အမေ့ရဲ့ အချစ်တော်လေးတွေ....

in #myanmar8 years ago

7CCDDFE7-85CB-4720-9C27-D1CEAC884A25.jpeg

ကျွန်တော့် အမေမှာ မွေးထားတဲ့ သားသမီး သုံးယောက်ရှိတယ်။တကယ်တော့ ငါးယောက်ဗျ။ဟုတ်တယ်လေ သူ့ရဲ့ အချစ်တော် သားနဲ့ သမီးပါ ထည့်ပေါင်းမယ်ဆိုရင် ဆိုပါတော့။အမေက သူ့သားသမီးတွေတော့ သိပ်ချစ်သား တခါတလေ ကိုယ်တောင် pet ဘဝ ရောက်ရောက်သွားသလိုဘဲ။သူ့ သား နှင့် သမီး နှစ်ကောင် (အဲ မှားလို့) နှစ်ယောက်ကို တကယ့် သားရင်း သမီးရင်း တွေလိုဘဲ။"ခွေး(dogs) နှစ်ကောင်၊အဲ့ နှစ်ကောင်" အဲ့လိုတွေ သုံးနှုန်းရင် မကြိုက်ဖူးဗျ။ သား နှင့် သမီး လို့ သုံးနှုန်းမှ ကြိုက်တာဗျ။

ပထမတော့ ကျွန်တော်လည်း ဘယ်အကျင့်ရှိမလဲ။နောက်တော့ နှစ်ကောင် အစား အမေ့ သား နှင့် သမီး နှစ်ယောက်လို့ ပါးစပ်ကထွက်တတ်သွားတာပဲ။ထွက်မှဘဲ မထွက်ရင် ငရုတ်ကျည်ပွေ့ နဲ့ ထုခံရတော့မယ်။အမေ က ဒီလိုချစ်တာလည်း အကြောင်းရှိပါတယ်။သူက တကယ့်သားရင်း သမီးရင်းတွေလို ပြုစု မွေးမြူခဲ့ရတာကိုး။လသား အရွယ်လောက်ကတည်းက အမေ့လက်ထဲရောက်လာပြီး ကိုယ်တိုင် နို့ဗူးတိုက်မွေးမြူခဲ့ရတာလေ။အဲ့တော့ အရမ်းးချစ်ပြီပေါ့ဗျာ။
4BE54FFF-0745-4655-A41B-797CBCF966E3.jpeg

အဲ့ခွေးလေးတွေကလည်း အမေချစ်မယ်ဆို ချစ်စရာဘဲဗျ။ချစ်စရာ အမှုအရာတွေလုပ်ပြတတ်တယ်။ကျွန်တော်တို့ထက် အမေ့ကို ပိုချစ်စရာကောင်းအောင် လုပ်ပြတတ်တယ်။ လူစကားလည်း တော်တော်နားလည်သား
တခါတလေ ကျွန်တော်တို့တောင် အမေပြောတာ နားမလည်ဘူး။ပြောရမယ်ဆို အမေ့ခံစားချက်ကိုပေါ့။ အမေက သူ့သားသမီးတွေကမှ ပိုအားကိုးရသလို ဟာသနှောပြီးပြောနေတတ်တယ်။ဟုတ်တော့လဲ ဟုတ်တယ်ဗျ။

ဧည့်သည်ဘာညာ လာရင်များ ကျွန်တော်တို့က မကြားဘဲ (တကယ်က မကြားချင်ယောင်ဆောင်ရင်း မကြားတော့တာ) တံခါးထ မဖွင့်ပေးရင်များ သူတို့က တရူးရူး တရှဲရှဲ နဲ့ ကနာကိုမငြိမ်တော့ဘူး။ အမေ့(mother)ဆီ ပြေးလိုက် တံခါးဆီပြေးလိုက်ပေါ့။ ဟုတ်တယ်လည်း ဟုတ်ပါတယ် သူတို့လေးတွေရှိတာ ခြံလုံတယ် အားကိုးရတယ်။ သစ္စာရှိတယ်။ ကျွန်တော်တို့သာ အပေါင်းအသင်းရောင်းရင်းတွေနဲ့ အမေ့ကို ချန်ရစ်ခဲ့ပြီး သွားချင်ရာသာသွားတာ သူတို့က အမေ့နားက တစ်ဖဝါးမှ မခွာဘူး။

7CCE4AD1-EB87-4F08-8149-3DC6729526E1.jpeg

အဲ့လိုကို ချစ်စရာ(lovely) ကောင်းတဲ့ ကောင်လေးတွေ။တကယ်တော့ ခွေး(dog) တွေဟာ လူတွေအတွက် အကောင်းဆုံး အဖော်မွန်ပါ။သမိုင်းတစ်လျှောက် လူတွေနဲ့ ယှဉ်တွဲပြီး လူတွေရှိတဲ့ အရပ်ဒေသမှာ အကောင်းဆုံးအဖော်အဖြစ်ရှိနေခဲ့ကျတာ လူ့သမိုင်း စတင်ကတည်းကလို့ သိရတယ်။သူတို့လေးတွေ အပေါ် စာနာပါ၊နားလည်ပေးပါ။ သူတို့ ဝမ်းနည်းတာကို သတိထားမိရင် သူတို့လေးတွေမှာ လည်း ခံစားတတ်တဲ့ အသည်းနှလုံးရှိတယ်ဆိုတာ သိပါလိမ့်မယ်။

photos by @mgtoetat
written by @mgtoetat
MSC-073

  • [ ]
Sort:  

woow ချစ်စရာလေးတွေ

ဟုတ်ကဲ့ ကျေးဇူးပါဗျာ..

အာ့တော့ ဘာကိုပြောချင်တာလဲ

all dogs are special...

ခွေးတော့ချစ်တယ် မမွေးချင်ဘူး သံယောဇဉ်များလွန်းလို့

အဲ့တာတော့ ဟုတ်ပါတယ်ဗျာ.. 😢😢

ခွေးလေးတစ်ကောင်လောက်မွေးချင်လို့

မွေးစေဗျားး

သံယောဇဉ်တွေ :D

ဟုတ်တော့လဲ ဟုတ်ပါတယ်

အမှန်​ပါပဲ။ခွေးက​လေး​တွေကလူစကားနားလည်​​နေသလိုပဲတခါတ​လေမှာ။

အမှန်ပါဘဲခင်မျာ...

သဗ္ဗေသတ္တာကမ္မသကာပေါ့

တရားတွေကျကုန်ဘီ 😁😁

ချစ်စရာလေးတွေ။

ကျေးဇူးပါဗျာ

ချစ်ဖို့ကောင်းလိက်တဲ့ခွေးလေးတွေ ပေးပါလားတစ်ကောင်လောက်

ဒီတစ်ခါပေါက်ရင်ပေးမယ်ဗျာ...

This post has received a 1.77% upvote from thanks to: @mgtoetat.
For more information, click here!!!!
Send minimum 0.100 SBD to bid for votes.


Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount

You got a 1.75% upvote from @nado.bot courtesy of @mgtoetat!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

ခွေးချစ်တဲ့သူတွေကိုတော့ချီးကျူးပါတယ်
ကိုယ်ကတော့မချစ်တက်လို့

ဟုတ်ကဲ့ပါဗျာ..ခွေးလေးတွေ ဘဝကသနားဖို့ကောင်းပါတယ်...

အရေးအသားမိုက်လပြီ bro

bro မန့်ကြောင့် အားတက်ပြီလေ 👍👍

pet လေးတွေမြင်ရင် လွမ်းမိတယ် မိညိုရယ်။(မိညိုမ ဇတ်လမ်းကို ဖတ်ရှု့ပါလေ )

ဟုတ်ပါပြီဗျာ ညွှန်းပါဦးဘဒို...

ဒါက​တော့ ကျ​နော့ အချစ်​​တော်
ဂျင်း​ကြောင်​ စားစားပြီး ဝိတ်​ပိ​နေဘီ​လေIMG_20171221_151314.jpgပီ😂

နည်းတာကြီး မဟုတ်ပု 😬😬

အိမ်​မှာလည်းရှိခဲ့ဖူးတယ်​။
အဲလိုမျိုးနို့ဘူးတိုက်​ပြီး​မွေးခဲ့တဲ့​ကြောင်​​လေး​တွေ။
ခု​တော့မရှိ​တော့ပါဘူး။

ဝမ်းနဲတယ် ဘဒို 😢😞

This post has received gratitude of 0.78 % from @appreciator thanks to: @mgtoetat.