မနောကံ

in #myanmar4 years ago

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
လူတစ်ယောက်မှာ အသက်ရှင်နေသရွေ့ အမြဲတမ်း ပြုလုပ်နေတဲ့အရာ ၃ ခုရှိပါတယ်။ ကာယကံ ဝဇီကံ မနောကံ ဆိုပြီး ပြုမူဆောင်ရွက်ခြင်း ဟာ မပြတ်လုပ်နေပါတယ်။ သုံးခုလုံးအရေးကြီးပေးမယ့် ထိုအထဲက ဘယ်ဟာ အရေးကြီးဆုံးလို့ မိတ်ဆွေတို့ထင်ပါသလဲ။ ဘယ်ဟာက ပိုအလုပ်လုပ်ဆုံးလို့ ထင်ပါသလဲ။ အဖြေက ရှင်းပါတယ် အချိန်တိုင်းနီးပါး မနောကံ ပါစမြဲပါ။ ကြည့်ချင်စိတ်ကြောင့် ကြည့်ဖြစ်တာပါ စားချင်စိတ်ကြောင့် စားဖြစ်တာ လှမ်းချင်စိတ်ကြောင့် ခြေလှမ်းဖြစ်တာ ထိုင်ချင်စိတ်ကြောင့် ထိုင်ဖြစ်တယ်။ဒါဆို ပြောချင်စိတ်ကြောင့် ပြောတာပေါ့။ ဒါဆိုကာယကံမှု ဝဇီကံမှု မနောကံမှု သုံးမျိုးမှာ မနောကံက အခရာဆိုတာ သိသာပါတယ်။ ဟုတ်ပြီ ဒါဆို လူတစ်ယောက်တန်ဘိုးမြင့်ဘို့ ဘာကိုဦးစားပေး မြှင့်တင်သင့်သလဲ ဘာကိုအလေးထား စင်ကြယ်သင့်လဲဆိုတာ့ မနောကံဘဲပေါ့။လူသားတွေကို ဒုက္ခအပေးဆုံးကလည်း အဲ့ဒီ မနောပါဘဲ။
အသိမှားတွေ စိုးရိမ်ပူပန် သောကဖြစ်မှုတွေ အထီးကျန်မှုတွေ တစ်ကိုယ်ကောင်းဆန်မှုတွေ အတ္တကြီးမှုတွေ မနာလိုဝန်တိုမှုတွေ ရိုင်းစိုင်းယုတ်မာတဲ့စိတ်ကြမ်းတွေ စသဖြင့် အမှားပေါင်းစုံ စေခိုင်းတတ်တာသူပါ။ သူ့ကိုအထူးသတိထား နေထိုင်ကျင့်ကြံရမှာပါ။ သူဟာဘယ်လောက်အရေးကြီးလဲဆိုရင် သေခါနီး ထားသွားတဲ့စိတ်ဟာ အနာဂတ်အတွက် နောက်ဘဝအတွက် အဆုံးအဖြတ်တဲ့။ တစ်ဘဝလုံး ကောင်းခဲ့ပြီး သေခါနီးစိတ်ထားပုံ မှာယွင်းခဲ့လို့ မကောင်းတဲ့ဘုံဘဝရောက်သွားတဲ့သာဓကတွေ အများကြီးပါ။ဒါတေါင် ကောင်းတာအမြဲလုပ်နေတဲ့ သူတွေနော်။ ပုံမှန်လူသားတစ်ယောက်အနေနဲ့ဆို မတွေးဝံ့စရာ။ဟုတ်ပြီ ထားပါတော့ မနောကံက အရေးကြီးတယ်ပေါ့။ ဒါဆိုကျွန်တော်တို့ ဘာအထူးလုပ်သင့်သလဲ။ ကျွန်တော်တို့ရဲ့ ကောင်းခြင်းဆိုးခြင်းဟာ သူ့အပေါ်မှာ မူတည်နေတယ်လေ။သူက စိတ်ဆိုး စိတ်ညစ်တွေ မသန့်ရှင်းတဲ့စိတ်ဖြစ်နေရင် မကောင်းသောလူတစ်ယောက်အဖြစ် ပုံဖော်ဖန်တီးမှာဘဲ။ စိတ်ထားကောင်းတယ် သဘောထားပြည့်ဝတယ် ဖြူစင်သန့်ရှင်းတယ်ဆိုရင် လူကောင်းတစ်ယောက် ဖြစ်စေမှာပါ။ လူသားတွေရဲ့ အရှင်သခင်ဟာ တကယ်တမ်းက သူဆိုတဲ့ မနောပါဘဲ။ သူ့ကို ကိုင်တွယ်နိုင်တဲ့သူ ထိန်းချုပ်နိုင်တဲ့သူဟာ လောကကြီးထဲကိုလာခြင်းကောင်းတဲ့သူ ဖြစ်စေပါတယ်။
ကျွန်တော်တို့ ပစ်မှတ်ကို တွေ့ပြီဆိုတော့ သူ့ကို ဘယ်လိုကိုင်တွယ်မလဲ ဘယ်လိုထိန်းချုပ်မလဲ စဥ်းစားကြည့်ရအောင်။ သူ့ကိုထိန်းချုပ်နိုင်ဘို့ သူ့အကြောင်းတော့ သိဘို့လိုတာပေါ့နော်။လေ့လာကြည့်လိုက်တော့ သူ့ရဲ့အခြွေအရံ အသင်းအပင်းတွေက မနည်းမနောပါလား။စိတ်တစ်ခု ယုတ်၉၀ဆိုတော့ ၈၉တဲ့။အားပါပါး တစ်ကောင်ချင်း လိုက်ဖမ်းနေလို့တော့ ပြေတီဦးပြောသလို ရူးတောင်သွားဦးမယ်။ဒါဆို သူနဲ့ သူ့အဖော်သတင်းတွေကို ထိန်းချုပ်ဘို့ နည်းမရှိဘူးလားမေးရင် ရှိတာပေါ့ဗျာ။ ဒီနေ့တော့ မပြောဘူး မနက်ဖြန်မှပြောမယ် ဘိုင် !

မဟော် (ရှားကိုး)
11/5/2020
4:40 am

Sort:  

မင္ဂလာပါ

မမကို ွေ့ရတာ သိပ်ျော်တယ်ဗျာ ။တို့မောင်နှမွေ ယခင်လို ပြန်ကြိုးစားကြမယ်နော် ။ ထပ်ဆုံချင်သေးတယ် ။

Steemit နဲ့အဆက်ပြတ်နေတာဘဒိုရေ ညကဖေ့ဘုတ်ပေါ်တွေ့လို့ hive စမ်းကြည့်တာ 😂

မင်္ဂလာပါ တီတီပြည့်

မဂၤလာပါရွင့္

မပြည့် မတွေ့တာကြာပေါ့။

ဟုတ်တယ်ဘဒို မနေ့ကမှမြင်လို့ စတေးဟုမ်းကြာတော့ပျင်းတာနဲ့ ပြန်လုပ်တာ 😊

မကောင်းမှု ရှောင်
ကောင်းမှု ဆောင်
စိတ်ကို ဖြူအောင်ထား
ဗုဒ္ဓဘုရား မြွက်ကြားခဲ့သည်
လိုက်နာကြမည် ဆိုပါကား
အပါယ်မလား

ထိုဟာကို အကျယ်ချဲ့ရေးထားတာ ကိုဟိန်းရေ။ျေးဇူးပါ

စိတ်ကြမ်းတွေကို ဖယ်ရှားပြီး စိတ်ကိုယဥ်ကျေးအောင်
ဆုံးမရမှာပေါ့။

မှန်ပါတယ် ညီရေ။ျေးဇူးပါ