြည့် MSC အဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် မည်သို့ မည်ပုံ ကျင်းပ ချင်ကြောင်း မေးသောအခါ အကြံအညာဏ်များစွာထွက်လာကြပါသည်။
ပျော်စရာကောင်းမည် ဖြစ်သော ဤ MSC gathering ( Myanmar SteemFest - 2018 ) အား မည်သို့ ကျင်းပကြမည် ဆိုသော အတွေးများဖြင့်ပင် ပျော်စရာကောင်းနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် admin များဖြင့် တိုင်ပင်၍ MSC members များအားလုံး တနေရာ တည်း တစုတဝေးတည်း တွေစုံနိုင်စေရန် နှင့် ထိုနေ့ရက်တွင် MSC members များအားလုံး အမှတ်တရရှိနေစေရန် admin များနှင့် တိုင်ပင်၍ ပိုမိုကောင်းမွန်သော အစီအစဉ်များ ချမှတ်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။
အသေးစိတ်အစီအစဉ်အား MSC admin များ တရားဝင် အစည်းအဝေးထိုင်၍ အစည်းဝေးမှတ်တမ်းများဖြင့် ထုတ်ပြန်ပေးပါမည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော့ အနေဖြင့် MSC admin များဖြင့် အလွတ်သဘော တိုင်ပင်ပြီးနောက် MSC လျှောက်လှမ်းလာခဲ့သော ၁၀ လ နီးပါ ကာလကို ပြန်ပြောင်း တွေးနေခဲ့မိပါသည်။
ခက်ခဲကြမ်းတမ်းသော ၊ ဒါဏ်ရာများ ဖြင့် ပြည့်နေသော MSC အစောပိုင်းကာလကို သိမှီလိုက်သူ Members များ သိပ်မကျန်တော့သည်ကတော့သေချာပါသည်။
မျက်လုံး များ ကိုက်လာသည်အထိ computer နှင့် ထိတွေ့နေရသော ကာလများ ၊ cheetah နှင့် လွတ်စေရန် promotion ဆောင်းပါးများအား ညသန်းခေါင် တိုင် ထိုင်စစ်နေကြသော admin များ ၊ ကျွန်တော်က ဒါ လုပ်ကြရအောင် အကောင်ထည် ဖေါ်ကြရအောင်ဟု ပြောလျင် မဖြစ်ဖြစ်အောင် လုပ်ဆောင်ပေးကြသော admin တို့၏ ပုံရိပ်များ က ကျွန်တော့ မျက်လုံးထဲမြင်ယောင်လာပါသည်။

၁၀ လသားရှိနေပြီ ဖြစ်သော MSC သည် ရော့ အင့် ဟူ၍ ဖြစ်လာသည် မဟုတ်ပါ။ ဤ အဖွဲ့အစည်း ပျက်သွားစေရန် ဝိုင်းဝန်း တိုက်ခိုက်သူများနှင့်လည်း ကြုံတွေ့ခဲ့ဘူးသလို မျက်နှာဖုံးစွပ်ထားသူ အများအပြားနှင့်လည်း ကြုံတွေ့ခဲ့ရပါသည်။ သို့သော် MSC သည် ရည်ရွယ်ချက်မဲ့ဖွဲ့စည်းထားသော အဖွဲ့အစည်းမဟုတ်ပါ။
စည်းကမ်း များဖြင့် စနစ်တကျ ဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်သည့်အပြင် ရည်ရွယ်ချက် ရည်မှန်းချက်များ ချမှတ်၍ အဆင့် တဆင့်ပြီး တဆင့် တက်လှမ်းနေသော အဖွဲ့အစည်း ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ အတိုက်အခိုက်ကြားမှ ရှင်သန်လာခဲ့သော MSC သည် များမကြာခင် တနှစ်သားပြည့်တော့ မည်ဖြစ်ပါသည်။
On line ပေါ်၌ သာ တွေ့ဆုံ ဖူးကြသော Members များ အပြင်တွင် ပျော်ရွှင်စွာ တွေဆုံနိုင်ကြတော့မည်။ ရင်းနှီမှု ပိုမိုရရှိကြတော့မည် ဖြစ်ပါသည်။ ဤပထမဆုံးသော MSC members များ တွေ့ဆုံမှုမှသည် MSC အားရေရှည် တည်တံ့စေရန် အထောက်အကူအများကြီး ပြုနိုင်ပါလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။
ထို့ ကြောင့် များမကြာမှီ MSC admin များဖြင့် တိုင်ပင်၍ MSC one year anniversary gathering program များကို ထုတ်ပြန်ကြေညာပေးမည် ဖြစ်ပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001
အစည်းဝေးနေ့က သူကြီးမသိလိုက်ဘူးနော်။ Msc , OYA သူကြီးကတော့ ရါာသူရွာသားများကို ရသစာပေရေးဖွဲ့နည်းအကြောင်းအားပါးတရပြောပြချင်တယ်ဗျာ။ အဲဒီအစီအစဉ်ထည့်ဆွဲပေးစေချင်တယ်။
ဟုတ်ကဲ့ဆရာ... အစီအစဉ်ကတော့ တိုင်ပင်ရပါအုံးမယ်။ လွန်ခဲ့တဲ့ စနေနေ့ည က အလွတ်သဘောဆွေးနွေးခဲ့တာတော့ ဆရာ့ကို အဖွင့် အမှာစကား ပြောကြားပေးဖို့နဲ့ MSC ဖြစ်ပေါ်လာပုံ အကျဉ်းပြောခိုင်းမယ်လို့တော့ စီစဉ်ထားကြပါတယ်ဆရာ။
ဆရာ့ အနေနဲ့ ရသစာပေ အကြောင်း ဟောပြောပေးနိုင်ရင် ပိုလို့တောင် အဆင်ပြေမှာပါ ဆရာ။ တက်ရောက်လာတဲ့ အဖွဲ့သားတွေ ဗဟုသုတလည်း ရသလို ပျော်ရွှင်စရာလည်း ကောင်းမှာပါဆရာ။ ကျွန်တော်တို့ အသေးစိတ်ထပ်တိုင်ပင်ကြတာပေါ့။
ပျော်ရွှင်စရာကောင်းတဲ့ အချိန်အခါကောင်းကို ရောက်ရှိလာရတော့မှာပေါ့။ဝမ်းသာစရာပဲအစ်ကိုရေ။ အစီအစဉ်တွေကို ဆက်လက်စောင့်မျှော်ရင်း ရင်ခုန်နေရပြီ😁😁
ဟုတ်ကဲ့ ကိုမိုးဇော်ရေ.... အစီအစဉ်တော့ ရေးဆွဲနေတုန်းပါပဲ။ ၂ လကြိုတင် အကြောင်းကြားပါ့မယ်။
ပျော်ရွှင်မှုတွေများစွာရရှိမည့် တွေ့ဆုံပွဲလေးမှာ အားလုံးနဲ့ ဆုံချင်ပါတယ်ဗျ
ပျော်ရွှင်စရာကောင်းတဲ့ တွေ့ဆုံပွဲလေး ဖြစ်သွားအောင် ဝိုင်းကြိုးစားကြပါစို့။
မဖြစ်ဖြစ်အောင်ကိုလာခဲ့ပါ့မယ်အစ်ကိုရေ။အားလုံးကမိသားစုတွေပါပဲ။တနေ့နေ့ကိုယ့်အမျိုးတွေနဲ့တောင်အလုပ်များလွန်းလို့စကားမပြောဖြစ်ပေမယ့်MSCကလူတွေနဲ့ကအမြဲပြောဖြစ်တယ်။ဘယ်လောက်အလုပ်များများsteemitထဲအချိန်လုပြီးနေဖြစ်တယ်။steemitကsecond life ဖြစ်နေပြီထင်ပါတယ်။
ဒီတခါတော့ အားလုံးလာဖြစ်အောင် ဆောင်ရွက်နေပါတယ် ညီမလေး.. တနှစ်မှ တခါ ဆုံရတာမို့ပါ။
အခက်အခဲကြားထဲမှာရပ်တည်လာခဲ့တဲ့ MSC အဖွဲ့ကြီး ဒီထက်ပိုတိုးတက်အောင်မြင်ပါစေလို့ ရည်ရွယ်ရင်း Msc member. များ ဆုံတွေ့ကြမဲ့ရက်ကို စောင့်နေလျှက်ပါ 😊😊😊
ကျွန်တော်တို့ admin များကလည်း အစွမ်းကုန်ကြိုးစားနေပါတယ်။ မကြာခင် အပြည့်အစုံကြေညာပေးပါ့မယ်။
အမြန်ဆုံး တွေ့ ဆုံချင်နေပြီဗျာ ရှေ့ဆက်ပြီး အခုလက်ရှိလုပ်ဆောင်နေတာထက်
ပိုမိုကြိုးစားနေပါတယ်ဗျာ MSC ညီကိုမောင်နှမများနှင့်ခေါင်းဆောင်များနဲ့အတူ
ရှေ့ဆက်ဆက်ပြီး ခိုင်မာစွာ လက်တွဲကြိုးစားပြီး တစ်နှစ်ပြီးတစ်နှစ်
တွေ့ဆုံပွဲတိုင်း တွေ့ ဆုံကြရင် ပျော်စရာ အချိန်ကို စောင့်မျှော်နေပါတယ်ဗျာ
မကြာခင် အပြည့်အစုံကြေညာပေးပါ့မယ်။
ဟုတ်ကဲ့ အကို ဟင်နရီရေ ကျွန်တော်တို့ အက်မင်များကလည်း MSC လျောက်လှမ်းလာသည့်လမ်းမှာ အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင် ထမ်းဆောင်ခဲ့ကြတာလေးတွေကို ပြန်တွေးရင်း ကြည်နူးရပါတယ်။ အခုလို တစ်နှစ်ပြည့် တွေ့ဆုံပွဲမှာ မန်ဘာများအားလုံးကလည်း ပါဝင်တက်ရောက်ကြပြီး ပျော်ပျော်ပါးပါး နဲ့ လူချင်းတွေ့ကာ ခင်မငိရင်းနှီးမှု ပိုမိုရရှိလာကြကာ ရှေ့ဆက်ကြမည့် MSC ခရီးလမ်းကြီး သာယာဖြောင့်ဖြူးလာမည်ဟု တစ်ထစ်ချ ယုံကြည်နေပါကြောင်းဗျား။
ပျော်ရွှင်စရာကောင်းတဲ့ တွေ့ဆုံပွဲလေး ဖြစ်သွားအောင် ဝိုင်းကြိုးစားကြပါစို့။
မှန်ကန်တဲ့လမ်းကို သွားနေသူတွေအဖို့ အလုံးစုံတော့ မချောမွေ့နိုင်ပါဘူး ကိုဟင်ရေ mscဟာ စည်းကမ်းတကျနဲ့ ရည်ရွယ်ချက်ထားလျှောက်လှမ်းနေတာမို့ ဘယ်လို အခက်အခဲဘဲကြုံဆုံရပါစေ အောင်မြင်စွာဖြတ်သန်းနိုင်မှာပါ။ အခုဆိုရင် ကျမတို့ memberတွေ အပြင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ဆုံခွင့်ရတော့မှာ ဖြစ်တဲ့အတွက် ဒီပွဲကြီး ဖြစ်မြောက်ရေးကို ဦးဆောင်နေကျတဲ့ ကိုဟင်နဲ့ တကွ adminတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ် mscနဲ့ လက်တွဲပြီး ခရီးဆုံး ပန်းတိုင်အထိ လျှောက်လှမ်းသွားချင်ပါတယ်
အစီအစဉ်တွေကိုတော့ ညှိနှိုင်းဆဲပါပဲ။ ဒါပေမယ့် အားလုံး ဆုံနိုင်အောင်ရယ် ပျော်ရွှင်စရာ တွေ့စုံပွဲလေး ဖြစ်သွား အောင် ရယ် admin များနဲ့ ညှိနှိုင်းပြီး အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။
MSC ကို မည်သူတွေ ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ အချိန်တန်ရင် နပိန်ကန်ကုန်ပါလိမ့်မယ်။
STEEMIT မှာ မြန်မာတွေလုပ်တာ MSC ထက် သာတာကို ယနေ့အချိန်အထိ တွေ့လည်းမတွေ့ဖူးပါ ရှိလည်းမရှိပါဘူး။
တွေ့ဆုံပွဲလုပ်ဖြစ်တဲ့အခါ လာချင်ပါတယ် လာနိုင်အောင်လည်း ကြိုးစားပါမယ်အစ်ကိုရေ....
၂ လကြိုတင်ပြီး အကြောင်းကြားမယ် ကိုလင်း။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်အောင် အခုကတည်းက ပြင်ဆင် နေကြပါတယ်။
တွေ့ရမယ့်အချိန်သိရင်တော့ ကြိုတင်ပြင်ဆင်ဦးမယ်။ အရမ်းလာချင်နေတာ ဘဒိုရေ
၂ လ ကြိုတင်ပြီး အကြောင်းကြာပါမယ်။ admin များဘက်က ပြင်ဆင်စရာရှိသလို members များဘက်ကလည်း လုပ်ဆောင်စရာ အချို့ ရှိပါတယ်။ မကြာခင် အသေးစိတ်ဖေါ်ပြပေးပါ့မယ်။
ဟုတ်ကဲ့ပါ ဘဒိုဟင်
အရင်တစ်ခါ တွေ့တုန်းကတောင် ပျော်ရွှင်ကြည်နူးရပါတယ်။
Gathering လူပိုစုံတော့ ပိုပျော်ရမှာပေါ့။
ဆောင်ရွက်ဖွယ်ရာများ အကူအညီပေးရဖို့ မျှော်လင့်ပါတယ်။
Happy Gathering!
ဆောင်ရွက် ဖွယ်ရာကတော့များပါလိမ့်မယ် ကိုဟိန်းရေ... သေချာပေါက် ကိုဟိန်းတို့ အကူအညီလိုအပ်ပါတယ်။
MSC ညီကိုမောင်နှမများနှင့် တွေ့ဆုံဖို့ မစောင့်နိုင်အောင်
ဖြစ်မိပါတယ်ဗျာ....
တွေ့ဆုံပွဲမှာ အားလုံးနဲ့ ဆုံချင်ပါတယ်....
ဟုတ်ကဲ့ပါ။ admin များနဲ့တိုင်ပင်ပြီး အားလုံး အဆင်ပြေအောင် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။
ပျော်စရာကောင်းတဲ့အစီအစဉ်တွေကို ကြိုတင်ရင်ခုန်နေပါပြီ ကိုဟင်
မျော်လင့်ချက်တွေနဲ့ပေါ့။ တကယ်ကို ပျော်စရာကောင်းတဲ့ တွေ့ဆုံပွဲလေး ဖြစ်သွားအောင် ဝိုင်းဝန်းကြိုးစားကြရအောင်။
အတူ ကြိုးစားပါ့မယ်ဗျာ
ရင်ခုန်ပျော်ရွှင်စွာ ခရီးဆက်မှာ
တို့ MSC ပါ
MSCအဖွဲ့ ကြီး ရှေ့ ဆက်မည့်ခရီး
ဖြောင့်ဖြူးသာယာပါစေသတည်း။
ရင်ခုန်ပျော်ရွှင်စွာ ခရီးဆက်မှာတို့ MSC ပါ
ပျော်ရွှင်ဖွယ် တွေ့ဆုံပွဲလေး ။ အားလုံးကို တွေ့ချင် မြင်ချင်ပါတယ် ။
မြင်ရပါစေ့မယ်။ မြင်ရုံမက လက်ဆွဲပါ နှုတ်ဆက်ရပါမယ်။
Togrther at Gathering.
Can't wait. Wana meet
Myanmar SteemFest-2018
မျှော်နေတယ်ကိုဟင် တွေ့ဆုံပွဲရောက်လာမည့်ရက်ကို
အားလုံးလာနိုင်ကြအောင်ကြိုးစားကြမယ်လို့လည်းထင်ပါတယ်
အားလုံးလာနိုင်အောင် ဆောင်ရွက်ပေးပါ့မယ်။ လာသမျှ အဖွဲ့သားအားလုံးလည်း ပျှော်ရွှင်စေရပါမယ်။
onlineမိတ်ဆွေတွေ အပြင်မှာတွေ့ခွင့်ရတော့မှာမို့ ဝမ်းသာပျော်ရွှင်မိပါတယ်ခင်ဗျာ
ဟုတ်ကဲ့ပါ။ admin များနဲ့တိုင်ပင်ပြီး အားလုံး အဆင်ပြေအောင် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီတစ်ခါတော့ လာဖြစ်အောင်လာနိုင်ဖို့ ကြိုးစားရမယ်။
လာဖြစ်အောင်လာခဲ့ပါ အထွေး၊ ၂ လကြိုတင်ပြီး အကြောင်းကြာပါ့မယ်။
အစီအစဉ်တွေကို စိတ်လှုပ်ရှားမှုနှင့်စောင့်နေပါ့မယ်ဗျာ
ဟုတ်ကဲ့ပါ။ admin များနဲ့တိုင်ပင်ပြီး အားလုံး အဆင်ပြေအောင် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။
အားလုံးနဲ့ဆုံချင် လို့ မရောက်ရောက်အောင်လာခဲ့ပါမယ်
ဟုတ်ကဲ့ပါ။ admin များနဲ့တိုင်ပင်ပြီး အားလုံး အဆင်ပြေအောင် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။
ကတည်းက ပေါ်တခါ ပျောက်တလှည့်ြ
စောင့်မျှော်နေပါတယ် ဗျ
My SP is low. But I'm still working hard. Never mind leaving it. Then thinks it is also good to talk to friends.
ဖတ်နေရင်းနဲ့တောင် ပျော်နေမိ
Msc အဖွဲ့သားများကိုအခုလိုစီးစီးလုံးလုံးတွေရတဲ့အတွက်ဝမ်းသာမိပါတယ်
MSCစတင်ဖွဲ့စည်းကာစအချိန်တွေကို ပြန်လွမ်းမိတယ်ဗျာ
ညီတို့လည်း MSC ရဲ့အကိုင်းအခက်တစ်ခုကနေ အစချီပြီးလုပ်ပါ့မ
်ယ်
hello brother you give me a vote please greetings from Venezuela excellent your post @kachinhenry ☆☆☆☆☆
https://steemit.com/cervantes-curacion/@luistoledo/puerto-la-cruz-paseo-colon
MSC သည် စမီးရဲ့အသည်းနှလုးံ😍😍😍