ကံကောင်းခြင်းအတွက်ရှင်းလင်းချက်

in #myanmar6 years ago (edited)

https://steemit.com/myanmar/@mgmglattt/kundefinedkangyakhnglkesaang-f8261ac800b15
ကျွန်တော်အပေါ်ကlinkမှာ ကံကောင်းဖို့အတွက်နေ့စဉ်လုပ်ဆောင်ရမည့် အချက်ငါးချက်ကို ဖေါ်ပြခဲ့ပါတယ်။ ဖေါ်ပြပြီးခဲ့တဲ့ အချက်ငါးချက်နဲ့ ဆက်လက်ဖေါ်ပြမည့် နေ့စဉ်လုပ်ဆောင်မှုတွေ ကို စင်ဆက်မပြတ်လုပ်ဆောင်သွားမယ်ဆိုပါက ဒီဘဝအတွက်အကျိုးရှိရုံမကပဲ နောင်သံသရာအတွက်လည်းအကျိုးများစွာရှိပါလိမ့်မယ်။
image
crd-org-source
တနေ့တာအတွင်း ဒါန!သီလ!ဂုဏ်တော်!မေတ္တာ!ဘာဝနာပွားပုံကို ဖေါ်ပြပါ့မယ်။ မနက်မိုးလင်းတာနဲ့ကိုယ်လက်သန့်စင်ပြီး ဘုရားခန်းသို့ဝင်ကာ ဘုရားသောက်တော်ရေ ဆီမီး ဆွမ်းတို့ကိုကပ်လှူ လိုက်ပါ။ ထမင်းဆွမ်းကပ်ချင်ရင်တော့ စောစောထပြီးဆွမ်းအရင်ချက်ရမှာပေါ့။ ဒါဆိုဒါနကုသိုလ်ပြီးပါပြီ။ ကြာလှ သုံးမိနစ်ပေါ့။ တဆက်တည်း ငါးပါးသီလခံယူပါ။ ကြာလှနှစ်မိနစ်။ ပြီးလျင် ဂုဏ်တော်ကိုးပါထဲက တစ်ခုဖြစ်စေ ကိုးပါးလုံးဖြစ်စေ ပါဌိနဲ့ အနက်တို့ကိုသုံးမိနစ်ခန့်ပွားများပါ။ ပြီးလျင် ကိုယ်နှစ်သက်တဲ့ မေတ္တာပို့ကို နှစ်မိနှစ်ခန့်ရွတ်ဖတ်ပို့သပါ။ ပြီးပါက ဝိပသနာတရားအား ငါးမိနှစ်ခန့်အားထုတ်ပါ။ ဖေါ်ပြခဲ့ပြီးတဲ့အတိုင်းဝင်လေသိ ထွက်လေသိဆိုရပါပြီ။ ဒါဆိုရင်တထိုင်တည်းမှာပဲ ဒါန!သီလ!ဂုဏ်တော်!မေတ္တာ!ဘာဝနာတို့ကို လုပ်ဆောင်ပြီးသား ဖြစ်သွားပါပြီ။ ဒီကောင်းမှုကိုလုပ်ဆောင်မှုအတွက် ကျွန်တော်တို့ပေးရမည့်အချိန်ဟာအလွန်ဆုံး(၁၅)မိနစ်ပါ။ ဒီအချိန်လောက်တော့လူတိုင်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တနေ့တာရဲ့အစေားဆုံးအချိန်မှာ ကျက်သရေမဂ်လာရှိသော ကုသိုလ်စိတ်နဲ့စတင်ရတာ
ဘယ်လောက်ကောင်းလိမ့်မလဲ။ တစ်ခုတော့သေသေချာချာမှာချင်ပါတယ်။ စိတ်ပါလက်ပါလုပ်ဖို့လိုပါတယ်။
image
crd-org-source
ကုသိုလ်စိတ်နဲ့စခဲ့တဲ့တစ်နေ့တာဟာ စိတ်ချမ်းမြေ့ကြည်လင်နေပါလိမ့်မယ်။ နေခင်းရောက်တဲ့အခါ ခွေးလေးတွေ ကြောင်လေးတွေကိုအစာကျွေးပြီး ကုသိုလ်ယူလိုက်ပါဦး။ ပြီးလျင်မိမိပြုသမျှ ကုသိုလ်ကောင်းမှုတွေကို ဝေနေယျ သတ္တဝါအပေါင်းတို့အား အမျှပေးဝေခြင်းဖြင့် ကုသိုလ်ထပ်ယူလိုက်ပါဦး။ တိရိစ္ဆာန်တွေကိုကျွေးရတဲ့ကုသိုလ်
ဟာဘဝတစ်ရာ ချမ်းသာတယ်လို့ မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။ ညရောက်တဲ့အခါတနေ့တာရဲ့နားနေချိန်လေးထဲကနေ (၁၅)မိနစ်လောက်အချိန်ပေးပြီး ဒါန!သီလ!ဂုဏ်တော်!မေတ္တာ!ဘာဝနာတို့ကိုပွားပေးနိုင်မယ်ဆိုရင် ဒီတနေ့တာရဲ့ဖြတ်သန်မှုဟာ အရမ်းကို အဓိပ္ပါယ်ရှိသွားပါပြီ။အဲဒီညရဲ့အိပ်စက်မှုမှာလည်း အိမ်မက်ဆိုးတွေမက်ခြင်း နှစ်ခြိုက်စွာအိပ်မပျော်ခြင်းစတဲ့မကောင်းတဲ့အရာတွေအားလုံးမဖြစ်တော့ပါဘူး။စွဲမြဲစွာနဲ့ နေ့စဉ်လုပ်ဖို့တိုက်တွန်းချင်ပါတယ်။ ကျွန်တော်တို့နေ့စဉ် ထမင်းစားချိန်ရောက်လို့ မစားရရင် အရမ်းစာပြီး ကတုန်ကရင်ဖြစ်လာမယ်စားလိုက်ရမှ နေသာထိုင်သာရှိသွားသလိုမျိုး ဒီပွားများမှုကို မလုပ်ရသေးရင်တစ်ခုခုလိုနေသလိုမျိုး ဖြစ်တဲ့အထိနေ့စဉ်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အာစိန္နကံလို့ခေါ်တဲ့အလေ့အကျင့်ရသွားပါပြီ။ ကုသိုလ်တွေမြဲလို့ ကံဆိုးခြင်းတွေလည်းဝေးသွးပါပြီ။ အရင်ဘဝက ကံဆိုးစေမည့် အကြောင်းတစ်ခုခုကြောင့် ဒီဘဝမှာအဆင်မပြေမှု တစ်စုံတရာ ကြုံတွေ့ခဲ့ရင်လည်း မိမိပြုသမျှ ကုသိုလ်ကောင်းမှုတွေကို တိုင်တည်ပြီး သစ္စာဆိုပါ။ အကြိုးပေးပါလိမ့်မယ်။
image
crd-org-source
အထက်မှာဖေါ်ပြခဲ့တဲ့ကုသိုလ်ငါးမျိုးအကြောင်းကိုကျီးသဲလေးထပ်ဆရာတော်၏ ရေသားချက်များအားကိုးကား၍ မိမိ၏ကိုယ်ပိုင်ဟန်ဖြင့် ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။ ဒီစာပိုဒ်အားထည့်ရေးရတဲ့ ရည်ရွယ်ချက်ကတော့ကျွန်တော်၏ရေးသားချက်များမှာ ဆရာတော်များ၏ရေးသားချ က်များအား မိမိ၏ကိုယ်ပိုင်ဟန်ဖြင့် ပြန်လည်ဖေါ်ပြခြင်းဖြစ်၍ ကျွန်တော်တို့steemitမိသားစုများ ယုံကြည်စွာနဲ့ ပွားများကျင့်ကျန်နိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲ ကျန်းမာချမ်သာပါစေလို့ ဆန္ဒပြုရင်း ကျွန်တော့်ရဲ့ဖေါ်ပြချက်အား နိဂုံးချုပ်အပ်ပါတယ်။
MSC-251
@mgmglatt

Sort:  

စေတနာလေးတွေကို တွေ့ရပါတယ်တယ်အစ်ကိုရေ
ကောင်းသောပို့စ်လေးပါ

ကျေးဇူးပါဗျာ

သိပ်ကိုကောင်းပါတယ် အကိုရေ😊 ကြိုးစားကြည့်ပါမယ်ရှင့်အတတ်နိုင်ဆုံး လုပ်ကြည့်ပါ့မယ်

ဝမ်သာပါတယ်ဗျာ

အတော်ကို တန်ဖိုးရှိလှတဲ့ ဆောင်းပါးတစ်ပုဒ်ပါဗျာ

ဟုတ်ကဲ့
ကျေးဇူးပါ

ဗဟုသုတရပြီး​ကောင်း​သောပို့စ်​ပါ....

ဗဟုသုတရရင်ကျေနပ်ပါတယ်ဗျာ

ပဌာန်းရဲ့အဓိပ္ပာယ်ဖွင့်ချက်တွေဗဟုသုတရှိပါတယ်

ဟုတ်ကဲ့

လေးနက်တဲ့စကားလေးတွေနဲ့ ပြည့်စုံတော့ ဖတ်ရတာ ဗဟုသုတ ရပါတယ်
အကုန်မဟုတ်တောင် တစ်ဝက်လောက်တော့ ကျင့်ကြံကြိုးစာကြည့်ပါ့မယ်

တုန်ပြန်မှုတွေအတွက်အားရမိပါတယ်ဗျာ

သာဓုပါဗျာ ခုလို နားလည်အောင်ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ပါ။

သာဓုပါဗျာ ခုလို နားလည်အောင်ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ပါ။

ဆရာ့ ရဲ့  အလုပ်ပေးတရား postတွေ က ထိရောက်တော့
မန့် ဖို့ စကားလုံးတောင် ပျောက်ဆုံး ခဲ့လို့  အသိနဲ့ သတိ နဲ့ ဆင်ခြင်ပြီး
ဆယ်ယူလို့ မန့် ခဲ့လိုက်ရပါတယ်

အကောင်းဘက်ကို ရောက်လာကြဖို့မျော်လင့်ပါတယ်

အကောင်းဘက်ကို ရောက်လာကြဖို့မျော်လင့်ပါတယ်

ဗဟုသုတရပါတယဗ်ျ

ဟုတ်ကဲ့

ဟုတ်ကဲ့

ယုံကြည်ပါတယ် လိုက်လုပ်နိုင်အောင်ကြိုးစားပါ့မယ်

တိုက်တွန်းပါတယ်

  • ဒါန
  • သီလ
  • ဂုဏ်တော်
  • မေတ္တာ
  • ဘာဝနာ
    ဆိုတဲ့ အချက်ငါးချက်အားကြိုးစားအားထုတ်​ရန်​ တိုက်​တွန်း​ပေးသည်​အတွက်​ ​ကျေးဇူးတင်​ပါတယ်​ အစ်​ကို။

ဟုတ်ကဲ့ပါ

အရမ်းကောင်းမွန်တဲ့နှိုးဆော်ချက်ပိုစ့်လေးပါ

ကျေးဇူးပါဗျ

ခုလိုနားလည်လွယ်အောင် ရေးသားရှင်းပြပေးလို့ကျေးဇူးပါအစ်ကိုရေ လုပ်နိုင်အောင် ကြိုးစားပါ့မယ်

ကျွန်တော်လုပ်နေပါတယ်
အားလုံးကိုလည်းလုပ်စေချင်ပါတယ်