Steembottracker

in #myanmar6 years ago (edited)

ကျွန်တော်ဒီ Steembottracker အကြောင်းကိုအရင်ရေးဖူးပါတယ်၊ ဒါပေမဲ့အဲဒီတုန်းက Review ရေးသလိုနည်းနည်းဆန်သွားပြီး Function ပိုင်းရေးတဲ့နေရာမှာလိုအပ်ချက်တွေရှိသွားသလိုတချို့အသုံးပြုသူတွေအခုထိကောင်းကောင်းမသုံးတတ်သေးတာတွေ့ရတဲ့အတွက်ပိုပြီးရိုးရိုးရှင်းရှင်းနဲ့မြန်မြန်ဆန်ဆန်အသုံးပြုနိုင်မယ့်နည်းလမ်းအသစ်နဲ့အခုတစ်ကြိမ်ထပ်ပြီးရေးသားရခြင်းဖြစ်ပါတယ်။ ပထမတစ်ခေါက်ကျွန်တော်ရေးတုန်းကအခု Web Application ကို Amazon Aws ပေါ်မှာ Hosting လုပ် Run ထားတာဖြစ်ပြီး Link ရှည်တဲ့အတွက်တချို့လင့်မမှတ်မိလို့မသုံးဖြစ်ကြတာတွေလဲရှိပါလိမ့်မယ်။ သူ့ရဲ့ယခင် Address "https://s3.amazonaws.com/yabapmatt/bottracker/bottracker.html#bid" မှယခုအခါ
"http://steembottracker.com" ဆိုတဲ့ Domain ကိုပြောင်းလဲသွားပြီဖြစ်လို့ယခင်ထက်ပိုပြီးမှတ်ရတာပိုအဆင်ပြေသွားပါပြီ။ ယခုပိုစ့်က Steembottracker ကိုကောင်းကောင်းအသုံးပြုတတ်ပြီးလက်ရှိသုံးနေတဲ့သူတွေအတွက်မရည်ရွယ်ပါဘူး။
ရှင်းပြနေတာနဲ့ Intro နည်းနည်းရှည်သွားတယ်ဗျာလုပ်နည်းကိုတော့မှတ်မိလွယ်အောင်အဆင့်ခွဲပြီးတိုတိုနဲ့လိုရင်းပဲရေးပေးပါ့မယ်။

"လုပ်ဆောင်ပုံအဆင့်ဆင့်"

Step 1

ပထအဆုံး > http://steembottracker.com ကိုသွားပါ...
"NOTICE - PLEASE READ!" ဆိုတဲ့ Pop Up Box လေးတစ်ခုတက်လာပါလိမ့်မယ်၊ အောက်ဆုံးက "I Understand" ဆိုတာနှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း Bot List ရဲ့အပေါ်ဆုံးမှာဘယ် Currency Unit နဲ့ပြစေချင်လဲရွေးပါ၊ Bot ကို SBD လွှဲမယ်ဆို SBD ကိုရွေးတာတွက်ဖို့ပိုလွယ်ပါလိမ့်မယ်။
နောက်တစ်ခုအနေနဲ့ Include 25% curation ဆိုတာကို On ထားလိုက်ပါ။ ဘယ်လောက်ရမလဲဆိုတာကိုတစ်ခါတည်း Curation Reward 25% နှတ်ပြီးတွက်ပေးပါလိမ့်မယ်။
BN2.png

Step 2

အောက်ကပုံမှာကြည့်ပါ Bot တွေရဲ့ဘေးမှာဘယ်ဘက်အပေါ်ထောင့်မှာခရမ်းရောင်လေးထောင့်ကွင်းနဲ့ဝိုင်းပြထားတာက Refund Sign ပါ၊ အောက်က Bot တွေရဲ့ဘေးမှာအဲလိုသင်္ကေတလေးပါရင်အမှားယွင်းတစ်ခုခုဖြစ်သွားတောင်ငွေပြန်လွှဲပေးတယ်လို့အဓိပ္ပာယ်ရပါတယ်။
အောက်က Bot ဇယားထဲကအ၀ါရောင်ဒေါင်လိုက်ဘောင်သုံးခုကတော့ အနည်းဆုံးငွေလွှဲပေးရမယ့်ပမာဏ၊ လက်ခံ Vote မယ့်ပိုစ့်အတွက်ကန့်သတ်ထားတဲ့အများဆုံးကြာချိန်၊ နောက်တစ်ကြိမ် Vote ပေးမယ့်ကြာချိန်တို့ပဲဖြစ်ပါတယ်။
အဲဒီမှာအနီရောင်နဲ့ဝိုင်းပြထားတဲ့နှစ်ခုကတော့အရေးကြီးပါတယ် Vote Value
၎င်း Bot 100% Voting Power နဲ့ Vote တဲ့အခါရမယ့်ပမာဏပါ၊ Round တစ်ကြိမ် Vote တိုင်း 100% Voting Power ကိုသူ့ဆီကို Vote ဖို့ငွေပို့ထားတဲ့သူတွေအတွက်ခွဲပြီး Vote ပါတယ်။
Total Bid Value ဆိုတာကလက်ရှိ Round အတွင်း Post တွေကို Vote ဖို့ Bot ဆီကိုလွှဲထားတဲ့စုစုပေါင်းပမာဏဖြစ်ပါတယ်။ အဲဒါကြောင့် Vote Value က Total Bid Value ထက်များနေရင် Vote ဖို့ငှားထားတဲ့သူတွေရှုံးပါမယ်။

BN4.jpg

Step 3

Bot တစ်ခုကိုကိုယ် Vote တဲ့အခါဘယ်လောက်မြတ်မလဲဆိုတာကိုအလွယ်ဆုံးအရှင်းဆုံးကြည့်ဖို့အတွက် Bot ဇယားညာဘက်အစွန်နားကအပြာရောင် Details ဆိုတဲ့ခလုပ်ကိုနှိပ်ပါ။ အောက်ပါပုံအတိုင်း Total Vote Value, Total Bids, Total Bid Values, Current ROI ဆိုတာတွေနဲ့အောက်မှာငွေလွဲထားသူစာရင်းကိုတွေ့ပါလိမ့်မယ်။ နားလည်မယ်ထင်လို့အကုန်တော့မရှင်းတော့ပါဘူးအဓိကကြည့်ရမှာက Current ROI ပါ၊ လက်ရှိအခြေအနေအထိကိုယ်လွှဲတဲ့ငွေရဲ့ဘယ်လောက်ရာခိုင်နုန်းမြတ်မလဲဆိုတာပြထားပါတယ်။ နောက်မှာကွင်းစကွင်းပိတ်နဲ့ After Curation ဆိုတဲ့အတွက် Curation Reward 25% နုတ်ပြီးမြတ်မယ့်ရာခိုင်နုန်းပါ၊ ရှုံးမယ်ဆိုရင်တော့ - ပြပါလိမ့်မယ်။

BN3.jpg

Step 4

ဒါကတော့နောက်ဆုံးငွေလွှဲတဲ့အဆင့်ပါ၊ Steemit Wallet ထဲကနေ၀င်လွှဲနေစရာမလိုပါဘူး၊ ကိုယ် Vote ချင်တဲ့ Post URL ပဲ Copy ကူးခဲ့ပါပြီးရင် Bot ဇယားညာဘက်ဆုံးကအစိမ်းရောင် Send Bid ဆိုတဲ့ခလုပ်ကိုနှိပ်ပါ။
ပုံထဲကအတိုင်းအကောင့်နာမည်၊ ပမာဏ၊ Post URL ထည့်ပြီး Check And Summit ကိုနှိပ်ပါ၊ Steem Connect ကနေ Login ၀င်ပြီးဆက်သွားပါလိမ့်မယ်၊ ဘာမှမစိုးရိမ်ပါနဲ့တစ်ဆင့်ချင်းလုပ်သွားပါပြီးရင်တော့အပေါ်အဆင့်ကကြည့်ခဲ့တဲ့ Details မှာဝင်ကြည့်ရင်မိမိရဲ့ Transition ကိုတွေ့ရပါလိမ့်မယ်။ အဲဒါဆိုလုပ်ဆောင်ချက်အားလုံးပြီးသွားပါပြီသူလာ Vote တာကိုစောင့်ရုံပါပဲ။
BN5.jpg

အပေါ်ကပြောခဲ့တဲ့အထဲက Step 2 က Bot တွေကိုကြည့်တတ်အောင်အခြေခံသဘောတရားအနေနဲ့ပြောပြရခြင်းဖြစ်ပါတယ်။ ပထမအဆင့်အတိုင်း Setting ပြင်ပြီးရင်ယခုအဆင့်ကိုကျော်ပြီးလုပ်နိုင်ပါတယ်။ မ Vote ခင်မှာသတိထားရမှာက Next Vote ဆိုတဲ့နောက်တစ်ကြိမ် Vote မယ့်အချိန်ပါအချိန်စေ့ခါနီးထိသေချာအောင်စောင့်ပြီး Bidding လုပ်တာကပိုပြီးသေချာစေပါတယ်မဟုတ်ရင်ကျန်တဲ့အချိန်အတွင်းတခြားငွေလွဲတဲ့သူတွေရှိနိုင်တဲ့အတွက် Total Bid ပမာဏပြောင်းနိုင်ပါသေးတယ်။
အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

ယခင်ပိုစ့်=> https://steemit.com/voting/@kyawsantun/voting-bots-tracker

Kyawsantun
MSC-024

KST.png

Sort:  

မရှုံးတဲ့ bot လေးလမ်းညွန်ပေးပါ bro

Total bid ကvote value ထက်များနေရမှာလား