မိသားစု မြုံရိပ်လေး

in #myanmar8 years ago

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေဗျား ဘာလိုလိုနဲ့ pro ရက်ကိုတောင် ရောက်ခဲ့ပါပြီ ကျနော်လဲ ဘာရေးလို့ ရေးရဦးမယ်မှန်းမသိဘူးဗျား ဒါပေမယ့် ကျနော့အဘွား အကြောင်းလေး ရေးလိုက်ပါအူးမယ် ကျနော့အဖွားမှာ ငယ်စဉ်က အသက် လေးနှစ်မှာ သူ့အမေ ဆုံးပါးသွားတော့ အဖေနဲ့ ကြီးပျင်းခဲ့ရတာပေါ့ အဖွားရဲ့ အထက်မှာ မွေးချင်းတစ်ယောက် ရှိပါတယ် သူက အကိုကြီးပေါ့ ဒီလိုနဲ့ အဖေရယ် အကိုရယ်ရယ် ကျနော့ အဖွားရယ် ဆိုပြီး မိသားစု သုံးယောက်ဟာ မိုးတားကြီးဆိုတဲ့ ရွှာလေးမှာ နေထိုင်ခဲ့ပါတယ် ။

image

တောသူတောင်သားဆိုတော့ လယ်လုပ် အခင်းလုပ် အတတ်ပညာ တတ်ကျွမ်းပေမယ့်လည်း ကိုယ်ပိုင်လယ်ကမရှိ ကိုယ်ပိုင်အခင်းက မရှိနဲ့ဆိုတော့ သူများဆီမှာ လယ်အငှါးစိုက် မြစ်ချောင်းအင်းအိုင်မှာ ငါးရှာ ပြီးအသက်မွေးဝမ်းကျောင်းပြု ခဲ့ရတာပေါ့ ဒီလိုနဲ့ ကျနော့အဖွားဟာ အတန်းကျောင်းပညာကို သုံးတန်းအထိဘဲ သင်ကြားကာ ရေးတတ်ဖတ်တတ်ရင် အဆင်ပြေပါပြီ ဆိုပြီး ကျောင်းထွက်ကာ ကြုံရာကျပန်းအလုပ်ကို ဝင်လုပ်ပြီး မိသားစု အတွက် ဝင်ငွေရအောင် တစ်ဖက်တစ်လမ်းကနေ ရှာတာပေါ့ဗျား ။

အဖွားငယ်စဉ်က လှေကားပေါ်ကနေလိမ့်ကျပြီး နားအုံကွဲကာ နားတစ်မကြားရတော့ဘူးဖြစ်နေတာပေါ့ အဖွားရဲ့အဖေက ကျနော့အဖွားကို အရမ်းချစ်တယ်ဆိုပြီး ပြောပြော ပြ တတ် ပါတယ် အဖွားအပျိုပေါက် ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်ရောက်တော့ ငါ့သမီးက နားလေးတော့ ယောက်ျားရကော ရနိုင်ပါ့မလားလို့ စိတ်ပူပေးရှာသတဲ့ ဒီလိုနဲ့ အဖွားယောက်ျားမရခင် မှာဘဲ အဖွားရဲ့ အဖေဟာ ဆုံးပါးသွားခဲ့ပါတယ် အဖွားရဲ့အဖေ ဆုံးပြီးတော့ အဖွားရဲ့ အကိုနဲ့ အတူ မောင်နှမ နှစ်ယောက်ထဲ နေထိုင်လာခဲ့ရာ နှစ်အနည်းငယ် ကြာလာတော့ အဖွားရဲ့ အကိုကလည်း အိမ်ထောင် ပြုသွားတာပေါ့ ။

image

ဒါနဲ့ အဖွားလည်း ယောက်မရယ် အကိုရယ် ကျနော့ အဖွားရယ် ဆိုပြီး မိသားစု သုံးယောက်နဲ့ အတူနေထိုင်ပါတယ် တစ်နေ့သော မိုးရာသီမှာ တစ်ခြားရွာကိုသွားပြီး လယ်သွားစိုက်ရာကနေ ထိုရွာက လူနဲ့ ချစ်ကြိုက်ပြီး အိမ်ထောင်ပြုလိုက်ပါတယ် အိမ်ထောင်ကျပြီး အဖွားရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေလေးကို စွန့်ခွါပြီး ယောင်နှောက်ဆံထုံးပါ ဆိုတဲ့အတိုင်း ကျနော့ အဖိုးရဲ့ ရွာလေးကို ပြောင်းရွှေ့နေထိုင်ရပါတယ် ဒီလိုနဲ့ နှစ်အနည်းငယ် ကြာလာတော့ သားတစ်ယောက် သမီးလေးယောက် ထွန်းကားလာပါတယ် ထိုမိသားစု ခွန်နှစ်ယောက်နဲ့ အတူ ဘဝကို ရှုန်းကန်ရင်း အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့ကာ အခုဆိုရင် သားကတော့ မရှိတော့ပါဘူး ယောက်ျားလဲ ဆုံးပါးသွားခဲ့ပါပြီ သမီးတွေကဘည်း ကိုယ်စီကိုယ်စီ အိမ်ထောင်ကျကာ မြေးတွေ တင်မကဘဲ မြစ်လေးယောက်တောင် ရနေချိန်မှာတော့ အဖွားအသက်ဟာ အခုဆိုရင် ရှစ်ဆယ့်ငါးနှစ်ပြည့်ခဲ့ပါပြီ ။

image

အသက်ရှစ်ဆယ့်ငါးနှစ် ဆိုပေမယ့် အဖွားဟာ ကျန်းကျန်းမာမာနဲ့ သွားလာနေနိုင်ပါသေးတယ် အဖွားကို အိမ်ထဲမှာဘဲနေပါလို့ ကနော်တို့ဆို အမြဲတားယူရပါတယ် အာ့လိုတားနေတဲ့ အထဲကဆို အိမ်ကနေ ဈေးကို တစ်ရက်ကို အနည်းဆုံး ငါးခေါက်ကတော့ သွားနေဆဲပါ ထိုသို့သွားရာတွင်လည်း အိမ်ကလူလစ်ရင် လစ်သလို သွားတာပါ ကျနော်ကတော့ အဖွားအပြင်ထွက်လို့ ဆိုင်ကယ်တိုက်ထားမယ် အဖွားက နားသိပ်ကြားတာမဟုတ်ဘူး ကြီးကြီးသိရင် ဆူထားမယ်လို့ ပြောလိုက်ရင် လမ်းကို ဟိုဘက်ဒီဘက်ကြည့်ပီး ဆိုင်ကယ်ရှင်း ကားရှင်းမှ လမ်းဖြတ်တာပါတဲ့ စိတ်မပူပါနဲ့ လိုပြန်ပြန်ပြောလေ့ရှိတယ် ဘယ်လိုဘဲ ဖြစ်ဖြစ်ပါလေ အခုခေတ်က ဆိုင်ကယ်ပေါ်တက်ခွလိုက်ရင် ခေတ်ကာလသားတွေက မိုးမမြင်လေမမြင်လေတော့ စိုးရိမ်ရတာပေါ့ အဖွားရယ်လို့ ပြောလိုက်ရင် ကျနော့ကို စိုက်ကြည့်ကာ ပြုံးနေမြဲ အခုလိုအဖွားရဲ့ အသက်ရှစ်ဆယ့်ငါးနှစ်မှသည် နောင်နှစ်ပေါင်းများစွာအထိ ကျန်းကျန်းမာမာနဲ့ ရှိပါစေလို့ ဆုတောင်းရင်း ဤမျှနှင့် နားပါအူးမည်ဗျား ။
credit;google image &facebook
ရွှင်လန်းချမ်းမြေ့ကြပါစေ
khayae
MSC - 079

Sort:  

အင်း မှန်​တယ်​ ဦးဇင်း ယခု​ခေတ်​လူငယ်​​တွေက ဆိုင်​ကယ်​​ပေါ်​ရောက်​ရင်​ မိုးမမြင်​​လေမမြင်​တာက ခပ်​များ

ဟုတ်တယ်ကိုနန္ဒရေ အာ့ကြောင့် အဖွားကို စိတ်ပူတာ

ဟုတ်တယ် ဦးဇင်း
ဒီခေတ်ထဲမှာ ဆိုင်ကယ်က လူသူမရွေးစီးနေကြတာ
ငယ်ရွယ်တဲ့လူငယ်တောင် ဆိုင်ကယ်တစီးနဲ့ ဘွားခနဲ တိုက်မလိုလိုဖြစ်လာရင် အမြန်ရှောင်သိမ်းရခက်တားးး
အဖွားတွက် အန္တရာယ် ရှိနိုင်တယ်

အသက်ကြီးလာရင် ကလေးပြန်ဖြစ်တယ်ဆိုတာ တကယ်ပါပဲလား

ဟုတ်တယ်ဗျား ကိုယ်တေကလည်း စိုးရိမ်နေရတာဗျ သူများတွေ လာပြောရင်ကို သည်းထိတ်ရင်ဖို

အဖွားက အသက်ကြီးပြီဆိုတော့ ဂရုစိုက်ပါဘုရား တပည့်တော်အဖွားကိုလဲ အဝေးကဘဲ ဂရုစိုက်နိုင်တာပါဘုရား

ဟုတ်ကဲ့ အဖွားကိုတော့ ဦးစားပေး ကရုစိုက်ပါတယ်ဗျ ကျေးဇူးပါဗျ

ဂရုစိုက်တာကောင်းပါတယ်ဘရာ့
အဲ့ဒီလို နားစည်ကွဲသွားရင် ဆေးပြန်ကုလို့မရတော့တာလားဘုရာ့

ဟုတ်ပါတယ် ဆေးကုလို့မရတော့ပါဘူးဗျ တဖက်နားကတော့ ကြားရပါသေးတယ်ဗျ

ဟုတ်​တယ်​ဗျ အသက်​ကြီးလာတဲ့လူကြီး​တွေက ​ပြောရခက်​တယ်​၊ ကြီး​တော့ဆူပြန်​ရင်​လည်း ကိုယ်​ပဲငရဲကြီးမယ်​။ လွတ်​ထားရင်​လည်းစိတ်​ပူရတယ်​။ ဟိဟိ

ဟုတ်တယ်ဆို

ဒီအရွယ်အထိ သက်ရှည်ကျန်းမာတာ အဖွားအတွက် နည်းတဲ့ကုသိုလ်လားဗျာ ဆက်လက်ကုသိုလ်ပြုနိုင်သွားပြီ

ဟုတ်ပါတယ်ဗျ အဖွားက ကျနော်တို့ ငယ်လေးကတည်းက ဘုရားဝတ်ပြု နေတာ အခုချိန်ထက်ထိပါဘဲ ကုသိုလ်ကောင်းမှုလဲ နေ့တိုင်းလုပ်ပါတယ် ဥပုသ်နေ့တိုင်းလည်း ဥပုသ်စောင့်တယ် ငယ်မူမပြန်သေးဘူးဗျ သတိလည်းကောင်းတယ်

လူကြီးမိဘ ဘိုးဘွားတို့ကို ဂရုစိုက်တာ ကောင်းပါတယ် ဘုရား။
သာဓု သာဓု သာဓု။

ဟုတ်ကဲ့ ကျေးဇူးပါဗျ

အသက်ကြီးတဲ့သူတွေက စိတ်ဓာတ်ပြင်းတယ် လုပ်ချင်တာကို လုပ်ရမှ

ဟုတ်တယ် သူတို့လုပ်ချင်တာ စွတ်လုပ်ရမှ မလုပ်ရင် ပတ်ရမ်းတော့တာ

လမ်းတွေဖြတ်ကူးရင် ဘေးနားကမြေးတစ်ယောက်လောက် အဖော်ပါတာ ပိုကောင်းမယ်ထင်တယ် ဘရား။

အိမ်ကလူတွေ မသိအောင် ခိုးခိုးထွက်သွားတာ တကယ့်စံဘဲ

အဲ့လဲ့ အဖိုးနဲ့အဖွား အဲ့မှာ စ​တွေ့တာပဲ ခွိခွိခွိ

ဖူးစာရေး မျက်စိလည်လာတာ ဟိဟိ

Congratulations! This post has been upvoted from the communal account, @minnowsupport, by khayae from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လှုပ်လှုပ်ရှားရှား တကုပ်ကုပ်လုပ်နေမှလဲ လူကြီးတွေက အသက်ရှည်တာပါ ဘုရား

ဟုတ်ပါတယ်ဗျ ဆိုရိုးတောင် ရှိပါသေးတယ် အသက်ကြီးလာရင် နွားလိုသောက် မျောက်လိုနေ ကြောင်လိုစားတဲ့ဗျ

မှတ်​သားရပါတယ်​ခင်​ဗျ

ဟုတ်ပါတယ် ကျွန်တော်အိမ်ဘေးက အဘွားတစ်ယောက်
အခုစာထဲက အတိုင်းပဲ အသက်က 90 ပြည့်တော့မယ်
အခုချိန်ထိ သွားနိုင်လာနိုင်သေတယ်ဗျ
ဦးဇင်းရဲ့ အဘွား သက်တော်ရှည်ပြီး ကျန်းမာစွာနေရပါစေ
လို ဆုတောင်းပေးပါတယ်ဗျာ

ပို့သသော မေတ္တာနဲ့ ကျနော့အဖွား ပြည့်ပါစေဗျား

မှန်ပါတယ်ဘုရား၊ အဖွားကို သတိပေးထားတာတော်ပါပေတယ်၊ ခုကမလွယ်ဘူး ကြီးသူငယ်သူ သိပ်နားလည်ကြတာမဟုတ်ဘူး။

ဟုတ်ပါတယ်ဗျ

ဆိုင်ကယ်စီးရတာလဲ
ကိုကမှန်ပေမယ့်ဝင်အတိုက်ခံရတော့ ခြေတစ်ချေင်းကျိုးရတာ
ကိုယ်တွေ့ဆိုတော့ကြောက်ကိုနေပြီဗျ

လမ်းသွားရင် အဲ့ဒါကြောက်ရတယ်ဗျ ဇွတ်ကြီးမောင်းလာတော့ ရှောင်ရမလို မရှောင်ရမလိုနဲ့ အခက်ဗျ

ဆရာလင်ူသိုက်ညွန့်ပြောဖူးပါတယ်ဘုရား
လူငယ်တွေကလူကြီးတွေကိုခွင့်လွှတ်ရမယ့်နိုင်ငံက
တပည့်တော်တို့နိုင်ငံပါဘုရား

ဟုတ်ပါတယ်ဗျ ကိုယ်လည်းနောင်တချိန် သူတို့လို အသက်ကြီးလာမှာဆိုတော့ ခွင့်လွှတ်နေမြဲပါ စိုးရိမ်စိတ်လေးဘဲ ထားတာပါ ကိုယ့်အလှည့်ကျရင် ဝဋ်လည်မှာအကြောက်ဆုံးဘဲဗျ

ကျန်တော့်အဖိုးလည်း အသက် 90 ရှိပြီ ဈေးသွားနေတုန်းပဲဘဒို တူတူပဲ

ဟုတ်ကဲ့ အဖိုးတွေ အဖွားတွေ ကံကောင်းကြပါတယ်ဗျ ကျနော့အဖွားကိုဆို ဈေးကနေ ဆိုင်ကယ်နဲ့ အိမ်လိုက်ပို့ပေးကြတဲ့လူတွေကလည်း ရှိတယ်ဗျ ဆိုင်ကယ်စီးရင် ပျော်နေတာ အဖွားက

ခု​ခေတ်​ကလူ​တွေ​တော်​​တော်​များများကဆိုင်​ကယ်​ကား​တွေ​မောင်းတာ​ဗရမ်း​ဗတာတစ်​အား​မောင်းကျတယ်​​ဗျာ​တော်​​တော်​​လေးကိုဂရုစိုက်​မှရမယ်​​ဗျာ

ဟုတ်တယ်ဗျ ဂရုစိုက်နေသော်လည်း အိမ်ကလူတွေ အခြေအနေ ကြည့်ပီး လူလစ်ရင် အိမ်ကနေ ထွက်တော့တာဘဲဗျား

အဖွားအသက်ရှည်ပါစေ ..ကျန်းမာပါစေ ဘုရား

ပို့သသော မေတ္တာနဲ့ ကျနော့အဖွား ပြည့်ပါစေဗျား