Made in Myanmar ဆိုလျှင်

in #myanmar6 years ago (edited)

image
မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာနိုင်ငံကြီးကို ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်စေလိုသည်။ နေ့စဉ်ဖတ်မှတ်လေ့လာခဲ့သော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် နည်းပညာထုတ်ကုန်မရှိ ဆန်စပါး၊ သားငါး၊ အထည်အလိပ်နှင့် သယံဇာတထုတ်ကုန်တွေသာရှိသည်၊
နည်းပညာထုတ်ကုန်မရှိသည့် နိုင်ငံတစ်ခုသည် အမြဲတစေ သူတပါးထက်နောက်ကျ ကျန်ရစ်နေမည်သာဖြစ်လေသည်။ ဤကိစ္စအတွက် အိုးကမပူစလောင်းပူ ဆိုချင်ဆို မိမိမှာနေ့စဉ်စိတ်ဆင်းရဲနေမိသည်၊ နည်းပညာထုတ်ကုန် ၊နည်းပညာထုတ်ကုန်၊ နည်းပညာထုတ်ကုန် ဘယ်ကများရမည်နည်း ဘယ်လိုများလုပ်ရမည်နည်း ဘယ်လိုစတင်၍ မြန်မာ့နည်းပညာကို တစ်ခေတ်ဆန်းစေမည်နည်း။
နေ့စဉ်နှင့်အမျှ နည်းပညာအသစ်အဆန်များ စဉ်ဆက်မပြတ်ထွက်ပေါ်နေကြသည်၊ အထူးသဖြင့် Robot များ၊ Drome များ gadget အမျိုးစုံ ထွက်ပေါ်နေကြရာ မိမိတို့နိုင်ငံမှ တိုင်းတပါးသားတို့၏ ထုတ်ကုန်များကို သုံးစွဲသည့်နည်းပညာကိုသာ လေ့လာနေကြရာ မိမိတို့ဝင်ငွေရရှိနိုင်စရာထက် ထွက်ငွေပေးအပ်ရန်သာတတ်သလိုဖြစ်နေသည်။ သူတို့က Software တွေမျိုးစုံထုတ်လုပ်ကြပြီး ကျွန်တော်တို့က ကိုယ်တိုင်ထုတ်လုပ်နိုင်ဖို့ဝေးစွ သုံးတတ်အောင်ပင်မနည်းလိုက်ပြီး သင်ယူနေကြရသည်။ ငွေရှာနည်း နည်းပညာများအလိုအရ ငွေကိုမရှာနိုင်ပဲ အသုံးပဲတတ်သူတို့သည် သေချာပေါက်ဆင်းရဲ လိမ့်မည်သာဖြစ်သည်၏ အမှန်လည်း ကျွန်တော်တို့မှာ ဆင်းရဲတွင်းကမတက်သေး။ နည်းပညာထုတ်ကုန်ကုန်တစ်ခုခု စတင်နိုင်မှာသာ လမ်းကြောင်းမှန်ပေါ် ရောက်လာလိမ့်မည်ဟုမိမိထင်မြင်မိပါသည်။
သို့နှင့် ကျွန်န်ုပ်သည် နည်းပညာထုတ်ကုန်တစ်ခုခု စတင်ထုတ်လုပ်နိုင်ရန် အသေးအဖွဲတစ်ခုခုက စတင်သင့်သည်ဟု တွေးမြင်မိသည့်အလျောက် Mobile ဖုန်း ဓာတ်ခဲ၊ Memory card၊ ဖုန်းကာဗာ စသည်တို့ကိုစဉ်းစားမိသည် ဖြစ်ရာ ဦးစွာ Memory card တွေဘယ်လိုထုတ်လုပ်ထားသလဲဆိုတာ သိချင်လာသည်၊ သို့ဖြင့် web browser များနှင့် youtube တို့တွင်လေ့လာကြည့်ရာ သူ၏ တည်ဆောက်ထုတ်လုပ်ပုံမှာ သိပ်ခဲယဉ်းပုံမရ သဖြင့် ထပ်မံ၍ စေ့စေ့စပ်စပ်လေ့လာပြန်ရာ နောက်ဆုံးတွင် Memory card ပြုလုပ်သည့်စက်များဝယ်ယူရရှိနိုင်ကြောင်း တွေရသည်၊ တစ်ချို့စက်များဆိုလျှင် မြန်မာကျပ်ငွေဖြင့် သိန်းသုံးလေးဆယ်ဝန်းကျင်ဖြင့် ရရှိနိုင်ကြောင်းတွေ့ရသည် ။ ဒါဆိုရင်တော့အဆင်ပြေပါပြီ၊၊ သိန်းသုံးလေးဆယ် ပြုတ်သွားချင်သွားပါစေ စတင်နိုင်ဖို့ကြိုးစားကြည့်ချင်လာပါသည်။ Memory card လေးများထွက်လာပြီဆိုရင် Made in Myanmar Memory card ဖြစ်ပြီ။ Memory card အောင်မြင်လျှင် ဓာတ်ခဲ size မျိုးစုံ၊ ဖုန်းကာဗာမျိုးစုံ နောက်တော့ အားသွင်းကြိုး၊ နားကြပ်စသည်ဖြင့် ထုတ်လုပ်သွားမည် ။တဖြည်းဖြည်းမှသာ နည်းပညာများဝယ်ယူ၍ ကိုယ်ပိုင် ဒီဇိုင်းဖြင့်ဖုန်းများထုတ်လုပ်သွားတော့မည်။
စဉ်းစားကြည့်တော့ အားရှိစရာပါ၊ သို့သော် Made in myanmar အကြောင်းစဉ်းစားကြည့်သည်၊
Made in myanmar ဟု တပ်ဆိပ်ကပ်လိုက်လျှင် ဝယ်မည့်သူရှိပါ့မလား။ဒီအတွေးက ကျွန်တော့်ကို အတော်ခေါင်းစားစေသည်၊ ကျွန်တော်တို့ထက်နည်းပညာအစစသာလွန်သည့် တရုတ်ပြည်ထုတ်ပစ္စည်းတွေပင်လျှင် Made in china ဆိုလျှင် လူအများကအထင်သေးလှသည်။
Made in Myanmar ဆိုလျှင်ကိုယ့်နိုင်ငံသား များပင်ဝယ်ယူမည်မဟုတ်။သို့ဖြစ်၍ Made in japan ဆိုပြီးသွားတတ်လို့လည်း မဖြစ်သေး။
ဂျပန်တို့သည် Made in Japan ဆိုပြီးကမ္ဘာကအထင်ကြီးလေးစားလောက်သည့် ဂုဏ်သိက္ခာကို အလွယ်တကူရလာခဲ့သည်မဟုတ် တစ်ချိန်တစ်ခါက မြင်မက်ကိုင်ပျက်ဂျပန်ထွက်ဆိုသည့် ကမ္ဘာ့နာမည်ပျက်စာရင်းမှ ယနေ့လိုဖြစ်လာရန် ဆယ်စုနှစ်များစွာကြိုးပမ်းထားခဲ့ခြင်းဖြစ်သည်၊
ဂျပန်ထုတ်ကုန်များကို ကိုးရီးယား၊ ထိုင်ဝမ်၊ ယိုးဒယား၊မလေးရှား၊ ဗီယက်နမ်တို့တွင်ဂျပန်နည်းပညာဖြင့် ဂျပန်တို့ကိုယ်တိုင်ထုတ်လုပ်သည့်တိုင် Made in malaysia, Made in Thai, Made in Singapore ဆိုလျှင် Made in Japan လောက်မကောင်းပါဘူးဟုသာထင်ကြသည်။ Made in Myanmar ဆိုလျှင်...
ကိုင်တောင်ကြည့်ပါ့မလား၊
အားလုံးသော မိတ်ဆွေများ အကြံဉာဏ်ပေးစေချင်ပါသည်။
မင်းစိုးနိုင်
MSC-010

Sort:  

ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ made in Myanmar ကို အားပေးပါတယ်။ ကိုယ်တိုင်လည်း ပြည်တွင်းဖြစ်ကို အားပေးဖို့ ပစ္စည်း စားသောက်ကုန် ထုတ်နေပါပြီ

Posted using Partiko Android

ကောင်းတယ် နည်းပညာထုတ်ကုန်မဟုတ်ပေမယ့်၊ ကိုယ်ထုတ်နိုင်တာထုတ်သွားပြီးတသ်နေ့ကျ အဆင်ပြေလာမှာပါ

Posted using Partiko Android

အကိုက ကိုယ်တိုင်မထွင်ဘဲ အသင့်ပြုလုပ်လို့ရအောင်ဝယ်မယ် ဆိုထဲက made in myanmar တံဆိပ်မတပ်သင့်တော့ပါ
အနည်းဆုံး CNC စက်လေး ကိုယ်တိုင်ဒီဇိုင်းဆွဲ program
ကိုယ်တိုင်ရေး ထုတ်ဦးတော့ ကိုယ် ပိုင်အမှတ်တံဆိပ်ထုတ်
မယ်ဆိုရင်တော့ဖြင့် အားပေးချင်စမ်းပါဘိရှင်။

Made in myanmar ဆိုတာက မြန်မာပြည်တွင်လုပ်သည်ပဲဆိုတာပါ၊မြန်မာလုပ်ငည်လို့မဆိုသေးပါဘူး၊ torishina japan ပစ္စည်းတွေ သူများနိုင်ငံမှာသွားထုတ်တော့ ထုတ်တဲ့နိုင်ငံအမည်နဲ့ torishima ပေါ့ ၊ကိုယ်တိုင်မှမထုတ်တတ်သေးတော့ ဒီလိုပဲသွားရင်း နောက်တော့ နည်းပညာပါရလာမယ်ထင်ပါတယ်

Posted using Partiko Android

အရင်ခေတ်တုန်းက မောင်ဗမာစက်ဘီးတွေ စီးလို့ကောင်းဆို ဦးမင်း

မောင်ဗမာစက်ဘီးတွေကမဆိုးဘူးနော၊ ထပ်တင့်တိုးတက်အောင်မလုပ်နိုင်တော့တာဆိုးတာ

Posted using Partiko Android

UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Hi, @minsoenaing!

You just got a 0.42% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

မိတ်အင်မြန်မာ ဘီပီအိုင်ဆေးဝါးတွေ ဝယ်ရတာမလွယ်ဘူးလေ

ဟုတ်ပါတယ်၊ မြွေဆေးဆိုရင် သူများနိုင်ငံတွေတောင်ပို့ဖို့လုပ်နေပါပြီ။ အများကြီးတော့လိုသေးတာပါ

Posted using Partiko Android

အရည်​အ​သွေးပြည့်​​နေရင်​...ပထမ​တော့မကိုင်​ကြည့်​​ပေမဲ့...တဖြည်းဖြည်းသုံးစွဲသူများလာမယ်​ထင်​ပါတယ်​...

Posted using Partiko Android

အရည်အသွေးပြည့်ရင်လို့ပြောမှ အားငယ်လိုက်တာလွန်ပါရော နည်းပညာက အဆင့်မမီတော့လေ

Posted using Partiko Android

တချို့က Made in myanmar ဆို ကို​ယ့်​လူမျိုး ကကို အထင်​​သေးခြင်​ကြတာ

တို့မြန်မာကလည်း အထင်ကြီးစရာလုပ်မပြနိုင်သေးတော့

Posted using Partiko Android

ကိုရီးယားမျက်မှန်ကိုင်းလိုပေါ့ ကိုင်းစစ်ကြောင်း ကွေးကွေးပြတာ အဲဒီလိုလုပ်ကြည့်ပေါ့လေ

Posted using Partiko Android

ဒီလိုကွေးလို့ဒီလိုကျိုးသွားရင်တော့ မယူကြပါနဲ့ဆိုတာမျိုးလေးလား

Posted using Partiko Android

မကျိုးဘူး ပျော့တွဲလည်း မကျသွားဘူး

Posted using Partiko Android

ဈေးကွက်မှာ ထန်းလျက်ကို ကိုယ်တိုင် ထီထွင် လုပ်ပြီး ပါကင် လှလှလေးထုတ် made in,myanmar တပ် ဝယ်ကြပါတယ် တကယ်ဗျ😁

Posted using Partiko Android

ဒီနေ့ အထည်ချုပ်စက်ရုံတွေ ကိုးရီးယား၊ တရုတ်စတဲ့သူတွေမြန်မာပြည်မှာလာလုပ်နေကြတာ Made in myanmar လုပ်ရတာပဲလေ၊ကျွန်တော်ခုပြောနေတာက နည်းပညာထုတ်ကုန်အကြောင်းပါနော်၊ နည်းပညာထုတ်ကုန်က စီးပွားရေးအတွက် အကောင်းဆုံးမို့ပါ

Posted using Partiko Android

YOU JUST GOT UPVOTED

Congratulations,
you just received a 12.45% upvote from @steemhq - Community Bot!

Wanna join and receive free upvotes yourself?
Vote for steemhq.witness on Steemit or directly on SteemConnect and join the Community Witness.

This service was brought to you by SteemHQ.com

Congratulations @minsoenaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

မြန်မာဆိုတာ ခုတော့အစစအရာရာ နိမ့်ကျကျန်ခဲ့တယ် တွေးမိတိုင်း ရင့်ထဲနင့်တယ်

တစ်နေ့နေ့တစ်ချိန်ချိန်တော့ မြန်မာတွေအလှည့်ရောက်လာမှာပါ၊သို့သော် ဘယ်နေ့မှန်းမသိ

Posted using Partiko Android

လက်၇ှိမြန်မာအခြေနေက ဈေးသက်သာတာကိုပဲ ဦးစားပေးနေကြတဲ့အနေအထားဖြစ်နေတာပါ။ တကယ်လို့ ကိုယ့်ဆ၇ာ ကိုယ်တိုင်ထုတ်နိုင်ရင်တောင် made in myanmar မို့အားပေးတာမပေးတာကနောက်မှစဉ်စားစရာဖြစ်မှာ။ အရင်စဉ်းစားရမှာက တရုတ်ထုတ် ကဒ်တွေရဲ့ဈေးနဲ့ ယှဉ်ရောင်းနိုင်ပါ့မလားဆိုတာကို အရင်စဉ်းစားရတော့မှာ။ ဈေးယှဉ်ရောင်းဖို့ ကုန်ကြမ်းက အစ စက်အဆုံး အကုန်လုံးနိုင်ငံတကာကနေ သွင်းရမှာ။ သွှုးတဲ့အခါ ကိုယ့်အစိုးရက အခွန်လျော့ပေါ့မပေးဘူး။ အသားကုန်သမတာ။ နောက် သွှုးရတာခက်ခဲတာ။ စတဲ့အခက်အခဲတွေနဲက မို့ ထုတ်လုပ်သူလူတန်းစားဖြစ်လာမဲ့ သူတွေဟာ ထုတ်လုပ်မှုကိုစိတ်ကုန်ပြီး ကိုယ်တိုင်ထုတ်တာထက် လူပင်ပမ်းသက်သာ အမြတ်ပိုကျန် ပိုလွယ်ကူမှုရှိတဲ့ အလွယ်တကူ နယ်စပ်ကနေသာသွင်းရောင်းတဲ့အလုပ်ပဲလုပ်ကြတော့တယ်

ကိုယ်ဝယ်မယ့်စက်ကလည်းတရုတ်ထုတ်ဆိုတော့

Posted using Partiko Android