ကျေးဇူးတင်​လွှာ

in #myanmar6 years ago (edited)

20180516_170021.jpg
Myanmar Steemit မှ ညီအစ်​ကို ​မောင်​နှမများ အားလုံးကို မင်္ဂလာပါလို့ နှုတ်​ခွန်းဆက်​သရင်း ပထမဦးစွာ ဂါရဝပြုပါတယ်​ခင်​ဗျာ...

ဒီ​နေ့က​တော့ ကျ​နော့်​အတွက်​ မ​မျှော်​လင့်​ထားတဲ့ အရာ​တွေကို ကြုံခဲ့ရလို့ ​အရမ်းကို ဝမ်းသာပီတိဖြစ်​မိပါတယ်​ခင်​ဗျာ..

ဒီ​နေ့ ကျ​နော့်​အ​ဖေအတွက်​ ​ငွေပို့​ပေးနိုင်​ဖို့အတွက်​ အလုပ်​မှာ ခွင့်​တစ်​ရက်​ယူပြီး​တော့ ​ငွေရှာပုံ​တော်​ ထွက်​ရပါ​တော့တယ်​၊ အလုပ်ထဲ​မှာ ကျ​နော်​က စက်​ကြည့်​​ပေးရတာ ဖြစ်​တဲ့အတွက်​ ကျ​နော်​မရှိရင်​ မဖြစ်​ပြန်​​တော့ သူ​ဋ္ဌေးက ကျ​နော်​အလုပ်​မဆင်းတာကို သိပ်တော့မကြည်​ဖြူ​ပါဘူး၊ မကြည်​ဖြူလည်း မတတ်​နိုင်​ပါဘူး မိဘထက်​ အ​ရေးကြီးတာ ​လောကမှာ ဘာမှမရှိပါဘူး၊ အလုပ်​ပြုတ်​ခါမှပြုတ်​ ဒီအလုပ်​ပြုတ်​ရင်​ ​နောက်​အလုပ်​တစ်​ခု ရှာလုပ်​မယ်​ဆိုပြီး​တော့ ဆိုင်​ကယ်​တစ်​စီးနဲ့ ​ငွေရှာဖို့အတွက် ​အပြင်​ကို လစ်​ရပါ​တော့တယ်​။

အပြင်​မှာ​က ​နေကလည်းပူ ရင်​ထဲမှာကလည်း ​သောက အပူဗျာပါဒ​ မီး​တွေ​တောက်​​လောင်​နေ​တော့ ကျ​နော့်​မှာ ဆိုင်​ကယ်​​တောင်​ မနည်းထိန်း​မောင်း​ခဲ့ရပါတယ်​။

ဒီလိုနဲ့ အပြင်​မှာ ကြံရင်းဖန်​ရင်း ရလာတဲ့​ငွေများအား ကျနော့်​အ​ဖေအတွက်​ ​ဆေးကုသစရိတ်​​ကို အချိန်​မှီ ​​ပေးပို့ဖို့အတွက်​ နီးရာဘဏ်​ရုံးသို့ ကျ​နော်​ဝင်​ပြီး​တော့ ​ငွေလွှဲရပါ​တော့တယ်​ခင်​ဗျာ

ငွေလွဲပြီးတာနဲ့ ကျေ​နာ့်​အ​ဖေဆီကို ဖုန်းဆက်​​ပြီး​တော့ ကျ​နော်​နဲ့အ​ဖေ စကား​တွေေ​ပြာဖြစ်​ခဲ့ပါတယ်​။

ကျ​နော့်​အ​ဖေ​ပြော​သော စကားများအား ဆက်​နား​ထောင်​ဖို့ ကျ​​နော့်​မှာ အားအင်​မရှိ​တော့ပါဘူး၊ အ​ကြောင်းက​တော့... ကျ​​နော့်​အေ​ဖတွက် ​ခွဲစိတ်ကုသဖို့အတွက်​ ​ဆေးကုသစရိတ်​မှာ အရမ်းကို အကုန်​ကျများလွန်းမှာ ဖြစ်​လို့ပါ၊ ဒီလိုဆိုရင်​ ကျ​နော်​ဒီ​နေ့ပို့လိုက်​တဲ့​ငွေက အ​ဖေ့အတွက်​ ​ဆေးကုသစရိတ်​ ဘယ်​လိုနည်းနဲ့မှ ​လောက်​ငှနိုင်​မှာ မဟုတ်​​တော့ပါဘူး။ ​ငွေဆက်​ရှာဖို့ကလည်း အကြံက အိုက်​​နေပါပြီ ဘယ်​လိုဆက်​လုပ်​ရမလဲဆိုတာကို ​တွေးရင်းနဲ့ပဲ လမ်းမှာ ဆိုင်​ကယ်​ကို ​ဖြေး​ဖြေးချင်း ​မောင်းပြီး​တော့ ကျ​နော်​ ပြန်​လာခဲ့​ပါတော့တယ်​။

ထိုစဉ်​အချိန်​မှာပဲ ကျ​နော့်​ဖုန်းက​နေပြီး​တော့ ဖုန်းစာအိပ်​ဝင်​လာတဲ့ အသံထမြည်​လာပါ​တော့တယ်​။ လမ်း​ဘေးမှာ ဆိုင်​ကယ်​ ခဏရပ်​ပြီး​တော့ ဖုန်းကိုထုတ်​ကြည့်​လိုက်​​တော့ Messenger က​နေ စာအိပ်​ဝင်​လာခြင်းဖြစ်​ပါတယ်​၊ chat box ကို ဖွင့်​ကြည့်​လိုက်​​တော့ ကျ​နော်​တို့ရဲ့ ကိုသက်​@thatkozaw စာပို့လာတာကို ​တွေ့ရပါတယ်​။

အစက​တော့ ကိုသက်​စာပို့လာတာ ဘာမှန်း​တော့ ကျ​နော်​မသိပါဘူး။ ဒါနဲ့ ဖုန်းကို အိပ်​ထဲပြန်​ထည့်​ပြီး​တော့ ဆိုင်​ကယ်​ပြန်​​မောင်းရင်းနဲ့ပဲ ကျ​နော်​အိမ်​ကို တန်းတန်းမက်​မက်​ ပြန်​ခဲ့ပါ​တော့တယ်​။

အိမ်​​ရောက်​လို့ ဖုန်းဖွင့်​ကြည့်​လိုက်​​တော့ ကိုသက်​ စာထပ်​ပို့လာတာကို ​တွေ့ရ​တော့ ကျ​နော့်​မျက်​လုံး​တွေ ပြူးကျယ်​ကုန်​ပါ​တော့တယ်​။ အ​ကြောင်းက​တော့ ကျ​နော့်​အ​ဖေအတွက်​ ​ဆေးကုသစရိတ်​ကို ကိုသက်​က​နေပြီး​တော့ ကျ​နော်​တို့ Myanmar Steemit ညီအစ်​ကို ​မောင်​နှမများထံမှ ကိုသက်​ကိုယ်​တိုင်​ အလှူ​ငွေ​ကောက်​ခံ​ပေးမယ်​ဆို​တဲ့အ​ကြောင်းဖြစ်​ပါတယ်​။ ပထမက​တော့ အလှူ​ငွေ​ကောက်​ခံရမှာကို ကျ​နော့်​အ​နေနဲ့ အရမ်းကို အားနာ​နေမိပါတယ်​၊ ဘာလို့လဲဆို​တော့ Myanmar steemit ညီကို​​မောင်နှမများ ​အားလုံးက spတိုးပွား​အောင်​ စု​​ဆောင်း​နေရတဲ့အချိန်​ ဖြစ်လို့ပါ​၊ ဒါနဲ့ ကိုသက်​က​နေပြီး​တော့ အားနာဖို့ မလို​ကြောင်း၊ Myanmar steemit မှ ညီအစ်​ကို ​မောင်​နှမ​တစ်​​တွေ ဖြစ်​တဲ့အတွက်​ တစ်​ဦးအခက်​ခဲဖြစ်​ရင်​ ဝိုင်းဝန်းကူညီကြမည်​ဖြစ်​​ကြောင်း ကျ​နော့်​အား ​ပြောပါတယ်​။

ဒီအချိန်​မှာ ကျ​နော့်​အတွက်​ ပါးစပ်​မပါတဲ့ ​ငွေဟာ အရမ်းကိုစကား​ပြော​နေပါပြီ၊ ကျ​နော့်​လက်​ထဲ ​ငွေပျက်​​နေတဲ့အချိန်​မှာမှ အ​ဖေဖြစ်​သူက ခွဲစိတ်​ကုသရမယ်​ဆို​တော့ ​ငွေက အရမ်းကို လိုအပ်​​နေပါတယ်​၊ ကျေ​နာ်​လုံးဝကို ထင်​မှတ်​မထားပဲနဲ့ ကိုသက်​က​နေပြီး ကျ​နော့်အား ယခုလို chat box က​နေပြီး လာ​ရောက်​​ပြောပြ​သော စကား ကြားမိ​သောအခါ ကျ​နော်​ အရမ်းကို ဝမ်းသာပီတိဖြစ်​မိပါတယ်​၊ Myanmar steemit ညီကို​မောင်​နှမများရဲ့ ကူညီ​ထောက်​ပံ့​ပေးမယ့်​ အလှူ​ငွေများအား လက်​ခံရရှိ​ခဲ့ပါက​ ကျ​နော့်​အ​ဖေအတွက်​ လက်​တစ်​​လော အ​ခြေ​နေမှာ တစ်​မျိုးဖြစ်​​ကောင်း ဖြစ်​သွားနိုင်​ပါတယ်​။ ဒါ​ကြောင့်​ ကျ​နော့်​အ​နေနဲ့ ကိုသက်​အပါဝင်​ ပါဝင်​ကူညီ လှူ​ဒါန်း​ပေးကြ​သော ညီကို​မောင်​နှမများ အားလုံးကို ပြောပြမတတ်​​အောင်ကို ရင်​ထဲက​နေပြီး လှိုက်​လှိုက်​လှဲလှဲနဲ့ အရမ်းကို ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ...

ကျေ​နာ့်​အဖေအတွက်​ ​ဆေးကုသစရိတ်​အား ​​ကူညီ​ထောက်​ပံ့​ပေးကြ​သော ညီကို​မောင်​နှမများရဲ့ အလှူ​ငွေ စာရင်းများမှာ ​အောက်​ပါအတိုင်း ဖြစ်​ပါတယ်​ခင်​ဗျာ...

  1. @kachinhenry -------10.000 SBD
  2. @steem-myanmar --10.000 SBD
  3. @domelay ----------- 5.000 SBD
  4. @thatkozaw -------- 3.000 SBD
  5. @donjaun ------------ 3.000 SBD
  6. @tinhlaingoo ------- 3.000 SBD
  7. @koayezaw ---------- 3.000 SBD
  8. @pyaesonekhinkhin---- 2.000 SBD
  9. @komoezaw ----------- 2.000 SBD
  10. @sawlwin -------------- 2.000 SBD
  11. @eieikhing ------------ 2.000 SBD
  12. @mahaw ------------- 2.000 SBD
  13. @tunnaingwin ------- 1.685 SBD
  14. @aunggyi100 -------- 1.500 SBD
  15. @myintlwinsoe ----- 1.460 SBD
  16. @uthantzin ----------- 1.000 SBD
  17. @theinzawlin -------- 1.000 SBD
  18. @hzerok ---------------- 1.000SBD
  19. @nyinyiwin ------------ 1.000 SBD
  20. @mgtoetat ------------ 1.000 SBD
  21. @htinlinaung --------- 1.000 SBD
  22. @gunapeya ----------- 1.000 SBD
  23. @htwegyi -------------- 1.000 SBD
  24. @yelinn ----------------- 1.000 SBD
  25. @nannhtike ----------- 1.000 SBD
  26. @zinminhtet ---------- 1.000 SBD
  27. @suhlaing ------------- 1.000 SBD
  28. @mgmgaung -------- 1.000 SBD
  29. @billionairehein ----- 1.000 SBD
  30. @nandasai ------------- 1.000 SBD
  31. @myothuzar ----------- 1.000 SBD
  32. @honeysara ------------ 1.000 SBD
  33. @saipanpha ------------ 1.000 SBD
  34. @aungzawhtwe ------- 1.000 SBD
  35. @generalpyone -------- 1.000 SBD
  36. @aungtharkyaw ------- 1.000 SBD
  37. @soethakhin ------------ 1.000 SBD
  38. @tharpauk ---------------- 1.000 SBD
  39. @myanmarpyithar ---- 1.200 SBD
  40. @masterinnwa --------- 1.000 SBD
  41. @kyawthuyein ---------- 1.000 SBD
  42. @lwanwai ----------------- 1.000 SBD
  43. @kyi -------------------------- 1.000 SBD
    DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
    Myanmmar steemit မှ ညီအစ်​ကို ​မောင်​နှမများ ဝိုင်းဝန်းကူညီ လှူဒါန်း​ပေးကြ​သော ရရှိ​ငွေမှာ စုစု​ပေါင်း (86.585 SBD) ဖြစ်​ပါတယ်​၊ လှူဒါန်းေ​​​ပးကြခြင်းအတွက်​ အထူးပင်​ ​ကျေးဇူးတင်​ရှိပါတယ်​ခင်​ဗျာ..။

MSC 160
Author @kolinn

Sort:  

MSC​မောင်​နှမ​တွေပဲရှင်​။အခက်​အခဲရှိရင်​တစ်​​ယောက်​နဲ့တစ်​​ယောက်​ကူညီရမှာ​ပေါ့ရှင်​။

ဟုတ်​ကဲ့ အခုလို ကူညီ​ပေးကြတဲ့ MSCညီကို​မောင်​နှမများကို ​ကျေးဇူးအထူးပင်​ ​ကျေးဇူးတင်​ရှိပါတယ်​ခင်​ဗျာ

ကိုလင်းရဲ့ Postကို proကနေမှတဆင့်အခုမှဖတ်မိတယ်ဗျာ
အခုလို အကူအညီပေးလိုက်တာတွေက အကျိုးတစ်ခုကိုဖြစ်သွားစေတာအင်မတန်ကိုဝမ်းသာစရာကောင်းတယ်ကိုလင်းရေ။
လုံးဝကြီးပြီးပြည့်စုံလောက်အောင်ထိ မလှူတန်းနိုင်သေးတာတော့ စိတ်မကောင်းသေးဘူးဗျာ။
Spများများစုပြီးများများရရင်တော့ များများလှူဒါန်းနိုင်ပြီကိုလင်းရေ....ထပ်တူဝမ်းသာမိပါတယ်ဗျ

ဟုတ်ကဲ့ ​ကျေးဇူးတင်​ပါတယ်​ ကို​ဇော်​!​ ပြီးပြည့်​စုံတဲ့အထိ မဟုတ်​​ပေမယ့်​လည်း လက်​တ​စ်​​လော အ​ခြေ​နေမှာ MSC ညီအစ်​ကို​ မောင်​နှမများထံမှ ရရှိတဲ့ အလှူ​ငွေများဟာ ကျ​နော့်​အ​ဖေ ​ဆေးကုသစရိတ်​အတွက်​ အနည်းငယ်​ အ​ထောက်​အပံ့ ဖြစ်​သွားပါတယ်​ ကို​ဇော်​​ရေ..