အမြင်သစ်

in #myanmar4 years ago

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့
ကျွန်တော် အကြောင်းအရာတစ်ခု ကို ဆွေးနွေးပါရစေ။ဘာလဲဆိုတော့ အသိတစ်ခု အမြင်တစ်ခုနဲ့ပက်သတ်တဲ့ အရာပါ။အလုပ်ပိတ်ရက်အတွင်းမှာ ဆရာကြီးဂိုအင်ဂါရဲ့ ၁၀ရက် တရားစခန်း တရားတော်တွေကို နားထောင်ဖြစ်ခဲ့ပါတယ်။ဘာသာရေးရှူထောင့်က မဟောဘဲနဲ့ ပညာရပ်တစ်ခုအနေနဲ့ ​​ဟောပြောပို့ချသွားတာ သတိထားမိခဲ့တယ်။ ကျွန်တော့်အတွက် အမြင်သစ်တစ်ခု အတွေးသစ်တစ်ခုဖြစ်ပေါ် စေခဲ့ပါတယ်။
ကျွန်တော့်အတွေးကိုမတင်ပြခင် ဆရာကြီးရဲ့ဟောပြောချက်တစ်ချို့ကို တင်ပြပါရစေ။ အမြဲမှန်ကန်သော အမှန်တရားတစ်ခုဟာ လူသားတိုင်းနဲ့သက်ဆိုင်ကြောင်း ၊ ဘာသာတရားသဘောမျိုးမဟုတ်ဘဲ သိပ္ပံပညာရပ်တစ်ခုလို လေ့လာကျင့်သုံးသင့်ကြောင်း၊ဓမ္မဟာ ဗုဒ္ဓဘါသာနှင့်သာသက်ဆိုင်သော အကြောင်းအရာမဟုတ်ကြောင်းအစရှိသဖြင့် သိပ္ပံပညာရပ်တစ်ခုလို ဂိုဏ်ဂဏ္ဍ ကင်းစွာ သင်ကြားပို့ချတယ်။ကမ္ဘာ့နိုင်ငံအနှံ့လည်း ၁၀ရက်တရားစခန်းပေါင်းများစွာ ဘာသာမတူတဲ့လူမျိုးပေါင်းများစွာ သင်ကြားဟောပြောခဲ့ပါတယ်။
အဓိကကျွန်တော်ဆိုလိုချင်တာက ဆရာကြီးဟောပြောချက်တစ်ချို့ဟာ ကျွန်တော့်အတွက် အတွေးသစ် အမြင်သစ်တွေ ဖြစ်ပေါ်စေခဲ့သလို အားလည်းဖြစ်စေခဲ့ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးအချို့မှာ ဖော်ပြလေ့ရှိပါတယ်။ဘာလဲဆိုတော့ ဘာသာရေးရဲ့ခေါင်းစဥ်အောက် မှာ လုပ်သင့်လုပ်ထိုက်တာတွေဟာ မလုပ်ချင်မူတွေ အကြောင်ပြချက်တွေ ဖြစ်သွားကြတယ်။ဗုဒ္ဓဘါသာဝင်တောင်မှ ဝိပဿနာဆိုတာ ဘာသာရေးအလုပ်ပါကွာ အသက်ကြီးမှ လုပ်ရတာပါကွာလို့ ပြောလေ့ရှိသလို ထို့အတူမြင်လေ့လည်းရှိကြပါတယ်။ကိုယ်ခန္ဓာကျန်းမာဖို့အတွက် ကိုယ်လက်လူပ်ရှားလေ့ကျင့်မှု လိုအပ်သလို စိတ်ကျန်းမာကြံ့ခိုင်ဖို့ သမထ ဝိပဿနာ လို့ခေါ်တဲ့ တရားထိုင်ခြင်းကို လူသားတိုင်းလုပ်ကိုလုပ်ရမယ့် အရာပါ။အခုလိုခေတ်ကြီးထဲမှာ စိုးရိမ်ပူပန်မှုတွေ စိတ်သောကတွေ ကြောက်လန့်မှုတွေ သက်သာ​ပျောက်ကင်းအောင် ပိုလို့တောင် လိုအပ်လှပါတယ်။ထို့ကြောင့် မိတ်ဆွေများလည်း တရားထိုင်ခြင်းကို မဖြစ်မနေပြုလုပ်ပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါရစေ။ သတ္တဝါတွေ စိတ်နှလုံးအေးချမ်းကြပါစေ။

မဟော်(ရှားကိုး)
2/5/2020 5:20pm

Sort:  

ကိုမဟော်ရေ မတွေ့တာတောင်ကြာပြီ။ ဟုတ်ကဲ့ တရားထိုင်တယ်ဆိုတာ
လူကြီးတွေ အလုပ်ဟုတောင် ထင်နေကြပြီ။

ညီတို့ကို သတိရပါတယ်။မဖြစ်မနေ လုပ်ရမယ့်အရာပါညီ။