အမြင်

in #myanmar5 years ago

download.jpeg

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ 
လူ့ ဘဝမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ချို့ ကို တင်ပြချင်ပါတယ်။ အလုပ်တစ်ခုဖြစ်စေ စီးပွားရေး တစ်ခုခုဖြစ်စေ အလွယ်တကူ အောင်မြင်သွားရင် ဒီလောက်လဲမခက်ခဲပါဘူး။ ငါ လုပ်နိုင်ပါတယ်ဆိုတဲ့စိတ် ဝင်တတ်တယ်။ အဆင်ပြေနေတဲ့ကြားက တစ်ခုခု ကိုယ်ထင်သလို မဖြစ်လာတော့ မလွယ်ပါ့လားလို့ စိတ်ဓါတ်ကျပြန်ရော။လူ့ စိတ်က အောင်မြင်ခြင်း မအောင်မြင်ခြင်း အဆင်ပြေခြင်း မပြေခြင်း ကြားမှာ အမျိုးမျိုးခုန်ကူးတတ်တာကို ပြောချင်တာပါ။ တစ်ခါတလေ ယုံကြည်မှု လွန်ကဲ ပြီး တစ်ခါတလေ အလွန်အကျွံ့ စိတ်ဓါတ်ကျတတ်ကြတယ်။ ဒါဟာ မပြည့်ဝတဲ့ မရင့်ကျက်တဲ့ သဘောလက္ခဏာတွေပါ။

images (1).jpeg

crd.org.source
ဘယ်အလုပ်မဆို လွယ်တယ်ခက်တယ်ဆိုတာ ကိုယ့်အပေါ်မူတည်ပါတယ်။ တကယ်တမ်းက လွယ်တာလည်းမဟုတ်သလို ခက်တာလည်းမဟုတ်ပါဘူး။ နောက်တစ်ခုပြောခြင်တာက ခေါင်းဝင်ကိုယ့်ဆံ့ ဆိုတဲ့စကားဘဲ။ သိမ်မှန်တယ်ဗျ။ စီးပွားရေးတစ်ခု နယ်ပယ်တစ်ခုမှာ ဝင်လုပ်မိပြီဆိုတာတဲ့ တစ်ခြားလုပ်စရာ အခွင့်အလမ်းတွေ လုပ်ပုံကိုင်ပုံတွေ မြင်လာတယ် တွေ့ လာတယ်။ အဓိက က လုပ်ချင်စိတ် ကြိုးစားချင်စိတ် ရှိဘို့ ဘဲ။

images (2).jpeg

crd.org.source

အမြင်ဆိုတဲ့စကားရပ်က သိပ်တန်ဘိုးကြီးလှပါတယ်။ မြင်နေရတာခြင်း အတူတူ အမြင်မတူရင် အခွင့်အလမ်းလည်းမတူပါဘူး။ ဒီဒဿနက ရိုးရှင်းပေးမယ့် သိပ်တန်ဘိုးကြီတယ်။ ဥပမာတစ်ခုပြောပြပါ့မယ်။ ကျွန်တော်ဆို ဈေးကို မနက်တိုင်း ဈေးဝယ်ထွက်တာ အိမ်ထောင်တစ်သက်ပါဘဲ။ ၁၅နှစ်ကျော်ပြီဘဲထားပါ။ ဈေးကိုလာတယ် ဟင်းချက်စရာဝယ်တယ် လိုချင်တာလိုက်ကြည့်ပြန်တယ်ပေါ့။ ကျွန်တော့်ခေါင်းထဲမှာ ရှိတာက ဒီနေ့ ဘာဟင်းချက်မလဲခေါင်းစဉ်နဲ့ ဈေးလာတယ်။ အိမ်ရှင်မက မှာတဲ့ဟာရှိရင် လိုက်ရှာ ဝယ်ပြီးပြန်ပေါ့။ ထိုအချိန်တုန်းက ဈေးဆိုတာ ကျွန်တော့်အတွက် ထွက်ပေါက်ဘဲရှိတယ်။ ထိုဈေးထဲကို အလုပ်သေးသေးလေး လုပ်မိတဲ့အခါကြတော့ တစ်ခြားအခွင့်အလမ်း အလုပ်အကိုင်တွေကို မြင်လာတယ်။ ဈေးကြီးတစ်ခုရှိရင် လုပ်ကိုင်စားသောက်လို့ ရတဲ့အလုပ်တွေ တစ်ပုံတပင် ရှိတာကို သိလာတယ်။ ဈေးကတော့ ဟိုတုန်းကလည်း ရှိခဲ့တယ် အခုလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်မှာကိုး အမြင်မတူတော့ဘူး။ အမှန်အတိုင်းပြောရရင် ယခင်တုန်းက ဈေးကို ဈေးဝယ်ဖို့ သတ်သတ်ဘဲလာတာ။ တစ်ခြားဟာတွေမစူးစမ်းမိဘူး မကြည့်မိဘူး။ အခုကျတော့ ဘယ်ဆိုင်က ဘယ်နေရာမှာဆို ဂွင်ဘဲဆိုတာတွေမြင်လာတယ်။ ရယူလိုမှုအမြင်နဲံ့ ကြည့်တော့ ဝင်စရာတွေမြင်ပြီး ဝယ်စရာအမြင်နဲ့  ဈေးသွားတော့ ကုန်စရာတွေဘဲ ဖြစ်လာတယ်။ ဈေးကတော့ ဒီဈေးပါဘဲ။ ကျွန်တော်ပေးချင်တဲ့ message လေး မြင်ပါစေလို့  ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

@mahaw
MSC - 228

Sort:  

ဂွင် ကြီးကြီး မြင်ရင် လက်တို့စမ်း ဘာ့

အခု တို့ လိုက်ပြီနော်

မြင်နေရပီ ပိုက်င်္ဆရမယ့် ဂွင်

အမြင်သာအရေးကြီးပါတယ်

ဟုတ်ပါတယ် မတ်မတ်စု။ကျေးဇူးပါနော်

ဂွင်မြင်အောင် သေချာကြည့်ရမယ် ဒီတစ်ခါ ဈေးရောက်ရင်

ဟား ဟား မိချောလေးတွေတော့ မကြည့်စေနဲ့ နော်ဦးထွေး

ကြည့်သောသူ မြင်၏ ဆိုရမှာပဲ

မျက်စိကို ဖွင့် နားကို စွင့် ဆိုတာ အဲဒါပဲလို့ ထင်တယ် ဘဒို။

Posted using Partiko Android

အမြင်ဆိုတာ ကွဲပြားတတ်ပေမယ့် အတ္တမပါ ညှိယူရင် အားလုံး အေးဆေးဖြစ်နိုင်ပါတယ်...