ပရလောကသားများ (၂)

in #myanmar6 years ago (edited)

image
google photo
ဆရာတော်အားစူးစူးရဲရဲကြည့်လျှက်---------------
"ဘာလို့ ငါ့ကိုခေါ်ရလဲ"
"အကြောင်းမရှိပဲ ဘုန်းကြီးက မခေါ်ပါဘူး"
ခု ဝင်ပြီးပူးကပ်နေတဲ့ ခန္ဓာထဲကရောဂါ ပြန်ယူသွားပေးလိုက်ပါ။ခုချိန်မှာ အသိဝင် သတိဝင်ပြီး ဒီမှာတင် ပြန်ပြုပြင်နိုင်ပါတယ်။နေရာထိုင် ခင်းအတွက် ဘုန်းကြီး စီစဉ်ပေးလို့ရပါတယ်ဟုဆရာတော်ကမိန့်လေသည်။ထိုအခါ
"မလိုဘူး ငါ့နေရာနဲ့ငါ ရှိပြီးသား"
ထိုအခါဆရာတော်မှ မိန့်ကြားလေသည်။အရင်ဘဝကို ပြန်တွေးကြည့်ပါဒကာမကြီး ငါဆိုတဲ့ အစွဲတွေကြောင့် ဒီဘဝကို ရောက်ခဲ့ရပြီ။ ခု လက် ရှိဘဝမှာလဲ အသိတရားမရှိသေးပဲ ဒီလိုသာ အသိတရားကင်းမဲ့နေရင် ဒီထက်ဆိုးဝါးတဲ့ ဘဝတွေနဲ့ပဲ ကြုံတွေ့နေရမှာပေါ့။ဒကာမ ကြီး ခုချိန်မှာ အသိတရားရပါတော့။လိုအပ်ကဲ့ ကောင်းမှုကုသိုလ် ဒီမှာရှိတဲ့ ဒကာဒကာမတွေက ကုသိုလ်ပြု အမျှပေးဝေပေးလိမ့်မယ်။ဒကာမကြီး စဉ်းစားဆင်ခြင်ပေါ့။ဒီလိုမှ မဟုတ်ရင်တော့ ဘုန်ြးကီးအလှူခံရ တော့မယ် ဒကာမကြီးဟု ဆရာတော်မှမိန့်လေသည်။
"မလိုဘူး ငါဒီတိုင်းပဲနေမယ်"
"ငါပြန်မယ် ဒါပဲလား ငါပြန်မယ်"
"ပြန်လို့မရသေးဘူးလေ"
"နင်လုပ်ထားတာ အကုန်ပြန်ယူ"
"မယူနိင်ဘူး ငါပြန်တော့မယ်"
ဟု ဆိုကာ ရုန်းကန်လေသည်။ ဒါပေသည့်ရုန်း၍မရပါ။
(မှတ်ချက်)
အဘယ်ကြောင့်ဟု စာဖတ်ပရိသတ်ထင်ပါသနည်း?။တောရွာအခေါ် တော့အောက်လမ်းထဲမှာပါသည်။မယုံကြည်သူရှိ သလိုယုံကြည်သူလဲရှိပါလိမ့်မယ်။အောက်လမ်းနည်းနဲ့ လုပ်တာတို့ စုန်းတိုက် ကဝေတိုက် တွေသည် အထက်လမ်းနဲ့ပြန်ကုစားရပါသည်။မည်သည့်ဆေးနည်းမှမရပါ။
အဲ့ဒီအချိန်မှာပဲဆရာတော်မှ
image
google photo
"ကဲကောင်းပြီ"
နင်တော့ပြန်မရတော့ဘူး ။ ငါနင့်အတွက်နေရာပေးမယ်။နင်ရထားတဲ့ ပညာနင်စပြပေတော့ ။ပညာကုန်လို့ ငါ့ကိုမလှူ နင်ခံရပြီနော်။ဘုန်း
ကြီးမေတ္တာလျှက်ခံနေတာ ဒါကာမကြီး ဟုဆိုလေသည်။
"ကဲ နင်လုပ်တာ နင်မယူ"
"ပညာလဲမလှူ"
"နင့်ပညာ ဘုရားအကုန်လှူရမယ်"
ဟုဆိုကာ ဆရာတော်မှ မည်သည့်စာတွေ ရွတ်ဖတ်လေသည်တော့မသိ ဝင်
ရောက်ပူးကပ်နေသော တစ္တေမှာလဲ ခေါင်းအားတွင်တွင်ခါကာ စူးစူး ဝါးဝါးကြီး ညီညူလျှက်ဖြင့်
"ငါ့ကို ဒါမျိုးလုပ်လို့ရမလား"
"ငါ့ကိုဒါမျိုးလုပ်လို့ရမလား"
"မရဘူး မရဘူးနော်"
"ဟင်း ဟင်း ဟား------ဟား-----ဟား-----"
မျက်လုံးကြီး ပြူးထွက်နေပြီး လက်သီးများကိုတင်းတင်းဆုတ်ကာ အံ
ကြိတ်သံသည် တဂျီးဂျီးမြည်လျှက်
"ငါ့ကို ဒီလိုမလုပ်နဲ့နော် ခုလျှော့ပေး"
"ငါနေရာငါ ပြန်မယ်"
ဒကာမကြီး မကောင်းမှုတွေ အတွက်ပေးဆပ်နေရတဲ့ ဒီဘဝကြီးကို
ဘာလို့ မက်မောနေရတာလဲ အများသူငါတွေ ဒုက္ခရောက်ရင် ဘုန်း
ကြီး ကယ်တင်ရမှာပဲလေဒကာမကြီး။ အဲ့ဒီအတွက်ကြောင့် ဘုန်းကြီးက ဒကာမကြီးပညာ အလှူခံနေ ရပါဟုဆိုလေသည်။
ဒါကိုပင်သူက တောင့်ခံနေသေးသည်။ကျွန်တော်တို့ အပါအဝင် လူနာလာပို့သော သူတို့မှာလဲ အံ့သြခြင်း ကြောင့်ရွံ့ခြင်း
တွေနဲ့ခပ်လှမ်းလှမ်းမှနေကာ စောင့်ကြည့်နေရသည်မှာ အသဲတယားယား ရင်တဖိုဖိုဖြင့်ပေါ့။သေလုမြောပါးဖြစ်နေသော လူနာသည် ဒီ
လောက်ကြမ်းတမ်း နေသည်ကို တွေမြင်နေရသည်မှာ မည်သို့မျှမ ထင်ခဲ့ပါ။
"ကဲ ကဲ ဒကာမကြီး "
"လူနာဆီကဝေဒနာပြန်ယူလိုက်ပါ"
ဝင်ရောက်ပူးကပ်နေသော လူနာမှာ ရှေ့သို့ တဖြည်းဖြည်း ခေါင်း
အောက်စိုက်ကာ ဆရာတော်အား ကန်တော့လေသည်။ မဖြစ်သာလို့ လုပ်ရတာပါ ဒကာမကြီးဟုဆို
ကာ ဆရာတော်မှ ရေခွက်ကိုင်ကာ ရွတ်ဖတ်
လျှက် ရေမန်းဖြင့် ပွတ်သပ် ပေးလေသည်။
"ဟီး---- ဟီး---- ဟီး--- ဟီး-----"
"စိတ်ကိုလျှော့ စိတ်ကိုလျှော့"
"ဘုရားကို အာရုံပြုပါ"
အတန်ငယ်မျှကြာသော အခါ လူနာသည်မှာအရုပ်ကြိုးပြတ် ခွေကျသွားလေသည်။အားလုံးက စိုးရိမ်လျှက်
"ဟာ-----ဟာ-------လုပ်ကြပါဦးဟ"
အားလုံးက လူနာအား ဝိုင်းဝန်းဖေးမကာယှက်ခပ်သူကခပ် ဝိုင်းနှိပ်သူကနှိပ်လေသည်။
"ရေတိုက်လိုက်ပါဦးကွာ"
"မှန်ပ"
ကဲ စိတ်ချ ဘာမှဖြစ်တော့ဘူး"
"သက်သာရဲ့လား "
"သက်သာပါတယ် ဘုရား"
"အေးအေး"
image
ဆရာတော်ကတော့ ကွမ်းတစ်ယာ မြုံ့ရင်းခေါင်းလေးငြိမ့်ကာ ငြိမ့်ကာ နဲ့ကျောင်း ပြတင်းပေါက်မှ ကျောင်းပြင်သို့ ငေးကြည့်နေလေသည်။
အတန်ငယ်ကြာတော့ လူနာမှာ လန်းလန်းဆန်းဆန်းနှင့် ပုံမှန် လူ
ကောင်းတယောက် အတိုင်းပင် ဖြစ်နေလေသည်။
"ဘုန်းဘုန်းဘုရား ရွာအပြန်မိုးချုပ်မှာစိုးလို့ ပြန်ခွင့်ပြုပါဦးဘုရား"
" အေး အေ ဘာမှမစိုးရိမ်နဲ့ အားလုံးကင်းပြီ"
"မှန်လှပါ ဘုရား"
လူနာနှင့်တကွ လာရောက်ပို့ဆောင်သူ အားလုံး ကျောင်းပေါ်မှ ပြန်
ဆင်းသွားကြ လေသည်။ကျောင်းအောက်ရောက်တော့ ဆရာတော့်မှ
ကျောင်းပေါ်ကနေလှမ်းအော်သည်။
"မင်းတို့လှူခဲ့တာကို ကျောင်းပေါက်ဝ ရောက်ရင် ဘုရားပေါ်တက် အမျှပေးဝေလိုက်ဦး"
"မှန်ပ ပေးဝေလိုက်ပမယ်ဘုရား"
ထိုလူအုပ်စုလဲကျောင်းထိပ် အရောက်တွင်မုဒ်ဦးအဝင်ဝရှိ မှန်စီရွှေချ
အကျွတ်အလွတ်စေတီတော်မြတ်အား ရှိခိုးဦးချ အမျှပေးဝေနေသည်ကို ကျောင်းပေါ်မှနေ တွေ့နေရသည်။
"ဘုန်းဘုန်း"
"ဟေ"
ဟိုသရဲ ဘယ်ရောက်သွားလဲ
image
google photo
"သူက ခုကျောင်းအဝင် သီဟိုရ်ပင်မှာ"
ဟုဆိုကာ ဆရာတော်မှာလက်ညှိုးထိုးပြရင်း ပြုံးလျှက်ထွက်သွား
လေသည်။
အောင်ဇော်ဖြိုးနှင့်ကျွန်တော်မှာတော့ တယောက်နဲ့ယောက် ကြည့်လိုက် သီဟိုရ်ပင် ကြည့်လိုက်နှင့် နှစ်ယောက်သား ကျောင်းအောက်ပင် မဆင်းရဲတော့ပေ။သူသည်လဲ အေးချမ်းရာနေရာ
တခုရရှိသွားလေတော့သည်။ကျွတ်ရန်လွတ်ရန် အချိန်တန်ပါက
ကောင်းရာမွန်ရာ ဘုံဘဝများမှာ ရောက်ရှိစံစားနိုင်ပါစေဟု ဆုတောင်း
ပေးလိုက်ပါသည်။
image
google photo

ရေးသားသူ - MSC - 042
@mgmgaung

Sort:  

Gp4က​လူ​တွေက သရဲ​ကြောင်းသိပ်​​ရေးကျတာပဲ​နော်​ ​ကြောက်​​တောင်​လာပြီ

သရဲဇတ်လမ်းများg4တွင်ဖတ်ရှုနိုင်ပါပီပေါ့

ကျွန်တော်လဲကူပြီးတော့ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

သာဓုပါပါဗျာ သာဓုသာဓုသာဓု

မယုံရဲ ယုံရဲ ပရ​လောကအ​ကြောင်းများက
စိတ်​ဝင်​စားစရာ​တော့​ကောင်းတယ်​ဗျ

ကိုတွေ့တွေမို့ယုံကြည်ပေးပါဆရာနယ်မြို့တွေမှာခုချိန်ထိရှိနေဆဲပါဆရော

သရဲဇာတ်​လမ်းဆို စိတ်​​တော့ဝင်​စားတယ်​ ဆုံး​အောင်​လည်းဖတ်​တယ်​ ပြီးရင်​​တေ​ကြာက်​တယ်​ 😁😁

ကြောက်ပါနဲ့ဗျာ

တို့ G4ထဲ သရဲဇာတ်လမ်း အတော်ရေးကျတယ် ဇာတ်ကွက်တစ်မျိုးဆီနဲ့ စိတ်ခြောက်ခြားအောင်လုပ်နေကျဒယ်ခွယ်

ကျွန်တော်လဲညမှအားလို့ရေးတာပြန်မြင်ရောင်ပီးအိပ်မက်ထဲထအော်ပေါ့ဗျာ

ကြောက်တယ် 😁

ကြောက်ပါနဲ့ဘာမှဖြစ်ပါဘူးအမ

ကြောက်ကြောက်နဲ့ဖတ်နေရတယ်။ရေးထားတာကောင်းတယ်အကို။တော်သေးတာပေါ့ ဆရာတော်က နိုင်လို့။မဟုတ်ရင်တော့ မတွေးဝံ့ဘူး။

ဟုတ်တယ်ဆရာရေ ဆရာမနိုင်တာတွေတောင်ရှိတယ် ဘုန်းကြီးမှလို

ခေါင်းစဉ်​ကြားရုံ့တင်​ ​ကြောက်​ဖို့​ကောင်းခလာပြီ

ကျေးဇူးပါဗျ

Nice post

ကျေးဇူး

ဖတ်လို့ ကောင်းပါတယ် သရဲတော့ ကြောက်တယ်

ကေျးဇူးပါ

သရဲဖန်ပါဗျို့ ထပ်ရေးပါ

ဟုတ်

မိုက်သဟ

ကျေးဇူး

ညတစ်​​ယောက်​တည်းအိ​ပ်​ရတာပါဆို

ဟီးဟီးတငယ်

သရဲ ဆိုတာ အပြင်​မှာ တစ်​ခါပဲမြင်​ဖူးတာ သရဲအ​ကြောင်း​တွေ​တော့ နား​ထောင်​ဖူးတယ်​ စိတ်​ဝင်​စားတယ်​အကို

ဆက်ပြီးကြိုးစားရေးပမယ်။

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 3.73% upvote!
I was summoned by mgmgaung. I have done their bidding and now I will vanish…
woosh


P.S. If you or anyone you know has been a victim of @grumpycat please know that he has been harming people throughout Sōsharumedia (ソーシャルメディア). Stealing the service that I (and other bots) have provided them and hiding behind a facade of stopping bid bot abuse which he clearly has no interest in.
Sneaky Ninja is a very responsible bot, working directly with steemcleaners, actively pursuing spam and abuse on our platform. If you would like to see what steps Sneaky Ninja has taken to fight bid bot abuse see this post and this post. Also know that I am working daily on other solutions.
If you would like to know my personal take on bid bot abuse and why I do not agree with the 3.5 day rule, see this post

Grumpycat is a villain that must be stopped to protect our freedoms here on steemit!

resist grumpycat
There is a resistance that has formed to counter his tyranny.

If you would like to take an active role in stopping this menace and helping other victims like yourself...
Learn More Here
Kusari-Profile-small.jpg

I have also summoned my love, Kusari to offer some limited help to victims like you.
See Here

thank you

ခြောက်နေကျတာ နည်းမျိုးစုံနဲ့ ဒီကြားထဲ မှော်ပညာက ပါလာကျသေး

ဟုတ်တယ်g4သရဲများနေပီဘယ်ပြေးရပ
စဉ်းစားနေတာ သရဲပဲပေါ်လာတယ်ဟဟီးဟီး