Meditation

in #myanmar4 years ago

အားလုံးဘဲ မင်္ဂလာပါ။
ကျွန်တော် နားလည်သလောက်တရားနှလုံးသွင်းနည်း တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ တရားမှတ်တယ် ဆိုတာ စာသဘောအရတော့ ရုပ်နဲ့နာမ်ကို မှတ်တယ်လို့ ဆိုပေမယ့် ကိုယ်ခန္ဓာကို ကြည့်ရှုတဲ့နေရာမှာ ရုပ်လို့ နာမ်လို့မှတ်လို့ မရပါဘူး။နားလည်လွယ်အောင် စကားလုံးသဘော မျိုး စာလိုသဘောမျိုး ပြောရရေးရတဲ့သဘောပါ။ထိုနှစ်ခုရဲ့ မူရင်းသဘာ မူရင်း အဓိပ္ပါယ်ကို သိဘို့အရေးကြီးပါတယ်။ ရုပ်ဆိုတာ မတည်မြဲတဲ့သဘော ၊ ပြောင်းလဲနေတဲ့သဘာ၊ ဖောက်ပြန်နေတဲ့သဘော၊မတည်ငြိမ်တဲ့သဘော၊ကြည့်နေရင်း ပျောက်ပျောက်သွားတဲ့သဘော စသဖြင့် သဘောတရားသက်သက်ကို ဆိုလိုခြင်းပါ။ဘာသဘောတွေကို ဘယ်နေရာမှာ ဦးစားပေး ကြည့်ရမှာလဲဆိုတော့ကိုယ့်ခန္ဓာမှာပူနေတဲ့သဘော ၊အေးနေတဲ့သဘော ၊လှုပ်နေတဲ့သဘော၊ ဆင်းရဲနေတဲ့သဘော၊ ချမ်းသာနေတဲ့သဘောကို ကြည့်ရှုနေရမယ် မှတ်နေရမယ်။ဘယ်လိုမှတ်ရမှာလဲဆိုတော့ ပူရင် ပူတယ်ပေါ့ အေးရင်းအေးတယ်ပေါ့ လှုပ်နေရင်း လှုပ်နေပါလားပေါ့။အချို့ဆရာတော်ကြီးတွေက စိတ်နဲ့ရွတ်ဆိုခိုင်းတယ်။ အချို့ဆရာတော်ကြီးတွေက စိတ်နဲ့မရွတ်ဆိုစေဘဲ သိနေဘို့ဘဲ အဓိကမှတ်ခိုင်းတယ်။နာမ်ဆိုတာ သိတဲ့သဘောကို ဆိုလိုတာပါ။ပစ္စုပ္ပန်မှာကိုယ့်ခန္ဓာပေါ် ဖြစ်နေတဲ့ ဖောက်ပြန်နေတဲ့သဘောကို သိသိနေတာကိုဘဲ ဝိပဿနာ အားထုတ်တယ်လို့ ခေါ်ပါတယ်။
အားထုတ်နည်းကို ပြောရတာလွယ်ပေမယ့် တကယ်တမ်းက တစ်စိုက်မတ်မတ်လုပ်တဲ့ ဝီရိယ လိုအပ်လှပါတယ်။အထက်ပါဖော်ပြခဲ့တဲ့နည်းက ကသစ်ဝိုင်ဆရာတော်ဘုရားကြီးရဲ့နည်းနာနိဿရပါ။သတိပဌါန် လေးမျိုးရှိတဲ့အထဲက ကာယနုပဿနာနဲ့ဝေဒနာနုပဿနာကို ရှုစေတဲ့နည်းပါ။
ဘယ်အလုပ်မဆို မည်သည့်ပညာရပ်မဆို step by step ဖြစ်ဖို့ အရေးကြီးပါတယ်။ မြတ်စွာဘုရားရဲ့သာသနာမှာ သီလ သမာဓိ ပညာ ဆိုတဲ့ သိက္ခာသုံးရပ် က အဓိကပါဘဲ။သီလမလုံခြုံဘဲနဲ့ စိတ်တည်ငြိမ်မှုဆိုတဲ့သမာဓိ မဖြစ်စေပါဘူး။ စိတ်မတည်ငြိမ်ရင် အနိစ္စ ဒုက္ခ အနတ္တ ကိုမြင်စေတဲ့ ပညာဉာဏ် မဖြစ်ပေါ်ပါဘူး။ကျွန်တော်ကိုယ်တိုင်လည်း လေ့လာဆဲပါ။မလုပ်နိုင်သေးပါဘူး။တကယ်တမ်းက လူ့ဘဝကို ရောက်လာခြင်းဟာ ဝိပဿနာလုပ်ဖို့ပါ။အမှန်တကယ်လိုအပ်လှတဲ့ထိုအလုပ် ပြုလုပ်ဖို မိတ်ဆွေတို့ကို တိုက်တွန်းရင်း မိမိကိုယ်ကို ပြုလုပ်ဖို့ ဤဘာသာရေးစာပေတွေကို ရေးသားနေခြင်း လေ့လာဆည်းပူးနေခြင်း ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
သတ္တဝါတွေ စိတ်နှလုံးအေးချမ်းပါစေ။

မဟော် (ရှားကိုး)
3/5/2020
10:30 am

Sort:  

ဦးဦးမဟော် ဖော်လိုးလုပ် ပေးပါဦး

ဟုတ်ကဲ့ပါခင်ဗျ။

ဟုတ်ကဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းကို ဝေမျှပေးလို့ ကျေးဇူးပါ
တက်အားတသောက် ကြိုးစားအားထုတ်ကြည့်ပါ့မယ်။

ျေးဇူးပါညီရေ

ကြိုဆိုပါတယ် ကိုမဟော်။ Hive-Myanmar Community Page ကနေ post တင်ပါလို့ အကြံပြုပါရစေ။ မြန်မာစာအားလုံးတနေရာတည် တွေ့မြင်ရအောင်ပါ။

ပြောရရင် ရယ်စရာပါ။copyမလုပ်တတ်သေးလို့ HiveMyanmar Communityမှာ မတင်ဖြစ်သေးတာပါ။စိတ်ချ လာမှာပါအစ်ကိုရေ။အားလုံးကိုသတိရပါတယ်။

သိတိရတယ် ကိုမဟော်ရေ.... Hive အခြေအနေကောင်းပါစေ ဆုတောင်း နေတာရယ်။ တချိန်တုန်းကလို အခြေအနေမျိုး ပြန်ရောက်လာအောင်ကြိုးစားနေတာပါ။

ဖြစ်လာမှာပါ အစ်ကိုရေ။

မနှစ်က ဆယ်လလောက် ရက်မပျက် တရားထိုင် ဖြစ်ခဲ့တယ်။
ဒီနှစ် ကလေးမွေးပြီးကတည်းက တရားထိုင် ပျက်နေတာ ပြန်စရဦးမယ်ဗျာ။

သာဓုပါဗျာ ဆက်လုပ်ပါ bro။