သို့ msc ညီအစ်ကိုတို့ 

in #myanmar5 years ago

download.jpegမင်္ဂလာပါ ညီအစ်ကိုတို့ 
MSC ရထားကြီး ဘူတာကနေ ပြန်လည်ထွက်ခွာဖို့ အချိန်တန်ပါပြီ။ အကြောင်းအမျိုးမျိုးနဲ့  ရထားပေါ်က ဆင်းသွားတာ ရထားကြီးပေါ်မှာ မကျန်တော့သလောက်ပါဘဲ။ဆက်လက်လိုက်ပါစီးနှင်းမယ့်သူက ၁၀ယောက်တောင် ပြည့်ရဲ့ လားမသိ။ ဘူတာထဲကနေ လိုက်သင့်မလိုက်သင့် စောင့်ကြည့်နေသူ တစ်ချို့ တော့ ရှိပါတယ်။ ဘယ်လိုအကြောင်းဘဲဖြစ်ဖြစ်ရထားကြီးကတော့ ဆက်လက်ထွက်ခွာမှာပါ။
ဘာလုပ်မှာလဲ ဘာလုပ်မှာလဲထက် ဘာလုပ်လို့ ရလဲဆိုတာကိုဦးစွာ စဉ်းစားရမှာပါ။ အချို့  project တွေ planတွေက လူအင်အား ငွေအင်အား လိုပါတယ်။ တကယ်လုပ်မယ့်ခေါင်းဆောင်လိုတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပြညိသူပြည်သားမရှိရင် နိုင်ငံလို့ တောင် ခေါ်လို့ မရပါဘူး။ တိုင်းပြည်ပြန်လည်ထူထောင်ဘို့  ပထမဦးဆောင်လုပ်ရမှာက စီးပွားရေးမဟုတ်ပါဘူး ပြည်သူပြည်သားဆိုတဲ့ နေထိုင်သူတွေရှာဖွေဘို့ ပါ။ တစ်ခါတလေကျ မပြောတာက ကောင်းတယ်။ ပြောပြီးဖြစ်မလာရင် ငပေါကြီးဖြစ်တယ်။ အကြံပေးဆောင်းပါးက ဝေဖန်ရေးဆောင်းပါး ဖြစ်ရင်လည်း မတတ်နိုင်ဘူး။ အဓိက ကလက်ရှိအခြေအနေကို သိဘို့ အရေးကြီးတယ်။ MSC အားလျော့ခြင်းဟာ ဈေးကြောင့်မဟုတ်ပါဘူး။ member အသစ်ကို ကြိုဆိုလက်ခံမှုပိုင်း ရှာဖွေတဲ့ အပိုင်း မလုပ်ခဲ့လို့ ပါ။ ကျွန်တော်အပြစ်တင်နေခြင်းမဟုတ်ပါ။ curiရဲ့ ပေးနိုင်တဲ့ ပမာဏကိုထိန်းလုပ်လိုက်ခြင်းဟာ MSC member လက်ခံနိုင်မှုအားလျော့ပါးစေပါတယ်။ MSC မျိုးဆက်သစ်တွေထဲမှာ စာရေးဝါသနာပါသူ onlineငွေကြေးကိုစိတ်ဝင်စားသူ စီးပွာရေးလုပ်ချင်သူ မိတ်ဆွေအပေါင်းအသင်း များချင်သူ အစရှိတဲ့ စရိုက်ပေါင်းစုံ လူတွေပါ ပါတယ်။ ယခုလက်ရှိကျန်သူတွေဟာ ဈေးကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။မျိုးဆက်သစ်မရှိခြင်းဟာ အားနည်းစေတာအမှန်ပါ။ အရိုးရင့်သူတွေထက် အရိုးနုသူတွေက ပိုပြီးပြောလို့ ရတယ်။ အရိုးရင့်သူတွေက အကောင်ကြီးလာလေ complain များသလို ခြေကန်ပြီးထွက်ခွာတာက များနေတယ်လေ။spစုဆောင်းရေး ရည်ရွယ်ချက်မှာ သမင်မွေးရင်း ကျားစားရင်းဖြစ်ခဲ့တယ်။
ကွန်ယက်တစ်ခုတည်ထောင်နိုင်ပြီဆို အခြားလုပ်လို့ ရတဲ့အရာတွေ အများကြီးရှိပါတယ်။ spနည်းတာများတာက steemitတစ်ခုတည်းသာ သက်ဆိုင်တာပါ။အဖွဲ့ တိုးချဲ့ ဘို့ အခြားလုပ်ငန်းနယ်ပယ်မှာ သိပ်အရေးမကြီးပါဘူး။ ပြောချင်တာက mscကို steemitတစ်လိုင်းတည်းမဟုတ်ဘဲ အခြားစီးပွားရေး ကွန်ယက်လိုင်းပါတိုးချဲ့ သင့်ပါတယ်။ဒါမှ member အဟောင်းနဲ့ အသစ်တွေကို ဆွဲဆောင်ရာမှာလည်း steemဈေးတစ်ခုတည်းအပေါ်မှီခိုရာ နည်းပါးစေမှာပါ။
ကျွန်တော်စီးပွားရေးနဲ့ ပက်သက်ပြီး plan တစ်ခုချပြချင်ပါတယ်။မပြောခင် mscမှာလည်း ဈေးကြောင့် ဘက်ဂျက်အင်အားနည်းနေမယ်ဆိုတာ အားလုံးတွေးလို့ ရပါတယ်။ လူအင်အားမရှိ ငွေအင်အားမရှိရင် ဘာနဲ့ လုပ်မလဲဆိုတာ ထည့်စဉ်းစားရမယ့် အချက်တစ်ချက်ပါ။ လုပ်ပါ လုပ်ပါလို့ ပြောရတာလွယ်ပေမယ့် တကယ်လုပ်ဖို့ က အခက်အခဲအများကြီးပါ။ တစ်နေ့ ကရေးခဲ့သလို အငိုလွယ်ပေမယ့် အရှိုက်ခက်ပါတယ်။ အခုကျွန်တော်ချပြမယ့်planက ငွေအင်အားနည်းနေပေမယ့် လုပ်လို့ ရတယ်ဆိုတာကိုတင်ပြချင်ပါတယ်။
ပထမဦးစွာ msc memberတွေထဲက ကုန်ပစ္စည်းတင်သွင်းချင်သူ productတင်သွင်းချင်သူများကို ဖိတ်ခေါ်ပါ့မယ်။ ကုန်ပစ္စည်းများကို တစ်လစာ ကြိုချပေးရပါမယ်။နောက်တစ်လက စပြီး ခေါက်ပြန်ကြေးကို MSCက ငွေရှင်းပေးပါ့မယ်။ ဒါက memberတွေထဲက productတင်သွင်းချင်သူတွေ မြန်မာပြည်အနှံ့ ဈေးကွက်ကို ချဲ့ ထွင်းနိုင်ဘို့ အခွင့် အရေးကောင်းတစ်ခုပါ။
နောက်တစ်ဆင့်လုပ်ရမှာက အရောင်းကိုယ်စားလှယ် ခန့်ထားရေး ဖိတ်ခေါ်ရေးအပိုင်း။ ဒါကိုလည်း msc memberသည်သာလုပ်ခွင့်ရှိရပါမယ်။ mscက ကုန်ပစ္စည်းချပေးမယ်။ အရောင်းကိုယ်စားလှယ်ကို အမြတ်ရာခိုင်နှုန်းပေးမယ်။ အရောင်းကိုယ်စားလှယ်သည်လည်း ငွေအရင်းမစိုက်ရ အိုးမကွာအိမ်မကွာ စီးပွားရေးလုပ်ပြီးသားလည်း ဖြစ်စေသလို ဝင်ငွေလည်းတိုးစေပါတယ်။
တတိယအဆင့်အနေနဲ့  mscအပိုင်းပြောပါ့မယ်။ရောင်းကုန်တန်ဘိုးကို mscကသတ်မှတ်ပါ့မယ်။ အရောင်းကိုယ်စားလှယ်ကိုအမြတ်ခွဲဝေပြီးရင် ကျန်တာmscအမြတ်။ mscသည်လည်း ငွေရင်းမစိုက်ရဘဲ စီးပွားရေးကွန်ယက် တည်ဆောက်နိုင်သလို အကျိုးများစွာဖြစ်ထွန်းစေပါတယ်။ mscဘက်ဂျက်အင်အားတောင့်လာရင် ကိုယ်ကစားချင်တဲ့ စီးပွားရေးထုတ်ကုန်တစ်ခုခုကို ဖြန့် လိုက်ရုံပါဘဲ။ အဖွဲ့ ရဲ့ ငွေအင်အားတောင့်လာတာနဲ့ အမျှ memberတွေကို ငွေကြေးထောက်ပံ့မှုတွေ ဝန်ထမ်းခန့် နိုင်မှုတွေ ဖြစ်လာစေပါတယ်။ထိုအချိန်ကျ memberတွေကိုရှယ်ယာခေါ်ပြီး ကုမ္ပဏီထောင်မယ်ဆိုလည်း ထောင်လို့ ရပါပြီ။ အခုအချိန် ရှယ်ယာခေါ်လုပ်မယ်ဆိုရင်တော့ မအောင်မြင်နိုင်သေးဘူး။ mscကိုယ်တိုင်လည်း ရှယ်ယာများများ မနိုင်သေးဘူးလေ။ ကျွန်တော်အခုချပြတဲ့plan က ကွန်ယက်အားကိုယူပြီး အခြေတည်တာဖြစ်ပါတယ်။ သေချာတာကတော့ အလုပ်လုပ်သူ ပို ခံစားရမှာပေါ့။ ဒါက အကြမ်းတင်ပြလိုက်တာ။ပိုနားလည်သွားအောင် ဥပမာနဲ့ ထပ်တင်ပြမယ်။
ဥပမာ ကိုဟိန်းက ကော်ဖီ တင်သွင်းတယ်ဆိုပါစို့ ။ကိုဟိန်းက သူ့ ကော်ဖီထုပ်တွေကို အရောင်းကိုယ်စားလှယ်တွေဆီ ချပေးရမယ်။ တစ်လစာ ကြိုချပေးရမယ်။ mscက ၁၀၀နဲ့ ဝယ်ရင် ရောင်းဈေးကို ၁၂၀နဲ့  အရောင်းကိုယ်စားလှယ်တွေကို ရောင်းခိုင်းမယ်။5% အမြတ်ကို အရောင်းကိုယ်စားလှယ်ကို ခွဲဝေပေးမယ်။ ဒါကဥပမာအဖြစ်ပြောတာပါ။တစ်လကုန်ရင် ဝယ်စာရင်း ရောင်းစာရင်းချုပ်ပြီး ကိုဟိန်းကို mscက ငွေရှင်းမယ်။ ကိုဟိန်းက သူ့ ပစ္စည်းကို မြန်မာပြည်အနှံ့ဖြန့် ခွင့်ရသလို productကောင်းရင်ကောင်းသလို ပေါက်သွားနိုင်တယ်။ သူ့ အတွက်လည်း ဈေးကွက်ချဲ့ ထွင်ဘို့ အခွင့်အရေးရမယ်။ အထက်မှာပြောခဲ့သလို သုံးဦးလုံးအကျိုးရှိစေတဲ့ planပါ။ mscအနေနဲ့ လည်း လောလောဆယ် ဘက်ဂျက်အင်အားအခြေအနေအရ ဒီအတိုင်းလုပ်တာအကောင်းဆုံးပါ။အရှုံးမရှိနိုင်ဘူးလေ။ လုပ်ဖြစ်တာ မဖြစ်တာက တစ်ပိုင်းပေါ့နော်။ ကျွန်တော်သိသလောက် အကြံပေးတဲ့သဘောပါ။ အမှားပါခဲ့ရင်လည်း တောင်းပန်စကားဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။

@mahaw
MSC -228

Sort:  

The benefit of meditation cannot be overemphasised.
Nameste.

ကောင်းမွန်တဲ့အကြံဥာဏ်ပါ ရေရှည်မှာငွေကြေးနဲ့ပတ်သက်၍ ကတိတည်ဖို့တော့
စဉ်းစားရပါမည်

ဦးထွေးလည်းအကြံဥာဏ်ပေးပါဦး။ ကျေးဇူးနော်ဦးထွေး။

အဲ့ ကိုဟိန်းက ကော်ဖီမပေးနိုင်သေးဘူးဒဲ ☺ ကောင်းမွန်တဲ့အကြံဥာဏ်တစ်ခုပါ။ ယုံကြည်မှုကို တည်ဆောက်နိုင်ကြရင် အောင်မြင်နိုင်မှာပါ ဦးဆောင် ဦးရွက်ပြုသူတွေ လိုအပ်ပါတယ်လို့

အမှန်အတိုင်းပြောရရင် မထင်ပါဘူး။ အင်း မအင်းလို့ တောင် သံယောင်လိုက်မယ့်အဆင့်တောင်မရှိ။ ရွာကျောင်းက ကြေးစည်သံလိုတော့ဟုတ်မယ်မထင်ဘူး။ ခေါက်လိုက်ရင် ဘာတဲ့ မထင်.……………

ဦးစိုးတို့ ကို အားကိုးမျှော်လင့်နေတယ်ဆိုတာ ယုံပါဦးစိုး။

တရားဝင်အသင်းအဖွဲ့တစ်ခု ဖြစ်ဖို့လည်း လိုအပ်မယ်ထင်ပါတယ်

ဟုတ် မမစု ရေ ကျေးဇူးပါ။

အဲဒီ plan ဟာ ဖြစ်နိုင်ပါတယ် ကိုမဟော်... အများကြီးလည်း ကောင်းပါတယ်။ ကိုမဟော် ပြောသလို အလုပ်အကိုင်မရှိသေးသူတွေအတွက်လည်း အလုပ်အကိုင် ဖန်တီးပေးလို့ရပါတယ်။

product တခုတည်းအတွက် ပြသနာမရှိပေမယ့် product များလာရင် စာရင်း ဇယားနဲ့ ငွေသွင်းငွေထုတ် စတာတွေအတွက် ပြသနာ နည်းနည်းတော့ ရှိနိုင်ပါတယ်။ ဒါကလည်း ပြသနာရှိရင် အဖြေရှိမယ် ဆိုတဲ့ အတိုင်း ဖြေရှင်းလို့ ရပါတယ်။ အဓိက အရေးကြီးဆုံးက ဒီPlan ကို ဘယ်နှစ်ယောက်စိတ်ဝင်စားကြသလဲ ဆိုတာပဲ။

ကျေးဇူးပါ ကိုဟင် ။ အားလုံးရဲ့ သဘောထားကို အကောင်းဆုံးမျှော်လင့်နေပါ့မယ်။mscအတွက် တစ်ထောင့်တစ်နေရာက ကြိုးစားနေပါ့မယ်။

တစ်​ကယ်​​ကောင်းတဲ့ အစီအစဉ်​​လေးပါ ကိုမ​ဟော်​​ရေ

Posted using Partiko Android

ကိုလွမ်းဝေတို့ ကို ပိုအားကိုးပါတယ်ဗျာ။အတူတူကြိုးစားကြမယ်။ကျေးဇူး ကိုလွမ်း။

ဦးမဟော်တော့ အမျိုးမျိုး စဉ်းစားပေးနေတော့တာပါဘဲ

mscကို ခင်တွယ်နေမိပြီဗျာ။ကိုဒိုတို့ ကို အားကိုးမယ်နော်။

ကျောင်းစိမ်းတွေ ပို့ရမလား😊

Posted using Partiko Android

ရာသီအဝတ်အစားတွေဆို မယ်ကြည်တော့ ထောပြီ။

ကောင်းတယ်…ကိုမဟော်
MSC-tokens အတွက် တိုက်ရိုက်ဖောက်ဝင်နိုင်တဲ့ နည်းလမ်းလည်းဖြစ်…
အဖွဲ့ဝင်သားတွေအတွက်လည်း…ပိုပီးတော့…active ဖြစ်လာမယ်
အဖွဲ့ဝင်မျိုးဆက်သစ်လေးတွေလည်း…တဖက်က လက်ခံမယ်ဆိုရင်လည်း welcome ပါပဲလို့……:-))

အတူတူကြိုးစားကြတာပေါ့ bro။ အဓိက က အားလုံးဝင်ဆွေးနွေးပေးဘို့ လိုတယ်။ကျွန်တော်လည်း အကောင်းဆုံးကို မျှော်လင့်မိပါတယ်။ mscအတွက် အပြောင်းအလဲလုပ်နိုင်ဘို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ။ ကျေးဇူးပါနော်။