ကျောက်ကလပ် ခေါ် ကြောင့်ကမ်လာဘ် အပိုင်း/၁

in #myanmar6 years ago

ကရင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထဲမှာ အတော်ကျယ်ဝန်းပြီး တောတောင်သဘာဝအလှအပရှုခင်းတွေနဲ့ နေချင်စဖွယ်ကောင်းတဲ့ဒေသလေးပါ။ကရင်ပြည်နယ်ရဲ့မြို့တော်က ဘားအံမြို့ပါ။
ဘားအံမြို့ရဲ့ပတ်ဝန်းကျင်မှာဆိုရင် လည်ပတ်စရာနေရာတွေအများကြီးရှိပါတယ်။ဒီအထဲကမှ သာမညတောင်ဆရာတော်ဘုရားကြီး ငယ်စဉ်ကသီတင်းသုံးခဲ့ပြီး တရားဘာဝနာကျင့်ကြံအားထုတ်ခဲ့တဲ့ မွန်မြတ်ထူးကဲတဲ့နေရာတစ်ခုဖြစ်တဲ့ကျောက်ကလပ် နယ်မြေလေးအကြောင်းကို မိတ်ဆက်တင်ပြပေးချင်ပါတယ်။ကျောက်ကလပ်နယ်မြေဟာ ဘားအံမြို့ရဲ့ land mark တစ်ခုဖြစ်တဲ့ဇွဲကပင်တောင်အနီးမှာတည်ရှိပါတယ်။ဘားအံမြို့ထဲကနေကားစီးပြီးသွားမယ်ဆိုရင်မိနစ်လေးဆယ်လောက်ပဲကြာပါတယ်။အခုအချိန်မှာတော့ လမ်းတွေကကျယ်ဝန်းပြီး ချောမွေ့နက်ပြောင်နေပြီဖြစ်တဲ့အတွက်သွားလာရတာလွယ်ကူပြီးစိတ်ချမ်းသာစရာကောင်းပါတယ်။ကျောက်ကလပ်မှာကကားပါကင်လည်းကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။toilet တွေကလည်းသန့်သန့်ရှင်းရှင်းနဲ့ အလုံအလောက်ရှိပါတယ်။() image
photos by:Saw Aung(ကျောက်လပ်ဓါတ်ပုံ)