ွေရှာနည်း ၂

in #myanmar4 years ago (edited)

မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့။
စီးပွါးရေးလုပ်ငန်းမှာ ဘယ်လိုလုပ်ငန်း လုပ်မလဲ ရွေချယ်မလဲဆိုတာ ဒီနေ့ဆက်လက်ဆွေနွေးပါ့မယ်။ ဒုတိယအချက်အနေနဲ့ဆရာမာသင်ရဲ့ လမ်းညွှန်ချက်ကတော့ များများလှူဒါန်းပါတဲ့။ ဘယ်လိုကြီးလဲပေါ့ ဘာသာရေးဆွေးနွေးပွဲလားပေါ့ လို့ထင်စရာရှိတာပေါ့ဗျာ။ သူဆိုလိုချင်တာက အများပြည်သူကောင်းကျိုးအတွက် တစ်ခုခုလုပ်ပေးနိုင်တာကို ပြောချင်တာ။လူသားတွေရဲ့ လိုအပ်ချက်တွေ ကောင်းကျိုးဖြစ်စေမယ့်အရာတွေ တီထွင်ဖန်တီးမှုတွေ အကျိုးဖြစ်စေတဲ့ ကုန်ပစ္စည်းသစ်တွေ အကျိုးရှိစေမယ့် ဆွေးနွေးပွဲတွေ ဟောပြောပွဲတွေ စသဖြင့် ငါဘာလုပ်ရင် သူတို့အကျိုးဖြစ်ထွန်းစေတာကို အမြဲကြံဆစဥ်းစားပြီး ငွေရှာဘို့ အကြံပေးပါတယ်။သူတစ်ပါးအကျိုးအတွက် ဦးတည်စဥ်းစားပြီး လုပ်ငန်းရှာဖွေတဲ့သဘောပေါ့ဗျာ။များများလှူဒါန်းနိုင်လေ ကောင်းလေပေါ့။ ဒီအတိုင်လူသားတွေကို ငွေပေးပြီးလှူတာထက် အတွေးအခေါ် ပိုင်း ပညာပိုင်း ကို တတ်စွမ်းသမျှ လှူဒါန်းတာက ပို၍အကျိုးဖြစ်ထွန်းစေပါတယ်။
စီးပွါးရေးကို လူတိုင်းလေ့လာသင့်ပါတယ်။ရှာဖွေနိုင်တုန်း လုပ်ကိုင်နိုင်တုန်း ကြိုးစားထားမှ တော်ကာကြမယ်လေ။ အသက်ကြီးမှ သားသမီးမျက်နှာ ချွေးမမျက်နှာ သမက်မျက်နှာ မောင်နှမတွေရဲ့မျက်နှာကြည့်ပြီး နေရမယ့်ဘဝမျိုး မလိုချင် မဖြစ်ချင်ရင် ငွေကို မဖြစ်မနေ ကြိုးစားရှာဖွေရမှာမဟုတ်လား။ ကမ္ဘာပေါ်မှာတော့ ဂျူးလူမျိုးတို့ တရုတ်လူမျိုးတို့ဟာ ငွေရှာတော်တဲ့ သူတွေပါ။ သူတို့ရဲ့ နည်းစနစ်လေးတွေကို လေ့လာသင်ယူသင့်ပါတယ်။ ကိုယ်နဲ့အံဝင်တာ ယူသုံးပေါ့ဗျာ။ဖတ်ဖူးတာ အချို့ကို ပြောရရင် အမျိုးသမီးတွေကို ဦးတည်ပါတဲ့။ အမျိုးသားတွေထက် အမျိုးသမီးတွေက ငွေပိုသုံးတယ်တဲ့။ကိုယ်ကငွေရှာမှာဆိုတော့ သုံးတဲ့အမျိုးသမီးတွေကို ဦးတည်ပြီး စီးပွါးရေးလုပ်ငန်း စဥ်းစားပါတဲ့။ နောက်တစ်ခုက ပါးစပ်ပေါက်ကို ဦးတည်ပါတဲ့။ သူပြောချင်တာက စာသောက်ကုန်ကို အဓိကထား စဥ်းစားစေချင်တာ။ ငွေမြန်မြန်လည်ပတ်နိုင်တာကလည်း ထိုလုပ်ငန်းတွေက ပိုပြီး လည်ပတ်ကြတယ်။ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ချ်က လုပ်ငန်းထူထောင်ရင် ငွေရှာရင် အထက်ပါအချက်တွေကို ခြုံငုံစဥ်းစားတတ်ဘို့ပါ။ အကောင်းဆုံးကတော့ စာဖတ်ပါ ။အသိပညာတိုးစေပါတယ်။ ဒုတိယ စိတ်ကောင်းလေးထားပြီး စီးပွါးရှာရင် သင်လိုချင်တဲ့ပန်းတိုင် တစ်နေ့ဖြစ်လာမှာပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ကျန်းမားချမ်းသား ကြပါစေ။

မဟော်(ရှားကိုး)
10/5/2020
7:40 am

Sort:  

မိန်းမတွေနဲ့ ကလေးတွေရဲ့ လက်ထဲက ပိုက်ဆံ က ယူရတာပိုလွယ်တယ်လို့ ဖတ်ဖူး မှတ်သားဖူးပါတယ်။ မှန်တာပေါ့... လူတွေက အသစ်အဆန်း မဝတ်နိုင်တောင် အစားအသောက်ကတော့ နေ့စဉ် စားနေရမှာကိုး...

ျေးဇူးပါ ကိုဟင်။ ရေးကွက်ချဲ့နေတာပါ။

ကိုမ‌ဟော်ကြီး ဘာတွေ လုပ်နေလဲဗျ။
ပစ္စည်းထုတ်ရောင်းနေဆဲလား။

လောလောဆဲတော့ ပဲဆီရောင်းနေတယ်shampooလည်းဖြန့်တယ် ။တို့ညီအစ်ကိုွေ တစ်နေ့တော့ စုပေါင်းလုပ်ဖြစ်မှာပါ