ဝိုင်းဝန်းကြိုးပန်းကြစို့

in #myanmar6 years ago

မြန်​မာနိုင်​ငံကိုလာ​ရောက်​လည်​ပတ်​တဲ့
ဂျာမန်​လူမျိုးတစ်​ဦးက အ​ဆောက်​အဦး​လေးတစ်​ခုကို
မြင်​​တော့ သူ့ကိုလိုက်​ပို့တဲ့တိုးဂိုက်​​လေးကို​မေးတယ်

ဂျာမန် - ဒီအဆောက်အဦလေးကို ဘယ်လိုခေါ်သလဲ

ဂိုက် - ဇရပ်လို့ ခေါ်ပါတယ်

မန် - ဘာရည်ရွယ်ချက်နဲ့ လမ်းဘေးမှာဆောက်တာလဲ

ဂိုက် - ခရီးသွားတွေ နားနားနေနေ နေရအောင်ပါ

မန် - ကပ်လျက်က ဘာလေးလဲ

ဂိုက် - သောက်ရေအိုးစဉ်လေးပါ

မန် - ထားရတဲ့ ရည်ရွယ်ချက်လေး

ဂိုက် - ခရီးသွားတွေ မောပန်းလာရင် ရေသောက်ရအောင်ပါ

မန် - ကောင်းတယ်ဗျာ။ရေသောက်ပြီး အဆင်သင့် နားဖို့  ခင်ဗျားတို့ လူမျိုးတွေရဲ့ စေတနာ ကောင်းမှု ရက်ရောမှု ဖော်ရွှေမှု တွေကို အတိုင်းသား မြင်တွေ့ ရတာပါဘဲ

ဂျာမန်နိုင်ငံသား ကို ရှင်ပြနေတဲ့ မြန်မာဂိုက်လေး ရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေလို့ -----

မန် - ဒါနဲ့ ဒီသောက်ရေခွက်လေး ကို ဘာလို့ ကြိုးချည်သော့ခတ် ထားတာလဲ

ကျွန်တော့် မိတ်ဆွေပြောပြတဲ့ ၁၉၉၆ မြန်မာ့ ခရီးသွားနှစ် က အဖြစ်အပျက်လေးပါ

ကျွန်တော်တို့ သာ တိုးဂိုက်လေးနေရာမှာဆိုရင်ဘယ်လို ဖြေမှာ ပါလဲ

တိုးဂိုက်လေးကတော့ ချွေးပြန်အောင်စဉ်းစားပြီး ဖြေလိုက်တာက လေတိုက်ရင် လွင့် မပါအောင်လို့ ပါတဲ့ - - - - -

မနေ့ က အထိလည်း ရေခွက်မှာ ကြိုးတန်းလန်းလေးနဲ့ ပါ - - -

ဒီ​နေ့...မနက်​ဖြန်​....​နောက်​ထပ်
သောက်ရေခွက်လေးတွေ ကြိုးချည်မခံရအောင် ကျွန်တော်တို့ တွေ ဝိုင်းဝန်းကြိုးပမ်းကြပါဖို့ လိုအပ်​လာပါပြီ - -

Sort:  

အမှန်တကယ်ကကြိုးချည်ရခြင်းအကြောင်းမှာ

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!