သူငယ်ချင်း ၂ ယောက် ကျေးဇူးနဲ့ သုဝဏ္ဏ မြို့နယ်ထဲက vista do rio kyan traditional fine dinning ဆိုတဲ့ဆိုင်ကိုရောက်ခဲ့တယ်လေ
ဆိုင်လေးရဲ့အပြင်အဆင်က ချစ်စရာလေး
ခြံဝင်းထဲမှာ အပင်တွေရဲ့အောက် ထိုင်ခုံဝိုင်းတွေနဲ့ ပုဇွန်တောင်ချောင်းဘေးနားမှာပေါ့
ညဖက် ဆိုတော့ လေလေးကလည်းတဟူးဟူး
ချောင်းထဲမှာကလည်း သဲတူးတဲ့သင်္ဘောကဘည်းကျောက်ချထားသေးတယ်လေ
စူးရှမှုမရှိတဲ့ည မီးအလင်းရောင်နဲ့အတူပေါ့
ဆိုင် အပေါက်ဝရောင်ကတည်းက အေးဆေး ထိုင်စားလို့ကောင်းတဲ့နေရာမှန်းလည်းသိလိုက်တယ်လေ
ကြိုတင်ပီး reserved လုပ်ထားတဲ့ဝိုင်းတွေလည်းရှိတာပေါ့
ဒါနဲ့ ကိုယ်တွေ သူငယ်ချင်းလေးယောက်လည်း ချောင်းကမ်းနားက ၀ိုင်းမှာထိုင်ရင်း အစားအသောက်မှာမယ်ဆိုပီး menu ယူ ဈေးနှုန်းတွေကြည်ရင်းပေါ့
ရိုးရာ အာလူးထမင်း မျှစ်သုတ် ပဲသီးသုတ် ကောင်းမှကောင်းပေါ့
မျှစ်သုတ်တောင် ဘယ်က မျှစ်လဲမေးတော့ လွိုင်ကော်က မျှစ်တဲ့လေ
တကယ့်ကို ဒေသထွက်ကုန်တွေပေါ့လေ
အဲ့မှာ လွိုင်ကော်က ငါးလို့ပြောတဲ့ ငဖိန်း ဆိုတဲ့ငါးတကောင်လည်းမှာစားဖြစ်သေးတယ်
ငါးအရသာက တမျိုးဖြစ်နေလို့ ဆိုင်ကိုပြောပြတော့ ချက်ချင်းဘဲနောက်တကောင်လဲပေးတယ်လေ
ကိုယ့်ဆီလာစားတဲ့ စားသုံးသူတွေကို ဂရုစိုက် တာလည်း ကျေနပ်စရာကောင်းပါတယ်
ဆိုင်ကရောင်းတာကလည်း traditional food ဆိုတော့ တခါဘဲရောက်ဖူးတဲ့အတူတူ အရသာတွေမြည်းကြည့်ရင်းအစားအသောက်တွေမှာစားကြပေါ့
ဒါနဲ့မပါမဖြစ် traditional drink ကယန်းရိုးရာ ခေါင်ရေ လည်းသောက်ကြတာပေါ့လေ
ဝိုး ခေါင်ရေ အရသာကလည်းကောင်းမှကောင်းဘဲပေါ့
Fine dinning ဆိုတဲ့အတိုင်း အေးဆေးစား သောက် တအိုးကုန် နောက်တအိုးပေါ့
ကိုယ်လည်း ရန်ကုန်ရောက်ကတည်းက အစားအသောက် ကောင်းမစားဖြစ်တာကြာဆိုတော့ အားရပါးရစားသောက်ပေါ့လေ
ဆိုင်မှာ ခန့်ထားတဲ့ဝန်ထမ်းတွေကအစ စကားသံလေးတ၀ဲဝဲနဲ့ပေါ့
အားလုံးဟာ စိတ်ကျေနပ်စရာကောင်းတယ်
အပြန်ကျတော့ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်က ကယန်းအမကြီးနဲ့ ဓာတ်ပုံတွဲရိုက် စကားတွေပြော
သူကလည်းပြောတာဘဲ ကိုယ်ကလည်းနားထောင်တာဘဲ ဒါပေမယ့်ခေါင်ရည်ကြောင့်လား စကားသံကြောင့်လား တလုံးမှ နားမလည်ခဲ့ဘူး
အင်မတန်စိတ်ကျေနပ်စရာကောင်းတဲ့ဆိုင်ကလေးပါ
တကယ့်ကို fine dinning ပါဘဲ
ိုဆိုင်ရဲ့နာမယ်ကိုတော့ စပိန်လိုပေးထားတာပါတဲ့
Vista do rio ဆိုတာ the river view လို့အမည်ရပါတယ်တဲ့
Photo လေးနဲ့အတူ ပူးတွဲတင်လိုက်တယ်နော်


Msc အဖွဲ့သားတွေလည်းတခါတခေါက်တော့ သွားကြပါလို့တိုက်တွန်းချင်ပါတယ်
@ lonelone
MSC no. 239
ဟုတ်ကဲ့ပါ အစ်မရေ
Ok.
နောက်တစ်ခါသွားရင်လာခေါ်လေနော်အစ်မရေ
နေရာ ညွှန်ထားတယ်လေ။ တို့လည်းသူများကျွေးလို့ ရောက်ဖူးတာ
အဲ့ဒေသတွေကိုတခါမှမရောက်ဖူးဘူး .. တခေါက်လောက်တော့ သွားလည်ဖြစ်အောင်ကြိုးစားဦးမရ် 😃
အဲ့ဒါ ရန်ကုန်ထဲတင်ပါ
ကျေးဇးပါ ဆိုင်ကောင်းလေးသိရလို့
သွား စားကြည့်လေနော့
သွားစားအုံးမယ်..သုဝဏ္ဏဆိုတော့နီးနီးလေးပဲ..
သွားစာလေ။ အေးဆေးဘဲ။
သွားဖြစ်အောင်ကြိုးစားပါမယ်အမရေ
သွား စား စစ်။ ကောင်းတယ်
လိုက်ပို့ပါ
Bonus ထုတ်ရင်လာခဲ့။ လိုက်စားပေးမယ်လေ။
ကရမ်းတိုင်းရင်းသူလေး…
ဟုတ်ပါတယ်
မရောက်ဖူးသေးဘူး
သွား လေ။ နေရာညွှန် ထားတယ်
သွားလည်အုံးမှပါ
သွားလည် စစ်ရေ
ခေါင်ရည် ကြိုက်တယ်ဗျ
ခေါင်ရည်က ကောင်းလည်းကောင်း မူးလည်းမူးပ
Congratulations @lonelone! You received a personal award!
Click here to view your Board
Congratulations @lonelone! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!
သွားလည်ပါ