ဧရာဝတီတိုင်းဒေသကြီးဖျာပုံမြို၏တန်ခိုးကြီးသာစည်အရပ်ဝတ်ကြွေးကျေဘုရားကြီးသမိုင်း

in #myanmar6 years ago (edited)

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ အမှတ်တွင်၁၁ရပ်ကွပ်တွင်ရှိ၍ မြစ်ဘက်သို့မျက်နှာမူ ၍တည်ရှိသော...ဝတ်ကြွေးကြေဆုတောင်းပြည့်ဘုရားကြီးဖြစ်သည်....
ဖျာပုံဆိုသည်မှာ တစ်ချိန်က မွန်လူမျိုးတို့အခြေချခဲ့သည့် နယ်မြေဒေသတစ်ခုဖြစ်ခဲ့ပြီးမွန်ဘာသာစကားအရထမင်းဈေးဖြစ်သည်။ ဖျာပုံမြို့သည် ယခင်က ဖျာပုံမြစ်နှင့်အပြောင်ရွာ၊ ချောင်းတွင်း ရွာ၊ အောက်ကွင်းကြီးရွာ စသောရွာများချောင်းများပတ်လည်ဝိုင်းနေသောကျွန်ကြီးတစ်ခုဖြစ်သည်။မွန်များတည်ထောင်ခဲ့သောမြို့ဖြစ်သည်ဆိုသော်လည်းယနုအခါမွန် ဘာသာစာပေစကားများ တတ်ကျွမ်း သူများကို တွေ့ရှိရန်ခဲယဉ်းလှပေသည် သို့သော်မွန်လူကြီးများဖြစ်သေိာဦးဘိုးအိမ်၊ ဦးဘိုးရွှေ၊ ဦးစိန်တို့ ကျေးဇူးဖြင့် ဖျာပုံ၏ မူလမှတ်တမ်းကို မွန်ဘာသာ မှ မြန်မာဘာသာ သို့ ပြန်ဆိုခဲ့ခြင်းကြောင့်ဖျာပုံသမိုင်းကိုအလွယ်တကူဖတ်ရှူ့နိုင်ခြင်းဖြစ်သည်။
ယခုရေးသားမည့်ပြည်လုံးချမ်းသာသာစည်ဘုရားကြီးသည်မြစ်ကမ်းနားဘေးတွင်တည်ရှိခြင်းမဟုတ်ပဲယခင်ကထိုဘုရားကြီး၏ရှေ့တွင်ပထမလမ်းရှိသည်ဟုသိရသည်အချိန်ကာလကြာသည်နှင့်အမျှရေတိုက်စားမှူ့ကြောင့်ထိုလမ်းများပျက်စီး၍ဘုရားကြီးသည်မြစ်ကမ်းနားသို့ရောက်ရှိသွားခြင်းဖြစ်သည်။
သာဇီရွာဟု သီးခြားတည်ထားခဲ့သော်လည်း ၁၂၄၉-၁၂၅ဝ ခုနှစ်ခန့်တွင် သာစည်မှ ဦးညှင်း၊ ဦးလူငယ်စသော ပုဂ္ဂိုလ်များနှင့် ဝေနေယျ အပေါင်းတို့မှ အများကုသိုလ်ကောင်းမှုတို့ဖြင့် ရုပ် ပွားတော်ကြီးတစ်ဆူ တည်ထားကိုး ကွယ်ခဲ့ကြပြီးသာစည်အရပ်ကို အစွဲပြု ၍ သာစည်ဘုရားကြီးဟု အလွယ်ဘွဲ့တော်တပ်ခဲ့ကြသည်။ ထူးဆန်းသည်က ဘုရားကြီး တည်တော်မူထားပြီး နှစ်ပေါင်း ၁၂ဝ ကျော်ထဲရှိနေပြီဖြစ် သော်လည်းတစ်ခါတစ်ရံမှ သာစည်ဘုရားကြီး ရင်ပြင်တော် နှင့် ပလ္လင်အောက်ခြေသို့ ရေဖုံးလွှမ်းမှု မရှိခဲ့ပါ။ စာရေးသူမှတ်မိသမျှ လွန်ခဲ့ သော နှစ် ၁၅က သာစည်ဘုရားကြီး၏ ရင်ပြင်ကို နားနှင့်ကပ်လျက် နားထောင်ပါက ရင်ပြင်အောက်မှ လှိုင်းပုတ်သံ၊ လှိုင်းရိုက်သံများကြားရပြီးထိုအောက်တွင်လှိုင်ခေါင်းရှိသည်ဟုယုံကြည်ကြသည်။
ဘုရားကြီး၏ သာသနာပွင့်ချိန်ရောက်ရန် အကြောင်းတရားက အချိန်တန်သောအခါ ရှေးယခင် တဘောင် တစ် ရပ်ကဲ့သို့ ဖြစ်ပေါ်လသည်။
ဖျာပုံကို ကျွန်းဖုံးမည်၊
ကျွန်းဖုံးက ရုံးစိုက်မည်
ရုံးစိုက်က ကြက်ပျံတကျ
စည်လေမည်
စည်ပေမယ်လို့ (မမေ့နဲ့)
ဖျာပုံမြို့ကို မြို့ကွက်ရိုက်စဉ် မြစ် ထဲမှ သဲနုန်းများကို မှုတ်တင်ပြီး မြို့ ကွက်ချဲ့ခဲ့ရာ ယခုဆိုလျှင် ခရိုင်မြို့ကြီး အဖြစ်သာမက ဘုရားတန်ဆောင်း ကျောင်းကန် တံတားကြီးနှင့်လွန်စွာစည်ကားနေသောမြို့ကြီးတစိမြို့ဖြစ်ပြီး မမေ့နဲ့စကားမှာဘုရားတရားမမေ့နဲ့ဟူ၍ဖြစ်သည်။
ဆရာတော်သံဃာတော်များနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သာသနာအကျိုးကို မျှော်ကိုးပြီး ဘုရား ကြီးဝန်းကျင်အား ရှင်းလင်း၍ ဘက်စုံ တိုးချဲ့ ပြုပြင်လာခဲ့ကြပါသည်။ ဘုရားကြီးကိုလည်း ရောင်တော်ဖွင့်ပေးကြ သည့်အတွက် မြစ်အတွင်းမှ ခရီးသွား သူ များပါမကျန် အစုန်အဆန် ကြည် ညိုနိုင်လာ ကြသည်။ ဘုရားကြီး၏ ဥာဏ်တော် ၁၅ တောင် ၂ မိုက်ရှိခဲ့ပြီဖြစ်၍ဖျာပုံမြို့၏တန်ခိုးကြီးသောဘုရားတစ်ဆူဖြစ်သည်။သာစည်ဘုရားကြီး၏တန်ခိုးကြီးများပုံကိုနောက်ပိုစ်များတွင်ဆက်လက်ရေးသားဖော်ပြပါမည်။
ရွှင်လန်ချမ်းမြေ့ကြပါစေ.... image
HFS

Sort:  

ရောက်ဖြစ်ရင် လာဖူးချင်မိပါသည်

ဟုတ်ကဲ့ပါ...ဖိတ်ခေါ်ပါတယ်

လာမှပုန်းမနေနဲ့ နော် ကွီး😁😁😁

မပုန်းဘူးတစ်ကယ်ပြောတာ...

Good

ကျေးဇူးတင်ပါသည်...နှာခေါင်းကြီး

Good

ကျေးဇူး တင်ပါသည်

လာလည်ဖြစ်ရင်လိုက်ပို့နော်

အိမ်နဲ့ နီးနီးလေး...လိပ်စီးသွားရင်တောင်၁၀မိနစ့်ရောက်ဒယ်

တစ်ေ့တော့ ရောက်အောင်လာလည်မယ်ဗျာ

လာလည်စေခြင်တယ်

ကောင်း​ကောင့်း

ဟုတ်ကဲ့...ပါ...

This post has received a 1.78 % upvote from @boomerang thanks to: @kyawkyawaung

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

Thank...boomerang

လာလည်​မယ်

လာခဲ့...ကြိုနေမယ်

တစ်ခေါက်တော့သွားဖြစ်မှာ

လာဖြစ်အောင်လာခဲ့..ကြိုနေမယ်

good

ဟုတ်ကဲ့ကျေးဇူးပါ