Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်- ၁၀ ( Henry Aung )

in #myanmar7 years ago (edited)

HENRY.jpg

ကျွှန်တော်တင်ပြီးခဲ့သော post တော်တော်များများသည် Myanmar Steemit Newbies များအတွက် လုံလောက်သော ဗဟုသုတကို ရစေမည်ဟု ယုံကြည်ပါသည်။ ကျွှန်တော်တို့ Steemit ကို ဝင်ရောက်လာသည်မှာ ၂ လ ပြည့်တော့မည်ဖြစ်သည်။ အချို့သော အကောင့် ပိုင်ရှင်များက Steemit ပေါ်တွင်လည်လည်ဝယ်ဝယ် ရှိသွားကြပြီ ဖြစ်သော်လည်း များသော အားဖြင့် လူသစ်များမှာ အမှားများနှင့် မကင်းကြသေးပါ။ ကိစ္စမရှိပါ မကြာခင် နားလည်လာကြပါလိမ့်မည်။ ကျွှန်တော်တခု မေတ္တာရပ်ခံလိုသည်မှာ တတ်သိနားလည် နေကြပြီဖြစ်သောသူများမှလည်း လူသစ်များ၏ အမှားများကို ဝေဖန် ထောက်ပြ ပေးစေလိုပါသည်။ အချို့မှာ အားနာ၍ သော်လည်းကောင်း အပြောအဆို ခံရမည်ကို ကြောက်၍ သော်လည်ကောင်း vote သာပေးသွားကြသည်, အမှား များကို ထောက်ပြမသွားကြပါ။ ကျွှန်တော့ မှာလည်း တတ်နိုင်သလောက်တော့ လိုက်လံ ထောက်ပြ အမှားပြင်ဆင်ပေးနေပါသည်။ တဦး တယောက် တည်း လုပ်ဆောင်နေခြင်းထက် အများဖြင့် ဝေဖန် ထောက်ပြကြလျင် အမှားနည်းသော quality post များ ထွက်ပေါ်လာကြမည်ဖြစ်သည်။ ကျွှန်တော် အရင်post များတွင် ဝေဖန် ထောက်ပြခဲ့သည့် အတိုင်း Steemit Platform ပေါ်တွင် ဝင်ရောက်ရေးသားနေသူများမှာ အများအားဖြင့် SBD ရရှိ ရန်ရေးသားနေကြသည်မှန်သော်လည်း အချို့သော original post များမှာ တကယ်ပင်ကောင်းပါသည်။ ကြိုးစား၍ ရေးထားမှန်း သိသာပါသည်။

image.jpg

ထိုကဲ့သို့ post များမှာ voting မရ၍ စိတ်ပျက်နေသူများလည်း ရှိကောင်းရှိနိုင်ပါသည်။ စိတ်မပျက်ပဲ မိမိ တို့ စွမ်းအားရှိသလောက်ကြိုးစားကြစေချင်ပါသည်။ လက်ရှိ မြန်မာ Steemit များတွင်လည်း အထိုက်အလျောက် အောင်မြင်မှုရရှိနေသော အကောင့်များကို တွေ့လာရပြီဖြစ်သည်။ သို့သော် ကျွှန်တော်တို့မှာ ခြေလှမ်း ကြဲကြဲ လှမ်းနိုင်မှ တော်ကာကြမည် ဖြစ်သောကြောင့် အားမပျက်စေလိုပါ။ ဤတွင် ကျွှန်တော် အဘယ့်ကြောင့် Steemit ကို မြန်မာလူငယ်များအား ချပြရသနည်း , အဘယ့်ကြောင့် ဤမျှတိုက်တွန်းနေရသနည်းကို အနည်းငယ် ဝေမျှလိုပါသည်။ကျွှန်တော် Steemit ကို ၂၀၁၆ စက်တင်ဘာတွင် ကိုးရီယား သူငယ်ချင်း၏ အကူအညီဖြင့်စတင်ဝင်ရောက်ခဲ့ပါသည်။ ပုံမှန်အားဖြင့် ကျွှန်တော်မှာ on line မှ ငွေရှာ သော အလုပ်များကိုစိတ်မဝင်စားပါ။ တကယ်ပင် လုံးဝ စိတ်မဝင်စားပါ။ အများသူငှာများပြောကြ၍ လေ့လာကြည့်လျင် deposit အရင်သွင်းပါဆိုသည်နှင့် ပိတ် ပြစ်လေ့ရှိပါသည်။ နောက်တခုမှာ referral ရှာရမည် ဆိုသည်နှင့် sorry ပါ။ ထို့ကြောင့် မိမိ Steemit နှင့် တွေ့သောအခါ ထိုအချက်များဖြင့် ထောက်ရှုကြည့်ပါသည်။ ထို့ ကြာင့် Steemit ကို လေ့လာရင်း သင်ယူ နိုင်ရန် စမ်းသုံးခဲ့ပါသည်။ သုံးကြည့်လေ, လေ့လာလေ ပိုသဘောကျလေသာဖြစ်ပါသည်။ ထိုအချိန်ကာလများတွင် ကျွှန်တော့သူငယ်ချင်းနှင့် ကျွှန်နော့်မှာ အခြားပြောစရာစကားမရှိ Steemit အကြောင်းသာ။ တဆက်တည်းမှာပင် အခြားသော cryptocurrency များကို အငမ်းမရလေ့လာပါတော့သည်။

steemit-share.png

Steemit သည် စိတ်ချရပါ၏လော ဟု မေးလာလျင် ထိုအချိန်က အဖြေမှာ .. စိတ်မချရပါ။ တကမ္ဘာလုံးမှ Steemit account 90000 ခန့်သာရှိသေးသည်။ ယခုတော့ ၅သိန်းကျော်လာပြီဟုသိရသည်။ ထို့ အတူ steem token ၏ ဈေးနှုန်းမှာလည်း 0.30 ခန့်သာရှိပါသည်။ သို့သော် Steemit board အဖွဲ့ ၏လုပ်ဆောင်မှုမှာ အံ့မခန်းပင်ဖြစ်သည်။ တရက်ထက်တရက် Steemit သို့ ဝင်ရောက်လာသော account အသစ်များ တိုး၍သာဝင်ရောက်လာကြသည် လျော့ မသွားပါ။ ထိုအချိန်ကတည်းက Steemit အား မြန်မာလူငယ်များကို မိတ်ဖွဲ့ ပေးရန်ကြိုးစားပါသေးသည်။ သို့သော် မိမိမှာ တကယ်လုပ်ရင် တကယ် ဖြစ်တယ်ဟူသော လက်ဆုပ်လက်ကိုင် ပြစရာ တူတူတန်တန် steem power နှင့် estimates value ပြစရာမရှိခဲ့ပါ။ ဆိုခဲ့သည့် အတိုင်း steem token ၏ ပေါက်ဈေးမှာလည်း အလွန်နည်းပါသည်။ ဤတွင်တခုမေးစရာရှိလာသည်မှာ လက်ရှိအခြေအနေတွင်လည်း Steemit Platform သည် စိတ်ချရပါ၏လောဟု မေးလာလျင် beta version သာရှိသေး၍ အဖြေမှာ စိတ်မချရသေးပါ။ စမ်းသပ်ဆဲ, အမှားပြုပြင် ဆဲကာလသာရှိပါသေးသည်။ သို့ သော် မိမိ အပါအဝင် Steemit ပေါ်သို့ ရောက်ရှိနေကြသူအားလုံး၏ ခံယူချက်မှာ များမကြာမှီတွင် Facebook အားစိတ်ပျက်လာကြသော user များအားလုံး Steemit ပေါ်သို့ ရောက်လာကြမည်ဖြစ်သည်။

image.png

ထို့ကြောင့် Facebook အားယှဉ်ပြိုင်နိုင်သည့် social media မှာ Steemit သာရှိသည်။ tweeter ရှိသော်လည်း Facebook နှင့် ထူးမခြားနာသာ။ လက်ရှိ Steemit Platform ပေါ်တွင်လည်း အဖွဲ့ နှစ်မျိုး ကွဲလျက်ရှိသည်။ လူအများအားလုံးတန်တူ အခွင့်အရေးရနိုင်ရန် ကြိုးစားနေကြသောအဖွဲ့ နှင့် စီးပွားရေးဆန်ဆန် steem power ရှိသူ အချင်းချင်းသာ vote ပေးကြပြီး , အခြားသူ၏ post များတွင် comment ပေးကာ မိမိ comment ကို မိမိ ပြန် vote လုပ်၍ SBD ကို သရဲမရဲစီး ရှာနေကြသူများ ဟူ၍ နှစ်ဖွဲ့ ရှိပါသည်။ သို့သော် မည်သို့ပင်ဆိုစေ Steemit ကတော့ အမှားများကိုပြုပြင်ရင်း , လူသားအားလုံး ကို မိမိ ၏ စည်းကမ်းအောက်တွင်တွဲခေါ်လျက်ရှိပါသည်။ လိုက်သည်မလိုက်သည်ကတော့ မိမိ အပိုင်သာ။ ဆိုခဲ့သည့် အတိုင်း မိမိ ကြိုးစား၍ လက်ရှိအခြေအနေတွင် steem power 6000 စုဆောင်းရရှိခဲ့ပြီဖြစ်သည်။ ဤတွင် အဘယ့်ကြောင့် ရေရှည် ရင်းနှီး မြုပ်နှံသင့်သည် ကို ရှင်းပြပါမည်။ ကျွှန်တော် အရင် post များတွင် ဆိုခဲ့ သည့် အတိုင်း steem power တွင် inflation rate ဟူသော အတိုး နှုန်းရှိပါသည်။ လက်ရှိ မိမိ steem power ၏ အတိုးနှုန်းမှာ အောက်တွင်ပြထားသော ပုံတွင်ကြည့်နိုင်ပါသည်။ လက်ရှိ အချိန်တွင် တလလျင် 17.67 steem ပုံမှန်ရလျက်ရှိပါသည်။ ယနေ့ပေါက်ဈေးဖြင့် တွက်လျင် တလလျင် USD $21 ပုံမှန်ရလျက်ရှိပါသည်။ ဤတွင် ကျွှန်တော် ဆက်၍ ဆောင်းပါများရေးသားနေသဖြင့် steem power များလာသလို အတိုးနှုန်းလည်း များလာမည်သာ။ ထို့ကြောင့် မိမိ ရရှိထားသော SBD များကိုလည်း Steem သာ ပြန်ဝယ်ယူစုဆောင်းပါသည်။ နောင် လေး ငါး နှစ်ဟူသော အချိန်ကာလတခုသို့ ရောက်လျင် , မိမိ steem power မှာ တစ်သိန်း ခန့် , steem token ၏ တန်ဖိုးမှာလည်း USD $10 ဝန်ကျင်ခန့်သို့ ရောက်ရှိနေလျင် မိမိ မှာ မိမိ စိတ်ဝင်စားရာ ဝါသနာပါရာ အလုပ်ကို လုပ်ကိုင်၍ Steemit က မိမိကို အပိုဝင်ငွေရှာပေးနေမည်ဖြစ်သည်။ စိတ်ကူးယဉ်ခြင်းမဟုတ်ပါ။ လက်ရှိ အချိန်တွင် မိမိဝါသနာပါရာ ခရီးသွားရင်း , Steemit ပေါ်တွင်စာရေးရင် ပိုက်ဆံရနေသူများရှိပါသည်။ မိမိဝါသနာပါရာ အလုပ်လည်းရ ပိုက်ဆံလည်းရ။

FRY.png

ထို့ ကြောင့် မိမိ အနေဖြင့် မြန်မာလူငယ်များအား တိုက်တွန်းလိုသည်မှာ ယခုစလုပ်ထားလျင် နောင် အကျိုးများဖို့သာရှိသည်, အကျိုးမယုတ်ပါ။ ဤတွင် Steemit Platform ပေါ်တွင် ပါဝင်ရေးသားကြသော်လည်း vote မရ၍ စိတ်မပျက်ကြရန် ပြောလိုပါသည်။ Steemit အဖွဲ့ အစည်းမှ မိမိတို့ကို အကူအညီပေးနေပါပြီ။ ထို့ကြောင့် အောက်ဖေါ်ပြပါ စည်းမျဉ်း စည်းကမ်း လိုက်နာနိုင်သူများ မိမိ ထံသို့ messenger မှ ဆက်သွယ်နိုင်ပါသည်။ ကျွှန်တော့ messenger account မှာ Kachin Henry aung ဖြစ်ပါသည်။

၁. English လို ဖြစ်စေ, မြန်မာစာဖြင့် ဖြစ်စေ , နှစ်မျိုးလုံးဖြင့် ဖြစ်စေ original content သာရေးသာသူဖြစ်ရမည်။ မိမိ ရေးသားသော ဆောင်းပါးအတွက် ref ယူခွင့်ရှိသည်။ ref ကို အလုံးစုံ copy မကူးပဲ link ချပေးရမည်။

၂. စာလုံးရေး အနည်းဆုံး ၂၀၀ အထက်ရှိရမည်။ မိမိ ဆောင်းပါး ကို ဖြစ်နိုင်လျင် အပိုဒ်ခွဲ၍ copyright လွတ်သော ပုံများဖြင့် တန်ဆာဆင်နိုင်လျင် ပိုကောင်းပါသည်။

၃. မိမိ ရေးသားသောဆောင်းပါး သည်လူမှု အဖွဲ့ အစည်းအား တစုံတရာ အကျိုးရရှိစေနိုင်ရမည်။ ဥပမာ , အနုပညာ ရသ, နည်းပညာ, အတွေးအမြင်, ကျန်းမာရေးအသိပညာ စသည်ဖြင့်

၎. Tag list မှန်ကန်စွာထည့်၍ ဆောင်းပါးအဆုံးတွင် ရေးသားသူ မိမိ ဖြစ်ကြောင်း မိမိ နာမည် ဖေါ်ပြပေးရမည်

၅. မိမိ၏ trade mark အဖြစ် profile ပုံတခုကို ရွေးချယ်ထားနိုင်ရမည်။ ဥပမာ, @mgmgkse , @tinmyoaung .. profile ပုံမှာ မိမိ ပုံသာမက, မိမိကြိုက်ရာ logo အခြားတခုခုအားလည်း ရွေးချယ်န်ုင်သည်။ ဆောင်းပါး ကောင်းမွန်ဖို့သာ အဓိကထားပါသည်။

image.png

အထက်ပါ အချက်များဖြင့် ပြည့်စုံအောင် လိုက်နာနိုင်သူဖြစ်ပါက မိမိ post ကို ကျွှန်တော့ messenger ထဲတွင် link ချပေးလိုက်ပါ။ ကျွှန်တော် လိုအပ်သလို စိစစ်၍ အမှားနည်းအောင် ကြည့်ရှုပေး၍ voting ပေးမည့် အဖွဲ့ အစည်း ထံသို့ တင်ပြပေးပါမည်။ ဤတွင် တခုမှာကြာလိုသည်မှာ SBD မည်မျှရမည်ဟူ၍တော့ အာမမခံနိုင်ပါ။ voting ပေးမည့် အဖွဲ့ အစည်းကလည်း မိမိတို့ မြန်မာများသာ မဟုတ် ယိုးဒယားနှင့် လာအိုတို့ကိုပါ တွဲခေါ်ရမည် ဖြစ်သောကြောင့်။ သို့သော် သေချာသည်ကတော့ ပြားကဏန်းထက်တော့ သာပါမည်။ တစ်ပတ်တွင် နှစ်ရက် သာ promote ပြုလုပ်နိုင်သောကြောင့် ကောင်းမွန်သော ဆောင်းပါးများ ရေးသားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image
Henry Aung ( Kachin )

Sort:  

%#$#$.jpg

Thanks you buddy, with your help ... now i am here....

ကျေးဇူးပါ kachinhenry ရှင့် steemit မှာ ဘာဆိုဘာမှ နား
မလည်ဘဲ ဒီခလုပ် နှိပ်ရင် vote ပေးတာ follow ကတော့
ဒီဟာနှိပ် ဆိုတာလောက် နဲ့ ယောင်ဝါးဝါး လုပ်နေ ခဲ့ တာပါ
ကိုယ်တိုင်လေ့လာရောင်လည်း internet လိုင်းမကောင်း
ဘာသာစကား အားနည်း မူ့ တွေ ကြောင့် အဆင်မပြေပါ
kachinheny ရဲ့ post တွေ ကို ဖတ် ပီးမှ နည်းနည်းနားလည်လာတာပါ အများကြီးလည်း ကျိုးစားရအုံးမယ်
ဘာဘဲ ဖြစ်ဖြစ် ကျေးဇူးပါ လို

အခွင့်အရေး ရနေတုန်း အပြည့်အဝ ယူထားပါလို့ ပြောပါရစေ

Cheer up henry!! :)

Thank you very much Superremnant , from very first day to till now ... without your guys support there is no Kachinhenry

ကျေးဇူးပါ bro!

အခွင့်အရေး ရနေတုန်း အပြည့်အဝ ယူထားပါလို့ ပြောပါရစေ

ဟုတ်ကဲ့ ။ကျေးဇူးပါ bro!

Hello, i live in Thailand but i love Myanmar as well. I would love to read your posts in English language.

hi viktor.... thanks you very much for support... i love to write those moral stories... but meanwhile it is more important to share the technical knowledge about steemit platform to myanmar steemit newbies... once our community is settle down , i will continue my stories....

အမှန်တိုင်းပြောဆို အကိုရေ အားဆေးတခွက်သောက်နေရသလိုမို့ အရမ်းလည်းကျေးဇူးတင်မိပါတယ်

အစ်ကို့ရဲ့ ခရီးသွား အတွေ့အကြုံ ဆောင်းပါ ... အပိုင် ၅ ကနေ ထည့် ပေးမယ် မပူနဲ့ ... စာရင်းလုပ်နေတုန်း.. ဒီနေ့ အလုပ်လုပ် နေရင်း random ရွေးပြီးတင်လိုက်ရတာ... အပိုင်း၅ ပြီးရင် messenger ကိုပို့ထားပေးပါ

ဟုတ်ကဲ့ ဟုတ်ကဲ့

ကျေးဇူးတင်ပါတယ် ကိုkachinhenry. ကို kachinhenry facebook messenger ကိုပြေားတာလာ ဒါမှမဟုတ် steemit chat ကို ပြေားတာလာ အခွင့်ရေးရတုန်းယူထားချင်လိုပါအကို့ကျေးဇူးနဲ အကိုလိုလူတစ်ယောက် ကျွန်တော်တို့ဘာမှမတက်တဲ့လူတွေကို လက်တွဲခေါ်မယ်ဆိုတော့ အရမ်းဝမ်းသာပါတယ် ကျွန်တော်တို့ဘက်ကလည်း
တက်နိုင်သလောက်ကြိုးစားပါမယ်
မြန်မာများအတွက်steemit မှာ တင်သမျှpostတိုင်းအတွက်ကျေးဇူးတင်ပါတယ်

Steemit chat ထဲပို့ထားရင်လည်း ရပါတယ်, ကျွှန်တော်ကြည့်ပြီးလမ်းညွန်ပေးပါမယ်

ဝမ်းသာစရာသတင်းပါ အကို ။ ကျနော် လဲ အစ ပထမမှာ အမှားများစွာ တွေ့ခဲ့ရပါတယ် ။ ကျနော့် အမှားတေကို ပြုပြင် ပြောင်းလဲ ပီး ကိုယ်ပိုင် အတွေး အရေး တွေကိုပဲ လုပ်ပါတော့တယ် ။ vote မရတာတော့ နဲနဲ စိတ်အားငယ်တာပေါ့ဗျာ ။ ဒါပေမယ့် copy ကိုတော့ စွန့်လွှတ်လိုက်ပါပီ ။ ရှက်လို့ပါ။ အခုရေးနေတာ ဆောင်းပါး ၃ ပုဒ်လောက်ရှိပါတယ် အပီးမသတ်ရသေးပါ။ ref ယူပီး ဆီလျော်အောင် ရေးထားပါတယ် ။ ref ယူရေးထားတာဆိုတော့ အဆင်ပြေပါ့မလားဗျာ။

အဆင်ပြေပါတယ်, ရေုးပြီးသွားရင် ကျွှန်တော့ messenger ထဲကိုပို့လိုက်ပါ။ ကျွှန်တော်လမ်းညွန်ပေးပါ့မယ်။

ဟုတ်အကို ။ ဆက်သွယ်ပါ့မယ် ။ အရမ်းအားရှိပါတယ် ။ ကျနော်တို့လို လမ်းပျောက်နေတဲ့ လူသစ်တွေအတွက်ကော မြန်မာ လူငယ်များအားလုံးအတွက် စေတနာထား အပင်ပန်းခံ လမ်းပြဆောင်ရွက်ပေးနေတဲ့ အကို့ကျေးဇူး ၊ စေတနာ များကို အထူး ကျေးဇူးတင်ပါတယ် ဗျာ ။ အခု ကွန်မန့်ကို အကို vote မပြန်ပါနဲ့ဗျာ တန်ဘိုးရှိတဲ့ အကို့ power တေလျော့ကုန်ပါမယ်။

ကိစ္စမရှိပါဘူး ညီလေး .. ဒါဟာ Steemit ယဉ်ကျေးမှုပါ။

thinks

ကျွန်​​တော်​တို့လို ဗဟုသုတနည်းတဲ့သူ​တွေအတွက်
အင်​အားတစ်​ခုပါပဲ အစ်​ကို @kackinhenry ​ရေ
ကျေးဇူးတင်​ ဝမ်း​မြောက်​မိပါတယ်​​ဗျာ

ဒီအခွင့်အရေးကို လက်လွတ်မခံဖို့ အကြံပြုပါရစေ

ဟုတ်​bro,thank you

ကျေးဇူးပါ brother
profile picture မတင်တတ်သေးလို့ ကူညီပေးစေချင်ပါတယ်

Messenger ကိုလာခဲ့ပါ.. ရှင်းပြပေးပါ့မယ်

ကျွန်တော် တို လို့ခုမှ steemit သုံးတဲ့လူတွေ အတွက် စဉ်းစားပေးတာ ကျေးဇူးပါဗျာ

အခွင့်အရေး ရနေတုန်း အပြည့်အဝ ယူထားပါလို့ ပြောပါရစေ

Upvoted and RESTEEMED!

thanks you very much for your support...

ကျေးဇူးတင်ပါတယ်ခင်ဗျာ Resteem လုပ်လိုက်ပါသည်ခင်ဗျာ

That is absolutely great.
Thank a lot bro for your sharing knowledge and guide line.

Don't miss this chance ... prepare yourself with original content .... cheer

အလွန်ကောင်းမွန်သော အားပေးကူညီမှုဖြစ်သလို ကြိုးစားပေးတဲ့ စေတနာထားမှုကိုလည်း myanmar syeemit users တွေကိုယ်စား ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်။ ဆာရဲ့ စေတနာမှန်တဲ့ ကြိုးစားအားထုတ်မှုတွေ အောင်မြင်ပါစေ ဆာ။

မြန်မာလူငယ်တွေ နောင် တချိန်မှာ e wallet ကိုယ်စီနဲ့ SBD သုံးနိုင်တဲ့ အနေအထားရောက်အောင် ကြိုးစားနေခြင်းပါ။

steemit ကိုမိတ်ဆက်ပေးခဲ့တဲ့အတွက်ရော လမ်းပြပေးခဲ့တဲ့အတွက်ရော အကူအညီများစွာပေးခဲ့တဲ့အတွက်ပါကျေးဇူးအထူးတင်ပါတယ်အကို Faq ကိုတောင် နားလည်အောင်အောင်မဖတ်နိုင်တဲ့ကျွှန်တော်တို့အတွက် post တွေနဲ့ လမ်းပြပေးတဲ့ ကျွှန်တော်တို့ ဆရာဆိုလည်းမမှားပါဘူး ကျွှန်တော်တို့လည်းတတ်နိုင်သလောက်ကြိုးစားနေပါတယ်ဗျာ

thanks for sharing info.

ဒီနေ့မှသက်တမ်းတစ်လပြည့်တာပါ၊ တစ်ခါတစ်လေစိတ်ပျက်မိပေမဲ့အခုလိုရေးရတာတွေလဲဝါသနာပါတော့သဘောကျပါတယ်၊ ပိုက်ဆံသိပ်မရသေးပေမဲ့ကိုယ်ရေးထားတာတွေသဘောကျတာတွေ့ရရင်ပီတိဖြစ်ရတယ်။

SBDမရလို့ စိတ်ဓာတ်ကျတိုင်း အကိုစကားတွေသာ နားထဲ ကြားနေပါတော့တယ်။ဒါပေမယ့် အကိုရယ် ကျွန်တော်မှာ လျှောက်လက်စ ပညာရေးလမ်းက မဆုံးသေးတော့ ဖိအားကလည်း ရှိနေပြန်တယ်။ကျွန်တော်သာ ဝေခွဲမရဖြစ်နေတဲ့အခါ အကို ခေါ်ဆောင်ရာလမ်းသို့ မျက်စိစုံမှိတ် တိုးဝင်ချင်စိတ်သာ ရှိနေပါတယ်။ လမ်းပြခေါ်ဆောင်လာတာကို အရမ်းကျေးဇူးတင်မိပါတယ်။တစ်ချိန်ကျရင် ကျေးဇူး ဆပ်နိုင်တဲ့ လူလည်း ဖြစ်ချင်ပါသေးတယ်။ကူညီပေးတဲ့အကိုကို အထူး လေးစား အားကျနေပါကြောင်းပြောချင်ပါတယ်။

Great work. I think it'll be very helpful to myanmar steemit users.

Thank you for your share :)

Makasih atas informasi yang anda berikan @kachinhenry, postingan @steemit anda sangat berguna bagi semua pembaca @steemit yang memahami nya, dan jujur saja saya bingung dengan tulisan anda, karena semua huruf tak dapat saya pahami dengan baik dan jelas @kachinhenry, sekiranya kita dapat berkerja sama dengan baik dalam hal upvote, follow and resteem @steemit, hal yang sangat menarik ketika kita ingin mempunyai kawan yang lebih banyak yang bisa berkerja sama satu misi dan tujuan, trimakasih

Salam KSI @steemitaceh @steemitindonesia

image