မေ့ပျောက်နေတဲ့သတိ ဒီနေ့မှပြန်ပြီး အသိကပြန်ဝင်လာပါတော့တယ်
"ဟုတ်သားပဲ ငါမေ့နေလိုက်တာ"
ကျွန်တော်တို့ မိသားစုဝင်တွ ကိုးကွယ်တန်ဖိုးထားရပါသော မြတ်စွာဘုရားရှင်နှင့် ကျေးဇူးတော်ရှင် ရွှေပေါက်ပင်တောရ ဆရာတော်ဘုရားကြီးတို့အား နေစဉ်နှင့်အမျှဝတ်ပြုနေလာပြီး မှ ပျက်ကွက်ခဲ့တာ သုံးလတောင် ကျော်ခဲ့ပါပြီ။ဆရာ တော်က ကျွန်တာ့ကို မိန့်ခဲ့ဖူးသည်။မင်းဟာအသိတော့ရှိပြီး သတိမရှိဘူး။ဆရာတော် ဆိုဆုံးမချိန်မှာ ကျွန်တော် ခေါင်းပင်မဖေါ်ရဲခဲ့ပါ။ဘာကြောင့်လဲ မိမိကိုယ်မိမိသိနေသည် မဟုတ်ပါလား။ယခုလဲမေ့လျော့နေသည်မှာ ၃လကျော်ခဲ့ ပြီ။မိမိအိမ်တွင် ဘုရားစင်နှင့်တကွ ဆရာတော်၏ ပုံတော်များပါရှိလျှင် မြင်တွေ့နေပါလျှက် သတိမမူခဲ့ပဲ နေလာခဲ့မိတာ အကြိမ်ကြိမ်အခါခါ ဖြစ်၍နေပေပြီ။
ဝန်ခံပါသည် ပြန်လည်စဉ်းစားကြည့်ပါက ပျော်ရွှင်ချမ်း မြေ့ဖွယ်အရာဟာ ဘုရားရိပ် တရားရိပ် မဟုတ်ပါလား။မနက်အိပ်ရာ ထ မိမိအိမ်တွင်းရှိ ဘုရား စင်တွင် ဘုရားရှင်အားမုန့်ဆွမ်းလေးကပ် ဆီမီးလေးပူဇော် အမွှေးတိုင်လေးထွန်ညှိပူဇော်ကတော့ရသော ပီတိဟာ တနေ့တာလုံးစိတ်အစဉ် ရွှင်လန်းစေတာအမှန်ပါ။
ကျွန်တော်ကတော့ ဆရာတော် သင်ကြား
ပြသပေးထားတဲ့ သရဏဂုဏ် အဓိဋ္ဌာန်ကိုပူဇော်ပါတယ်။ဘုရားရှိခိုးကာ အဓိဠာန်တည်ရသည်။အဓိဋ္ဌာန်တည်သည်ဆိုသည်မှာ အရှင်ဘု ရား ဘုရားတပြည့်တော်သည် ယနေ့ ယခုချိန်မှစ၍ သရဏဂုဏ် အကျင့်မြတ်ကို အဓိဋ္ဌာန်ပုတီး(-----) ပတ် စိပ်ပါမည်ဘုရားဟု သစ္စာအဓိ ဋ္ဌာန်ပြုပါ၏အရှင်မြတ်ဘုရား။ ထိုသစ္စာအရာ၍ နတ်မင်းကြီးလေးပါနှင့်တကွနတ်မြတ်နတ်အပေါင်းနတ်ဒေဝါအပေါင်းဘုမ္မဇိုး ရုက္ခဇိုး အာကာကဇိုးအား၎င်း ထွက်ရာပေါက် ဆရာတော် ထွက်ရာပေါက်ဖိုးတော် သိုက်ချုပ်ဘိုးဘိုးကြီးနှင့်အကွ သိုက်နန်းရှင်အပေါင်း ကိုယ်စောင့်နတ် မြို့ စောင့်နတ် ရွာစောင့်နတ် သာသနာတော်စောင့်နတ်မင်းကြီးတို့အား ၎င်းဘဝဟောင်းမှ တော်စပ်ကျလေကုန်သော အမိအဖ အဖိုးအဖွား ကျေးဇူးရှင် တို့အား၎င်း ယခုဘဝတွင် တော်စပ်ကျလေကုန်သော အမိအဖ အဖိုးအဖွား ကျေးဇူးရှင်တို့အား၎င်း အပြင်၃၇မင်း အတွင်း၃၇မင်းတို့သည် ဤသက်သေအရာ တည်ပါစေသားအရှင်မြတ်ဘုရား။
ဤသစ္စာမကျိုးပေါက်ခဲ့သော် လိုသောဆု ပြည့်စုံရပါစေသား အရှင်မြတ်ဘုရားဟု တိုင်တယ်ကာ (9) ရက်တိုင် ပွားများပါ။
ဗုဒ္ဓသရဏံ ဂစ္ဆာမိ တလုံးချ
ဓမ္မသရဏံ ဂစ္စာမိ တလုံးချ
သံဃံသရဏံ ဂစ္စာမိ တလုံးချ
ပုတီးပတ်ရေ (၉)ပတ်မရလျှင်တောင် (၃)ပတ်မျှစိပ်ကြည့်ပါ။
ထို့နောက် ပြီးဆုံးသွားပါက အရှင်ဘုရား ဘုရားတပြည့်တော်သည်သရဏဂုဏ် အဓိဋ္ဌာန်ပုတီး(-----) ပတ် ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ထိုကဲ့သို့ ပွားများအားထုတ်ရသော ကုသိုလ်အဖို့ပါကကို နတ် မြတ် နတ်အပေါင်း နတ်ဒေဝါအပေါင်းနှင့်တကွ ဘုမ္မဇိုး ရုက္ခဇို အာကာကဇိုးအား၎င်းထွက်ရာပေါက် ဆရာတော် ထွက်ရာပေါက်ဖိုး တော် သိုက်ချုပ်ဘိုးဘိုးကြီးနှင့်အကွ သိုက်နန်းရှင်အပေါင်း ကိုယ် စောင့်နတ် မြို့စောင့်နတ် ရွာစောင့်နတ်သာသနာတော်စောင့်နတ် မင်း ကြီးတို့အား၎င်း ဘဝဟောင်းမှ တော်စပ်ကျလေကုန်သော အမိအဖ အဖိုးအဖွား ကျေးဇူးရှင် တို့အား၎င်း ယခုဘဝတွင် တော်စပ်ကျလေ ကုန်သော အမိအဖ အဖိုးအဖွား ကျေးဇူးရှင် တို့အား၎င်း အပြင်၃၇မင်း အတွင်း၃၇မင်း အမြင်အပ် မြင်အပ်အားလုံးနှင့်တကွ ကျွတ်သင့် ကျတ် ထိုက်သူအားလုံးတို့အား အမျှပေးဝေပါသည်။အမျှရ၍သာဓု ခေါ်ဆိုနိုင်ကြကာ တဆင့်ထက်တဆင့်မြင့်သော ဘုံဘဝများမှာစံမြန်းနိုင်ကြပါ စေဟု မေတ္တာ၃ကြိမ်ပို့ပြီးနောက် ကျွန်ပ်ပို့သသောမေတ္တာ ပေးဝေ သော အမျှကိုရယူပြီးကြ၍ မိမိတို့နေထိုင်ရာ ဘုံဌာနများဆီသို့ ပြန် လည်ကြွရောက်စံမြန်းနိုင်ကြပြီးဟု ရွတ်ဆိုပေးပါ။ထိုမှာသာသူတို့ကို ပင့်ဖိတ်အဓိဌာန်တည်ထားတဲ့အတွက် ပြန်ပို့ပေးရခြင်းပါ။ ထိုမှသာ
ပြန်လည်ကြွရောက်နိင်မှာလေ။
ဤစာမူဖြင့်ကုသိုလ် တရားပွားများအပ်ပါသည်။
ရေးသားသူ =kokokyaw(or)@mgmgaung(47)
msc လျှောက်ထားဆဲ
အကိုရေးထာလေးဖတ်ကြည့်မှကိုတိုင်အသိတရားလေးရသွးတယ်
ကျေးဇူးပါဗျ
ကျေးဇူးပါဗျ
သာဓု
ဟယ်တခါတည်းရယ်ဟီး
တခါတည်းရယ်ဟီးဟီး
ဆက်ရေးပါခင်ဗျ အားပေးပါတယ်
ကျေးဇူးပါဗျ
ကျေးဇူးပါဗျ
VERRY VERY GOOD.
ကျေးဇူး
ကောင်းပါတယ်ရှင့်
ကျေးဇူးပါ
သာဓုပါခင်ဗျာ
ကျေးဇူပါဗျာ
ဟုတ်ကျေးဇူးပါ
သာဓု သာဓု သာဓုပါဗျ
အကိုရေ တင်ထားတဲ့ ဓါတ်ပုံ ဘုရားပုံက တဇောင်းကြီးဖြစ်နေတယ်ဗျ
လူအမြင် မသင့်တော်ပါဘူးဗျာ ပြင်ပါအုန်း