Donation of need for Monastery (Part -1)

in #myanmar6 years ago

လှူ တတ်ကြပါစေ ( အပိုင်း -၁)

Hello , all steemit member .

ကျမ နေထိုင်ရာ စစ်ကိုင်းမြို့တွင် အခုရက်ပိုင်း အလွန်ပင်စည်ကားလျက်ရှိနေပါတယ်

ကထိန်ခင်း ကြခြင်း ကထိန်ပဒေသာပင်များနှင့်အတူ မဲကျရာ ဘုန်းကြီးကျောင်းသို့ အတီးအမှုတ် အကအခုန်များဖြင့် ဖြင့် စီတန်း လှည့်လည်၍ သွားရောက် လှူ တန်းကြသောကြောင့် ဖြစ်ပါသည်

image

သီတက်းကျွတ်လပြည့်ကျော် ၁ ရက် နေ့မှ စတင်၍ အခုရက် တန်ဆောင်မုန်လပြည့် အချိန်ရောက်သည့် အချိန်အထိ စစ်ကိုင်းတောင်ရိုးသို့ သွားရာလမ်းတစ်လျှောက်တို့တွင်တော့ ကားများဆိုင်ကယ်များ ဥဒဟို ဖြတ်သန်းသွားလာလျှက် ရှိကြပြီး ဓာတ်စက်သံ တညံညံ အိုးစည်ဗုံမောင်းသံ အကအခုန် များ ညံစည်လျက် ဘုံကထိန် လှည့်လည်ဆက်ကပ် ကြသူများဖြင့် နေ့စဉ်ရက်ဆက် ဆိုသလ်ု အထူးစည်ကားလျက် ရှိနေပါတော့တယ်

image

အိမ်ရှေ့ရှိ လမ်မတစ်လျောက် တို့တွင် ကထိန်လှည့် ကားများ ပုံစံ မျိုးစုံ ဖြင့် လှည့်လည် ပူဇော် ၍ သွားကြရာတွင်
တစ်ချို့ က အသင်းအဖွဲ့လိုက်ခင်းသော ဘုံကထိန်
တစ်ချို့ က တစ်သီးပုဂ္ဂလ ခင်းသောကတိန်
တစ်ချို့ က မိုးပေါ်ကျ ကထိန်

ဟူ၍ ဝထ္ထု ငွေ ပစ္စည်းပစ္စရ များစုံလင်စွာဖြင့် လှပစွာပဒေသာပင်များသီးလျက် အတီးအမှုတ် အကအခုန် များဖြင့် ဆူဆူညံစွာ ကားတန်းရှည် ကြီး များဆိုင်ကယ်တန်းရှည် ကြီးများဖြင့် လှည့်လည်သွားကြသလို ကားများဆိုင်ကယ်များပေါ်တွင် ပစ္စည်း ဝထ္ထု ငွေများစုပုံ တင်ဆောင်လျက် တစ်ပိုင်တစ်နိုင် သွားရောက် လှူ တန်းကြသူများ ဖြင့်လည်ူ စည်ကားလို့နေပါသည်

ဟိုရှေးယခင် ကာလ ကတည်းကပင် စစ်ကိုင်းတောင် တစ်ခွင်၌ စစ်ကိုက်းတောင်ရိုး မင်းဝံ တောင်ရိုးတို့တွင် သီတင်းသုန်း တရားဆောက်တည်ကြသော သံဃာ တော် အရှင်သူမြတ်များ အား အနယ်နယ် အရပ်ရပ်မှ လာရောက်၍ ကထိန်ခင်းခြင်း ကထိန်င်္သဃန်းဆက်ကပ် လှူတန်းကြသည့် အတွက် တန်ဆောင်မုန်း လရာသီတွင် စစ်ကိုင်းတောင်တစ်ခွင် ၌ အထူးစည်ကားခဲ့ပါသည်

ကျမ တို့ ဗုဒ္ဓဘာသာမြန်မာ လူမျိုး များဟာ လှူတန်း ပေးကမ်း ဒါနပြုခြင်းအမှု များကို ရက်ရောစွာ သဒ္ဒါကြည်ဖြူ စွာ ပြုလုပ်လေ့ ရှိကြပါသည်

ဗုဒ္ဓဘာသာမြန်မာလူမျိုး များ၏ သဒ္ဒါတရား ထက်သန်ပုံ လှူ တန်းပေးကမ်းရာတွင် စံနမူနာ ရှိပုံ တို့အား အခုလို ကထိန်ရာသီ အချိန်အခါက သက်သေ တစ်ခုပင် ဖြစ်ပါသည်

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . I am ever used esteem app.

စစ်ကိုင်းတောင်နဲ့ တန်ဆောင်မုန်းက အရမ်းလိုက်ဖက်တဲ့
အတွဲလေးပါ

အာကြောင့် လာခဲ့ပါ ဆို

ရက်ရောသောအလျူသာဓုခေါာပါသည်

ဟုတ်ကဲ့

မယုံပု သဒ္ဒါကြည်ဖြူ စွာ steem or sbd လှူလတ်ဘာ

sbd ပံ့သကူ ပြစ်မို့

ကထိန်

Congratulations! This post has been upvoted from the communal account, @minnowsupport, by mamamyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.