ယမမင်းနှင့်တွေဆုံခြင်း

in #myanmar6 years ago (edited)

ခေါင်းစင်ကိုတွေ့ပြီး မလန့်သွားပါနဲ့။ကျွန်တော်တို့လူသား တိုင်းသိသင့် လိုက်နာသင့်တဲ့ အချက်များစွာကိုကျွန်တော်ဖေါ်ပြသွားမှာဖြစ်ပါတယ်။ဖေါ်ပြမယ်ဆိုလို့ ကျွန်တော့်အတွေး ကျွန်တော်စိတ်ကူးတွေနဲ့ ဖေါ်ပြနေခြင်းမဟုတ်ပါဘူး။မြတ်စွာဘုရား၏ တရားတော်များကိုနာကြားမှတ်သားပြီးစာဖတ်သူများအားလုံးနားလည်လွယ်အောင် ကျွန်တော့်ရဲ့ကိုယ်ပိုင်ဟန်ဖြင့် ပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။
image
crd-org-source
မြတ်စွာဘုရားတို့မြည်သည် မည်သူတစ်ဦးတစ်ယောက်ကမှ တောင်းဆိုခြင်းမရှိပဲ တရားဟောလေ့မရှိပါဘူး။ တရားတစ်ပုဒ်ဟောချိန်တန်ပါက လက်ဝဲတော်ရံ ရှင်သာတိပုတ္တရာ(သို့) လက်ယာတော်ရံ ရှင်မောဂ္ဂလန်အားဗျာဒိတ်(အမူအရာ- ပြုံးတော်မူခြင်း)ပြတော်မူပါတယ်။ ထိုအခါ လက်ဝဲတော်ရံ(သို့မဟုတ်)လက်ယာတော်ရံက မြတ်စွာဘုရားအား အဘယ်ကြောင့်ပြုံးတော်မူပါသလဲလို့မေးသောအခါမှ မြတ်စွာဘုရားမှ တရားဟောလေ့ရှိပါတယ်။ သို့သော် ဘုရားပွင့်သည့်အခါတိုင်း မြည်သူတစ်ဦးတစ်ယောက်ကမှ တောင်းဆိုခြင်းမရှိပါပဲ ဟောကြားသည့်တစ်ရားတစ်ပုဒ်ရှိပါသည်။ ဌင်းမှာ"ယမမင်းနဲ့တွေဆုံခြင်း"ပဲဖြစ်ပါတယ်။ ဤတရားအားမြတ်စွာဘုရားသည် သတ္တဝါအပေါင်းအား သနားသောအားဖြင့် မေတ္တာဂရုဏာထားပြီး ဟောကြားခဲ့ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ပုထုဇဉ်လူသားများသေလွန်သော် သွားရမည့်နေရာ(၃)နေရာသာရှိပါတယ်။
၁။ အပယ်လေးဘုံသို့ အစစ်ဆေးမရှိရောက်ရှိခြင်း
ကံကြီးထိုက်တဲ့သူတွေပါ။ ကံကြီးငါးပါးကတော့အမိသတ်သောကံ! အဖသတ်သောကံ! သဃ်ာသတ်သောကံ!မြတ်စွာဘုရားအားသွေစိမ်းတည်အောင်ပြုသောကံ!သဃ်ာသင်းခွဲသောကံတို့ပဲဖြစ်ပါတယ်။ ဒီလိုလူတွေကတော့ ဒီဘဝအတွက် ငရဲပြည်ကိုဗီစာရသွားပါပြီ။သေတာနဲ့အစစ်ဆေးအမေးမြန်းမရှိ ငရဲပြည်ကိုတန်းရောက်တာပါပဲ။
image
crd-org-source
၂။ နတ်ပြည်သို့တိုက်ရိုက်ရောက်မည့်သူ
လူပြည်၍ရှိစဉ်အချိန်က ကုသိုလ်ကောင်းမှုအားနေ့စဉ်မပြတ် စိတ်ရောကိုယ်ပါပြုလုပ်သောသူ! သမထအောင်မြင်ပြီးသောပုဂ္ဂိုလ်! ဝိပသနာအားထုတ်ပြီး ဝေဒနာကျော်နိုင်သောပုဂ္ဂိုလ်!စတဲ့ပဂ္ဂိုလ်များကတော့ နတ်ပြည် ဗြဟ္မာပြည်သို့တိုက်ရိုက်ရောက်ပါလိမ့်မယ်။
၃။ ယမမင်းနဲ့တွေရမည့်သူများ
ထူးခြားတဲ့ကုသိုလ်ကောင်းမှုလည်းမရှိ ! သမထလည်းမအောင်!ဝိပသနာအားထုတ်မှုမှာလည်းပေါက်ရောက်မှုမရှိဆိုရင်တော့ အဲဒီလူတွေအားလုံးဟာ ကျိမ်းသေယမမင်းနဲ့ တွေရမှာဖြစ်ပါတယလို့မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။ [အဲဒီမှာ သမထနဲ့ဝိပသနာအကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ သမထဆိုတာက စိတ်ကလေးအား ခန္ဓာမှာမထားပဲ ပြင်ပမှာထားပြီး စိတ်တည်ငြိမ်မှုရှိအောင် ကျင့်ကြံခြင်းပါ။ ဤကျင့်စင်မှာပညတ်ထားတွေအများကြီးပါ။ စိတ်တည်ငြမ်မှုရှိဖို့လူသူကင်းတဲ့နေရာ! သန်ရှင်းတဲ့နေရာ!မြင့်မြတ်တဲ့နေရာစတဲ့ကန့်သတ်မှုတွေရှိနေတော့လူတိုင်းမလုပနိုင်သလို ပေါက်ရောက်မှုလည်းအင်မတန်ရှားပါတယ်။] ဝိပသနာကျတော့ လူတိုင်းလုပ်နိုင်တယ်။နေရာလည်းမရွှေးဘူး။ ဒါပေမဲ့ယုံကြည်မှု!ဝိရိယ!ဇွဲအားထုတ်မှုစတဲ့အချက်များဟန်ချက်ညီဖို့လိုပါတယ်။ ဒါဆိုရင်ဝေဒနာကျော်တယ့်အဆင့်ကို ရောက်နိုင်ပါတယ်။ ဝေဒနာကိုမကျော်နိုင်ဘူးဆိုရင်
တော့ ယမမင်းနဲ့တွေ့ရမှာပါပဲ။ ဒီအချက်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့တော်တော်များများဟာ ယမမင်းနဲ့တွေဆုံရမှာဖြစ်ပါတယ်။
image
crd-org-source
တွေဆုံပြီးဘာတွေဖြစ်မလဲဆိုတာကို အပိုင်း၂မှာဆက်လက်ဖေါ်ပြသွားပါ့မယ်။အားလုံးကျမ်းမာချမ်းသာကြပါစေ။

Sort:  

ခေါင်းစဉ်ကတော့အရမ်းလန်းတယ်

ဟုတ်ကဲ့

လန့်စရာလား လူတောင် မလန့်တာ ကျန်တာ ဝေလာဝေးပါ

ဘာတွေရေးနေတာတုံးဟ

ယမ မင်းနှင့်​​တွေ့ဆုံခြင်းဆို​တော့
အယ်​ ဘယ်​မှာ​တွေ့ခဲ့လဲမသိ ဆိုပြီး အဆုံးထိဖတ်​လိုက်​ပါတယ်

တစ်ပုဒ်ထဲရေးချင်တာဗျ typeရိုက်တာနှေးလို့
အချိန်လည်းမရလို့ပါ

အကို​ရေမတ်​စွာဘုရားမဟုတ်​ပူး
မြတ်​စွာဘုရားပါ

thanks
ပြင်လိုက်ပါ့မယ်

တစ်​ခု​တော့ မှတ်​လိုက်​ရပြီ မြတ်​စွာဘုရား ​မည်​သူ တစ်​ဦးတစ်​​ယောက်​မျှ ​တောင်းဆိုခြင်းမရှိဘဲ ​ဟောကြားသည့်​တရား​တော်​ တစ်​ပုဒ်​။

မှန်ပါတယ်ဗျာ

မှန်ပါတယ်ဗျာ

ယမမင်းနဲ့  မတွေ့ ခင် မနက်ဖြန်
ယမင်းနဲ့ ကျွန်တော် တွေ့ ဖို့ ရှိတယ်ဆရာ

နောက်တာပါ ဆရာ
အမြဲကုသိုလ်ကောင်းမှုတွေ လုပ်ပါ့မယ်

ဝင်းကိုမှာ စိတ်ကောင်းရှိပါတယ်နဲနဲကြိုးစားလိုက်ရင်ဖြစ်ပါတယ်

အော် နောက်ဆုံးဘဝ မရောက်ခင်စပ်ကြား ယမ မင်းနဲ့ အကြိမ်ကြိမ် တွေ့ကြရအုံးမှာ မြင်ယောင်မိပါသေးတယ်ဗျာ 😆😆

ပြင်ဆင်ထားဖို့လိုပါတယ်ဗျ

အပိုင်း၂ဆက်​အား​ပေးပါ့မယ်​...​ကောင်း​သောပိုစ့်​ပါ....

ဟုတ်ကဲ့
စောင့်မျော်မှုအတွက်ကျေးဇူးပါ

‌ကောင်း‌သောPostပါ။အပိုင်း ၂ ကို ‌စောင့်‌‌မျှော်‌‌နေပါ့မယ်‌အစ်‌ကို။

ယမမင်းနဲ့တွေ့တာလေးသိချင်မိတယ်

ခေါင်းစဉ်ကြည့်ပြီး မဖတ်ပဲ မနေနိုင်ဘူးလို့ 😊

နောက်တာလား

ဝေဒနာကိုကျော်နိုင်အောင်ကြိုးစားကြရပါမည်

that right

ခေါင်းစဉ်​ကြမ်း​ပေမယ့်​ ​ကောင်းလွန်းတယ်​ဗျ

ချီးကျုးတဲ့အတွက်ကျေးဇူးပါ

You got a 2.04% upvote from @oceanwhale With 35+ Bonus Upvotes courtesy of @mgmglattt! Delegate us Steem Power & get 100%daily rewards Payout! 20 SP, 50, 75, 100, 150, 200, 300, 500,1000 or Fill in any amount of SP Earn 1.25 SBD Per 1000 SP | Discord server