လူဆိုတာ ငယ်ရွယ်တဲ့အချိန်မှာ တော်တယ် ညံ့တယ်ဆိုတာ သိပ်အရေးကြီးတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အသက်ကြီးလေလေ တော်လေလေဖြစ်ဖို့ကသာ အဓိကပါ။ ကိုယ် ဝါသနာပါတယ့်အလုပ်၊ ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကို လုပ်ခွင့်ရတဲ့သူတိုင်းက သူတို့အလုပ်အပေါ် အပြည့်အဝယုံကြည်တယ် စေတနာထားပြီးလုပ်တယ် အဲ့တော့ အသက်ကြီးလာလေ သူတို့သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်တဲ့သူတွေ ဖြစ်လာလေပဲပေါ့။ ဒီတော့ ဘဝနဲ့ရင်းပြီး ရွေးချယ်ကြတယ့်အခါ ကိုယ်ဝါသနာပါတဲ့အလုပ်၊ ကိုယ်လုပ်ချင်အလုပ်ကိုသာ ရွေးချယ်စေချင်ပါတယ်။ (မကောင်းတဲ့အလုပ်တော့ မလုပ်နဲ့ပေါ့)
မိဘတွေဟာ သူတို့သားသမီးတွေကို ချစ်ကြတယ် အခြားသူတွေထက်သာစေချင်။ အဲ့ဒီတော့ ပညာတွေ သင်။ပိုက်ဆံအကုန်ခံပြီး ကျူ ရှင်တွေ ဘော်ဒါတွေထားပေးကြတယ်။ပြီးရင်တော့ အင်ဂျင်နီယာဖြစ်ရမယ် ဆရာဝန်ဖြစ်ရမယ် ဆယ်တန်းအောင်ရမယ် စသဖြင့် မိဘတွေဖြစ်ချင်တဲ့ ဆန္ဒတွေကို သားသမီးတွေ ပခုံးပေါ် တာဝန်ကြီးတစ်ခုအဖြစ် လွှဲပေးလိုက်တယ်။
သားသမီးတွေကလည်း သူတို့ဝါသနာပါတဲ့အရာတွေ စိတ်ဝင်စားတဲ့အလုပ်တွေထက် မိဘတွေ ဆန္ဒအတိုင်းကြိုးစားပြီး လုပ်ပေးရှာတာပေါ့။ လူဆိုတာ ကြိုးစားတိုင်း အောင်မြင်ချင်မှ အောင်မြင်တာပါ။ အောင်မြင်တဲ့သူတိုင်းကတော့ ကြိုးစားခဲ့ပါတယ်။ ကိုယ်စိတ်မဝင်စားတဲ့ ဝါသနာမပါတယ့် ဘယ်အလုပ်ကိုမဆို ဘယ်လောက်ပဲကြိုးစားလုပ်လုပ် အောင်မြင်မှုနဲ့ ဝေးကွာနေမှာပဲလေ။
မိဘဆန္ဒကို မလွန်ဆန်နိုင်လို့ သူတို့ စိတ်မဝင်စားတဲ့ အလုပ်တာဝန်ကိုယူထားရတယ် ခလေးတွေဟာ ဘယ်လိုလုပ်ပြီးအောင်မြင်နိုင်မှာလဲ။
မိဘတွေရဲ့ အတ္တနဲ့ဆန္ဒတွေကို သားသမီးတွေ ပခုံးထက်မှာထမ်းရင်း
သူတို့ဖြစ်ချင်တာလည်းဖြစ်ခွင့်မရ မိဘတွေဖြစ်ချင်တာလည်း လုပ်မပေးနိုင်တော့ လောကအလယ်မှာ သူများတွေထက် နောက်ကျသူတွေဖြစ်ကုန်ရောပေါ့။
ဒီခေတ်ထဲ ဆယ်တန်းအောင်တယ်ဆိုတာ လူငယ် ဆယ်ကျော်သက်တွေအတွက်တော့ မဟာလွတ်မြောက်မှုကြီးပေါ့ဗျာ။ ဆယ်တန်းအောင်ပြီဆိုတာနဲ့ ရွေးချယ်စရာတွေ အများကြီးရှိလာပြီ။ တက္ကသိုလ်ပေါင်းစုံ ဘာသာရပ်ပေါင်းစုံ နည်းပညာပေါင်းစုံကို စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်ပါတယ်။ ပညာရပ်တိုင်းဟာ အနည်းနဲ့အများ ကွာခြားနိုင်ပေမယ့် သူဟာနဲ့သူ တန်ဖိုးရှိကြပါတယ်။ ဘာသာရပ်တွေ ရွေးချယ်တက်ရောက်ရာမှာ ကိုယ်ဝါသနာပါတာကိုပဲရွေးသင့်ပါတယ်။ မိဘတွေကလည်း ကိုယ်သားသမီး စိတ်ဝင်စားတယ့် ပညာရပ်ကိုသာ သင်ယူဖို့ အခွင့်အလမ်းတွေ ပေးသင့်ပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တလွဲတချော် အောင်မြင်မှုတွေရနေတယ့် သူတွေ မိတ်ဆွေတို့ တွေဖူးကြမှာပါ။ တချို့ဆို ဆရာဝန်ဖြစ်ပြီး ဆေးမကုတဲ့ ဆရာဝန်တွေ အများကြီးပဲ။ ဆရာဝန် ကျောက်ပွဲစား၊ ဆရာဝန်စက်မှုပညာရှင်၊ ဆရာဝန်စာရေးဆရာ၊ ဆရာဝန်အနုပညာရှင် ချစ်သုဝေတို့ဘာတို့ပေါ့😁။ အဲ့လိုပဲ စက်မှုတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး စက်မှုနဲ့ အသက်မမွေးသူတွေ အများကြီး။ ဥပဒေဘွဲ့ရပြီး ဥပဒေပညာရပ်နဲ့ ရပ်တည်သူ အတော်ရှားတယ်။ စီးပွားရေးဘွဲ့ရပြီး ဘဝကို အဆင်ပြေသလို ဖြတ်သန်းနေတယ့်သူတွေလည်း အများကြီးပါ။ မိဘတွန်းအားကြောင့် မိဘဖြစ်ချင်တာကို လုပ်ပေးတယ်။ပြီးတော့မှ ကိုယ်ဖြစ်ချင်တာကို ဇွတ်လုပ်တယ်။ ဒီလိုနဲ့ ဘွမှာ အလွဲတွေ အလွဲတွေ အများကြီးပေါ့။
မြန်မာပြည်မှာ အရိုးစွဲနေတယ့် အယူအဆ တစ်ခုက အမှတ်ကောင်းရင် ဆေးကျောင်း။ ဆေးပညာလိုပဲ အခြားပညာရပ်တွေကလည်း အရေးကြီးပါတယ်။သူနေရာနဲ့သူ အသုံးတည့်တာပါပဲ။ ဒါကြောင့် ကိုယ်ရင်းနှီး စိုက်ထုတ်မှုနဲ့ တလွဲတချော် မဖြစ်ရလေအောင် ဝါသနာပါတာ စိတ်ဝင်စားတာကို ရွေးပြီးတက်ရောက်သင့်ပါတယ်။ ရွေးချယ်တာမှန်မှ ကြိုးစားတာလည်း အဓိပ္ပါယ်ရှိပါပေါ့။
တန်ဖိုးရှိတယ့် လူတယ်ယောက်ဟာ ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်မှ လူရာဝင်တာမဟုတ်ပါဘူး။
လူတစ်ယောက် တန်ဖိုးရှိ မရှိ ဆိုတာ......
အမှတ်နည်းတာ များတာနဲ့လည်းမဆိုင်ဘူး
ဘယ်သူသားသမီး ဖြစ်တယ် မဖြစ်တယ် ဆိုတာလည်း အရေးမကြီးဘူး
ဆင်းရဲတာ၊ ချမ်းသာတာနဲ့လည်း မဆိုင်ဘူး
ဘယ်လို မွေးလာသလဲဆိုတာ အရေးမကြီးသလို ဘယ်လို သေဆုံးသွားသလဲ ဆိုတာနဲ့လည်း မဆိုင်ဘူး
တန်ဖိုးရှိတဲ့ သူတစ်ယောက်ဟာ....
မိမိ အသက်ရှင်နေချိန်မှာ မိမိဝါသနာပါတဲ့ အလုပ်ကို ထူးချွန်ထက်မြက်အောင်လုပ်ဆောင်ပြီး လူသားအကျိုး ဘယ်လောက်သယ်ပိုးခဲ့သလဲ၊ ဘယ်လို နေထိုင်ခဲ့သလဲ၊လောကအတွက် ဘာတွေ ချန်ရစ်ထားခဲ့သလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်ပါတယ်။
ဒါကြောင့် အောင်မြင်ဖို့ထက် တန်ဖိုးရှိတယ့်သူတစ်ယောက် ဖြစ်အောင်ကြိုးစားနေထိုင်ကြပါ။
ALBERT EINSTEIN ပြောခဲ့တာ စကားလေး နဲ့ နိဂုံးချုပ်ပါရစေ.......
"Try to become not a man of Success,
but try rather to become a man of Value.
Steemit ညီအကိုအပေါင်းတို့ ကိုယ်ဝါသနာပါတာ ရွေးချယ်လုပ်ကိုင်ပြီး သက်ဆိုင်ရာနယ်ပယ် အသီးသီးမှာ ထူးချွန်အောင်မြင်သူတွေ ဖြစ်နိုင်ကြပါစေ
ရေးသားသူ -kodolay
ဦးဘုန်းဓာတုရေးသားတဲ့ ဆောင်းပါးတိုလေးကို မှီညှမ်းရေးသားထားပါတယ်။
Good post. ကျနော်လဲ ဦးဘုန်း ဓါတု စာတွေဖတ်ဖူးတယ်။ ကိုယ်ပိုင် လေးတွေ ရေးပါအုန်းလို့ တိုက်တွန်းပါတယ်။
ဟုတ်ကဲ့ ဆရာ
Nice