MSC Review နှင့် Steemit တွင်စာရေးနည်း
in #myanmar6 years ago (edited)
image
image
စာရေးနည်းနှင့်ပတ်သက်၍ ရေးသားသူများရှိပါသည်။ ထိုအထဲတွင် ဆရာတင်လှိုင်ဦးသည် (@tinhlaingoo) စည်းစနစ်အကျနဆုံးသင်ကြားပေးနိုင်သူဖြစ်ပါသည်။ ယခုကျွန်တော်တင်ပြမည့်နည်းစနစ်မှာ Steeemit platform ပေါ်တွင်သာ ရေးသားနည်းဖြစ်ပြီး မည်သည့် မဂ္ဂဇင်း၊ ဂျာနယ်တိုက်ကိုမှပို့လို့မရနိုင်ပါ။ ကျွန်တော်၏ စာရေးနည်းကိုမတင်ပြမီ MSC Review ကိုအရင်နည်းနည်းလောက်ပြောချင်ပါသည်။ အမှန်တော့ Steemit platform တွင် မည်သို့ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ MSC တွင် အဓိကရည်ရွယ်ချက် (၂)ခုရှိပါသည်။ပထမ အချက်မှာ မြန်မာလူငယ်များအတွက် ပုံမှန်ဝင်ငွေတစ် ရပ်ဖန်တီးပေးလိုခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာမြန်မာလူငယ်များကို စာဖတ်စေလိုရင်း၊ မြန်မာစာအရေးအသားတိုးတက် လာစေလိုရင်း ဖြစ်ပါသည်။ နောက် တတိယအချက်မဟုတ်သော်လည်း ရိုးသားစေလိုရင်းလည်းရှိပါသည်။
ပထမရည်ရွယ်ချက်အကြောင်းကိုအထူးပြောနေစရာမရှိပါ။ ငွေရနိုင်မည်ဆို၍ စာလာရေးသူချည်းဖြစ်ပါသည်။ Steem ဈေး ကျသည်တက်သည်ဆိုသည်ကို သိပ်ဂရုမစိုက်ပါ။ အကြောင်းမှာ ရည်ရှည်သွားရမည့်ခရီးအဖြစ်နား လည်ထား သောကြောင့် ကိုယ့်အကောင့်တန်ဘိုး ၂၆ သိန်းဖိုးလောက်တက်သွားတုန်းကလည်းထူးပြီး ဝမ်းမသိမိသလို၊ အခုလို သုံးလေး သိန်းထက်ပိုမတန်တော့သည့်အချိန်တွင်လည်း ထူးပြီးဝမ်းမနည်းမိပါ။
ဒုတိယအချက်ဖြစ်သည့် စာဖတ်စေလိုရင်း၊ မြန်မာစာအရေးအသားတိုးတက်လာစေလိုရင်းအကြောင်းကို အနည်း ငယ် ပြောစရာရှိပါသည်။ကျွန်တော်သတိထားမိသလောက် အချို့မှာ ယခင်ကစာမရေးခဲ့ဖူးသူဆိုသော်လည်း အရေးအသား များ ထူးထူးခြားခြားတိုးတက်လာသူများကိုတွေ့ရပါသည်။အချို့မှာမူ စိတ်ပျက်ဖွယ်ရာအရေးအသားများကိုတွေ့ရဆဲဖြစ်ပါ သည်။ အရေးအသားမတတ်သည်ကို လေ့ကျင်သင်ယူသွားလျှင် တတ်လာနိုင်သော်လည်းအချို့မရိုးမသား လုပ်နေသူများကို တွေ့ရသည့်အခါ ကွန့်မန့်မရေးချင်လောက်အောင်စိတ်ပျက်မိသည်။ မှတ်မိသေးသည် မိန်းကလေးတစ်ယောက် သိုင်းဝတ္တုရေးသည် အထဲက ဇတ်လိုက်တွေအမည်က ဝမ်မင်းတို့၊ လျောက်ဝူတို့၊ဝူပေ့တို့ ပေးပြီး ထိုင်ဆန်းတောင်တို့ ၊ရှောင်လင်တို့၊ ဝူတန်းတို့ပါသည်။ ပြီးတော့သူကိုယ်တိုင်ရေးတာပါဟုဆိုလေသည်။ တရုတ်ဝတ္တုဘာသာပြန်ကြီးကိုသိသိကြီးနဲ့ UpVote ပေး Comment ရေးနေရတာလောက်စိတ်ပျက်မိတာမရှိပါ။ MSC စည်းကမ်းအရ ဒါတွေမပေးရင်ကိုယ်လည်း Promotion မရမှာဆိုတော့ မရေးချင်ရေးချင် Vote မပေးချင်ပေးချင်နှင့်ပေးခဲ့ရသည်။
နောက်တစ်ခု စိတ်ပျက်မိရတာသည်အခန်းဆက်ဖြစ်သည်။ ယခင်ကမိမိလည်းအခန်းဆက် ဝတ္တုနှစ်ပုဒ်လောက် ရေးခဲ့ဖူးသည်။ နောက်တော့ စာဖတ်သူကိုအားနာသဖြင့် မရေးတော့ပါ။ Steemit တွင် pro ပို့စ်တင်ရသည်မှာ ရေးချိန်၊ တင်ချိန်၊ ပုံရှာချိန်၊ သူများပို့စ်တွေဝင်ဖတ်ချိန်၊ Vote ပေးချိန်၊ Comment ပေးချိန်နှင့်အများကြီးကုန်သည်။ မကောင်းမကန်း အရေးအသားများကိုသည်းခံ၍ဖတ်ရှုပေးရသည်ကတစ်မျိုး၊ တစ်ခန်းပြီးတစ်ခန်းဆက်နေသော အခန်းဆက် ဆောင်းပါး၊ဝတ္တု များကို သည်းခံ၍ဖတ်ရှုပေးရသည်ကတစ်ဖုံဖြင့် လူက Steemit မှထွက်ပြေးချင်စိတ်ကို မနည်းထိန်းထားနေရသည်။ ဘယ်စာအုပ်လှန်ဖတ်ဖတ် အလွယ်ရနိုင်သည့် ဆုံးမစာတွေ၊ တရားစာတွေကူးတင်နေကြသူများကိုလည်းတွေရပြန်သည်။ ဒီတော့ Steemit platform တွင်ပို့စ်တစ်ခုရေးတော့မည်ဆိုလျှင် ခေါင်းထဲပေါ်လာတာစာဖြစ်အောင်ရေးလို့ရနိုင်သည် ဆိုသော်လည်း ခေါင်းက အမြဲတမ်းမပေါ်နိုင်ပါ။ စာတွေဖတ်ကိုဖတ်ရမည်။ ဒီတော့ ဖတ်ထားသည့်စာအုပ်ထဲမှာ စာတွေကူး ထည့်မလားဆိုတော့တစ်ချို့ကတွေးမည် ဒီစာအုပ်ကိုတော့ သူများတွေမဖတ်ရလောက်သေးပါဘူးပေါ့။ တကယ်လည်းမဖတ်ရ သေးတာဖြစ်ချင်ဖြစ်မည်။ ဘယ်သူမှမသိ သို့သော် ကိုယ်ကူးချတာကိုတော့ ကိုကောင်းကောင်းသိသည်။ ကိုယ့်လိပ်ပြာကိုယ် လုံနိုင်ပါရဲ့လား။ ယခု Steem တစ်ဒေါ်လာကို ငွေတစ်ထောင်ကျော်သာရှိသည်။ ကိုဟင်နရီပေးသော Upvote နှင့်မှ 2Steem$ လောက်ရသည်။ မြန်မာငွေ ၂၀၀၀ ကျော်လောက်အတွက် လိမ်စားနေရသလိုကိုယ့်ခံစားချက်ကို ကိုယ်ဘာသာ သတီရဲ့လားစဉ်းစားစေချင်ပါသည်။ ဆိုတော့ ကူးမထည့်နိုင်ပါဟုဆိုလျှင် ဥပမာ ကိုယ်ဖတ်တဲ့စာအုပ်က လဂွန်းအိမ် ဆိုပါတော့ စာထဲပါသည့်အတိုင်းကူးမလား၊ ကိုယ်နားလည်သလိုပြန်ရေးမလား။ တကယ်အမှန်အကန်ရေးချင်သူက ကိုယ်နား လည်သလိုပြန်ရေးမည်ဟုဆိုပါလိမ့်မည်။ တတ်နိုင်လျှင်ထိုသို့လည်းမရေးစေချင်ပါ။ သမိုင်းဖြစ်စေ၊ ရာဇဝင်ဖြစ်စေကိုယ့် ဘာသာပြန်ရေးလျှင် အချက်အလက်ကျန်တာ၊ အချက်အလက်မှားယွင်းတာမျိုးဖြစ်နိုင်သည်။ ဆိုတော့ ကိုယ်နှစ်သက်သည့် အပိုင်းကလေးကိုသာဆွဲထုတ်ပြီး သစ္စာတရားကို ရေးချင်ရေးပါ။ သူရသတ္တိကို ရေးချင်ရေးပါ။ ရန်သူအပေါ်ထားသည့် သူရဲကောင်းစိတ်ကို ရေးချင်ရေးပါ။ ရေးသည့်အခါလည်း ကွန်ပျူတာပေါ်မှ A4 တစ်မျက်နှာစာသာရေးပါ။ လက်ရေးဖြင့် ဆိုလျှင်စာနှစ်မျက်နှာလောက်ရှိပါမည်။ စာရှည်လွန်းလျှင် ဘယ် သူမှအချိန်မပေးနိုင်ပါ။ဖတ်ရမည့်သူကိုထည့်တွက်ပေးရမည်။ မည်သည့်စာအုပ်မှပြန်ရေးမည်ဖြစ်ဖြစ် မိမိအမြင်ကို ထည့်ဖြစ်အောင်ထည့်ပါ။ မိမိအမြင်(ဝါ)မိမိအာဘော်မပါလျှင် စာကို ကူယူးထားသည်လို့သာသိနိုင်ပါသည်။ တစ်ရက်စာတစ်ရက်နိဂုံးချုပ်ရေးပါ။ သူတစ်ပါးဝေဖန်နိုင်အောင်လမ်းဖွင့်ပေးပါ။ ကိုယ်ရေးထားသည့်စာက ဒဿနစာလိုလို၊ ခေတ်ပေါ်ကဗျာလိုလိုရေးပြီး အဓိပ္ပါယ်မှ မရှင်းမလင်းရှိစဉ် ဆက်ရန်….. ဆိုသောစာမျိုးသည် စာဖတ်သူကို ကွန့်မန့်ရေးရန် အလွန်ဒုက္ခပေးပါသည်။ “အားပေးခဲ့ပါသည်” “ကောင်းပါတယ်” အားပေးနေမယ်နော်” စသည်ဖြင့် ဝတ်ကြေတန်းကြေ ကွန်မန့်ပေးလို သူတို့အဖို့ ပြဿနာမရှိသော်လည်း စေတနာပါပါ ကွန့်မန့်ပေးလိုသူအတွက် အလွန်ခက်ခဲသည်။ Steemit platform ပေါ်လျှောက်ကြည့်လျှင် Vote ပေါင်း ထောင်ချီနေတာ၊ ကွန့်မန့်ပေါင်း ၅၀၀၊ ၆၀၀ ကျော်တွေ တွေ့မိပါလိမ့်မည်။ ကျွန်တော်တို့လိုသာ အားပေးခဲ့ပါသည်” “ကောင်းပါတယ်” အားပေးနေမယ်နော်” ရေးနေလျှင် တစ်ဖက်က ဘာပြန်ရေးပါတော့မည်နည်း။ ဝေဖန်စရာတွေ၊ မေးစရာတွေ၊ စောဒက တက်စရာတွေကြောင့် အပြန်အလှန်ဆွေးနွေးကြ၊ ငြင်းခုန်ကြ၊ မေးမြန်းကြပြုလုပ်နေကြတာမဟုတ်ပါလား။ ဒီလိုမေး စရာ ရှိမေးနိုင်အောင်၊ တွေးစရာတွေးနိုင်အောင် ၊ အငြင်းပွားစရာရှိပွားနိုင်အောင် ကိုယ့်အယူအဆကိုကိုယ့်အမြင်ကို ချပြပြီးသူ တစ်ပါးသူလည်း ဝေဖန်ဆွေးနွေးနိုင်အောင်လမ်းဖွင်းထားပေးမှာသာလျှင် Steemit တွင် အခြားနိုင်ငံမှ ကဲ့သို့ ကွန့်မန့်များ မြိုင်မြိုင်ဆိုင်ဖြင့် အဆင့်အတန်းရှိသော စာပေများပေါ်ထွန်းလာမည်ဟု မှန်းဆမိရင်း MSC Review နှင့် Steemit တွင်စာရေးနည်း ကို အဆုံးသတ်လိုက်ရပါသည်။
အချို့ကကျေးဇူးတင်ပြီး အချို့ကကြိတ်ဆဲလျှင်လည်းကိစ္စမရှိပါ ပြောချင်တာတွေပြောမိပါပြီ။
မင်းစိုးနိုင်
MSC-010
Photo – Google
Sort:  
ဤပို့စ်အားအကောင်းအဆိုးဝေဖန်ပေးကြကုန်သော MSC member အပေါင်းအားအထူးကျေးဇူးတင်ရှိပါသည်၊ စပြီးစာရေးစဉ်ကတည်းက ငါပြောသလိုအားလုံးလက်ခံကြလိမ်မည်ဟု ခံယူမထားခဲ့ပါ၊ သို့သော် တစ်စုံတစ်ရာ ထိန်းချုပ်မှုရှိသွားမည်ကိုတော့ သေချာပေါက်ယုံကြည်မိပါသည်၊ တကယ်တော့ MSC တို့သည်စာရေးသက်မသေးငယ်လှတော့ပါ၊ မိမိကိုယ်ကိုယ် change လုပ်မသွားနိုင်လျှင် နောင်လည်းဘယ်တော့မှ မပြောင်းလဲနိုင်တော့ပါ၊မိမိရေးသားခြင်းအတွက်ထိခိုက်မိသူများရှိပါက တောင်းပန်အပ်ပါသည်။
အဲတာကောင်းတယ်။ စာတော့ဖတ်ရမှာပေါ့နော်။စာများများရေဖို့ဆိုတာစာများများဖတ်ဖို့လည်လိုပါတယ်
ဦးမင်း သာမီးကို စောင်းပြောနေတာလားဟင် အခန်းဆက်ကပြီးတော့မှာပါပြီး သမီးရေးနေတာ တကယ့် အဖြစ်ပျက်ပါလို့😁
ဦးမင်းလည်းရေးခဲ့ဖူးပါတယ်၊ ဖတ်ရတာညည်းငွေ့တယ်၊စာတွေကအများကြီးဖတ်ရတာလေ၊စာအုပ်တွေရော အားလုံးရဲ့ပို့စ်တွေရောလေ နောက်ကိုလျော့စေချင်လို့ပါ
Super! via Kryptonia by @daytondoes
ဦးမင်း ပို့စ် ကို နှစ်ခေါက် ပြန်ဖတ်လိုက်သောအခါ ...
MSC review ဆိုသည်မှာ အဖွဲ့ဝင်တို့၏ Promotion post
ရေးသားပုံကို ထောက်ပြထားပြီး ၊ Steemit တွင် စာရေးနည်း
ဆိုသည်မှာလည်း Pro post များ အပေါ် ဦးမင်း ၏ အမြင်
သဘောထား ပင် ဖြစ်ပေလိမ့်မည်။
Comment ပေးသည် ဆိုရာဝယ် နားလည်ရင် နားလည်သလို
ထောက်ခံချက်များ ဖြစ်နိုင်သော်လည်း ၊ နားမလည် နားမလည်သလို
မရှင်းတာများ မေးခွန်းမေးနိုင်ပါမည်။သို့ မဟုတ် သဘောထား မတိုက်ဆိုင်ပါကလည်း ဝေဖန်ပိုင်းခြားနိုင်ပါမည်။ ထို့သို့ မဟုတ်စေကာပဲ
ဤသို့ဤပုံသာ ရှိရမည်၊ ဖြစ်ရမည် ဆိုလျှင်ကား ....
အယူအဆပေါ့လေ သတ်မှတ်ချက်တော့မဟုတ်ပါဘူး၊ကိုယ်ဖြစ်စေချင်တဲ့အကန့်အသတ်ပေါ့ဒါကြောင့်အပေါ်မှာစကားပလင်ခံထားပါတယ်၊ဘယ်မဂ္ဂဇင်းတိုက်မှပို့ရမယ့်စာရေးနည်းမဟုတ်ပါဘူးလို့
MSCမှာ ဦးမင်းလို ဆရာမျိုး‌တွေရှိတာ ဝမ်းသာမိပါတယ်‌။ဒီလိုသွန်‌သင်‌မှု ၊‌ဝေဖန်‌မှု‌တွေက ဦးတို့လိုလူကြီး‌ပြောတာ ပိုသင့်‌‌တော်‌ပါတယ်‌။အငယ်‌အချင်းချင်း‌ဝေဖန်‌‌ထောက်‌ ပြရင်‌ မကြိုက်‌တာထက်‌ မလိုလားအပ်‌တာ‌တွေ ဖြစ်‌‌စေပါတယ်‌။ကျွန်‌‌တော်‌လည်း ပြု ပြင်‌သင့်‌တာ ပြုပြင်‌ပြီး ဆက်‌လက်‌ကြိုးစားပါ့မယ်‌။တစ်‌ခု‌တော့ ‌ဆွေး‌နွေးတင်‌ပြချင်‌တယ်‌။စကားတစ်‌ခု‌ဟာ မှန်‌‌ပေမယ့်‌အချိန်‌အခါကြည့်‌ပြီးေ ပြာမှပို အကျိုးရှိ‌စေတယ်‌။အခုလို postတင်‌တဲ့သူကို ‌ကျေးဇူး‌တောင်‌တင်‌ရမယ့်‌အချိန်‌မှာ ဖိအား‌ပေးစကား‌တွေက မှန်‌တိုင်းမ‌ကောင်းဘူး။အဓိက ကခ‌လေး‌တွေအတွက်‌‌ပြောတာပါ။စာညံ့တဲ့ က‌လေးကို မင်းအသုံးမကျဘူးလို့ ‌ပြောခြင်းဟာ စာ‌တော်‌တဲ့သူ ဖြစ်‌ဘို့ အဟန့်‌အတား ဖြစ်‌‌စေပါတယ်‌။ယခင်‌လို pro အ‌ယောက်‌ ၃၀‌လောက်‌ တင်‌တဲ့အချိန်‌မှာ ပို‌ကောင်းနိုင်‌‌ပေမယ့်‌ အခုလိုအချိန်‌ မျိုးမှာကြ အန္တရာယ်‌ ဖြစ်‌‌စေတယ်‌။ တစ်‌ချို့က မ‌ရေးတတ်‌‌ပေမယ့်‌ကြိုးစား‌ရေး‌နေရရှာတယ်‌။ မ‌ရေးနိုင်‌လို့ ထွက်‌သွားကြတာ ကျွန်‌‌တော်‌‌တွေ့ခဲ့ရလို့ ယခုလိုတင်‌ ပြခြင်းပါ။ခ‌လေး‌တွေရင်‌ထဲကဟာကို ရဲရဲဖွင့်‌ချရဲဘို့ လမ်းဖွင့်‌‌ပေးဘို့လိုတယ်‌။အစကနဦးတည်းက ရိုက်‌ချိုးလိုက်‌ရင်‌ သူတို့‌တွေ ‌ရေးရဲမှာ မဟုတ်‌‌တော့ဘူး။‌ကောင်း‌စေချင်‌လို့‌ပြောမှပိုဆိုးသွားနိုင်‌တယ်‌။‌ရေး‌နေတာကြပြီး post ‌ကောင်းမထွက်‌တာက‌တော့ သူ့သမိုင်း‌ပေါ့ဦးရယ်‌။ယခု MSC ဟာ ‌မွေးမြူ‌ရေး ‌ကျောင်းအဆင့်‌ဘဲရှိပါ‌သေးတယ်‌၊proအဆင့်‌‌ရောက်‌ဘို့ အချိန်‌လို‌သေးတယ်‌။ဘာပဲေ ပြာေ ပြာ ဦးမင်းpostကို ကျွန်‌‌တော်‌ကြိုက်‌တယ်‌၊‌နောက်‌လည်းလိုအပ်‌တာရှိရင်‌ ‌ထောက်‌ ပြ‌ဝေဖန်‌‌ပေးပါဆရာ။ ပြုပြင်‌ပြီးကြိုးစားပါ့မယ်‌။ ‌ကျေးဇူးအထူးတင်‌ပါတယ်‌ ဦးမင်း။
MSC ကတစ်နှစ်ကျော်သက်တမ်းရှိပါပြီ၊ လူလည်းအတော်သန့်သွားပါပြီ ဒီနည်းပါးလှတဲ့လူလေးတွေကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံကို ချပြပေးတာပါ၊ စိတ်စေတနာ ဆန္ဒစောသွားပြီးဂရုဏာဒေါသသင့်သွားရင်နားလည်ပေးနိုင်ပါစေ
အပေါ်မှာ ဝေဖန်သူတွေ ရှိနေပြီးပြီဆိုတော့ နောက်ဆုတ်နေလိုက်ပါတယ်လေ ကျွန်တော်ရေးရင်လည်း ကွန်ပျူတာနဲ့ A4 သုံးမျက်နှာလောက်ရှိတော့ကာ
ကောင်းပါတယ် အားပေးခဲ့ပါတယ် ဆက်လက်အားပေးနေပါမယ် လို့ မရေးရဲပါဘူး ဆာမင်းစိုးရယ်
ကိုစိုးတို့လည်းစာရေးနည်းတွေ တင်နေကြသိပါတယ်၊ဒါက ထိထိရောက်ရောက် သွက်သွက်လက်လက်လေးဖြစ်စေချင်လို့ဒီပုံစံသွားမယ်ဆိုပြီးချပြတာပါ၊ဒါပေမယ့်အသက်ကြီးလူကြီးဆိုတော့ ချပြတာနဲ့မတူပဲ Line up ချပေးသလို ဒီအတိုင်းသွားကြဆိုပြီးပြောသလို ဖြစ်သွားတယ်နဲ့တူပါတယ်
pro တင်မှသာ ကွန်းမ န့် များတယ်ဗျာ အခု စာသာ ရေးတယ် မတင်တော့ ကွန်းမန့်  သိပ်မလာဘူး 😁
ဟိုတုန်းက အခန်းဆက်ရေးဖူးတယ်၊ Pro တင်တာတင်မတင်တာ မတင်ဘူး၊Pro မတင်တဲ့နေ့ဆို vote ရော comment ရောဘယ်သူမှမလာကြတော့ဘူး၊ လာရေးတဲ့သူမှန်သမျှ ဖုန်းဘေတစ်ထောင်စီထည့်ပေးပြီးခေါ်ခဲ့ရသေးတယ်
😁😁😁 ကျွန်တော်ကတော့ စိတ်လျှော့ထားပါပြီဗျာ ...
Upvote from kryptonia id blogjeremiah
ကျွှန်တော့မှာ ခုထိ ကောင်းကောင်းမရေးတတ်ပြီး ကိုယ်ရေးတာတွေ မကောင်းမန်းသိတော့ ဘယ်သူမှ လာမမန့်လဲ မ vote ချင်လဲ မvote မ မန့်ဘဲ နေလို့ရကြောင်း ဦးမင်း post မှ တစ်ဆင့် သတင်းကောင်းပါးအပ်ပါသည် ။
ရဘူး auto vote ထားတယ် မြတ်အောင် ပြန်ဘုပေးဘာ...ခိုခိုတို
တကယ်တော့ ဒိုမီရေ ဦးမင်းကသွားချင်လမ်းကြောင်းဖြစ်စေချင်တဲ့လမ်းကြောင်းကိုချပြတာပါ၊ တကယ်တော့ ဒီလိုမျိုးလမ်းကြောင်းနဲ့သွားစေချင်ရင် ကိုဟင်လုပ်သလို အစည်းအဝေးခေါ် အများဆန္ဒနဲ့ဆုံးဖြတ် ဆိုရင်ဘယ်သူမှစောဒကမတက်တော့ဘူးပေါ့၊ခုဟာက တစ်ယောက်တည်းသဘောနဲ့ ဒီလိုလုပ်ကြပါ၊ဒီလိုရေးကြပါ၊ဒီလိုမန့်ကြပါ၊ဆိုတော့ ဒါက ခံရခက်ခက်ကြီးနေမှာပေါ့၊ လာမမန့်ချင်မမန့်နဲ့မဘုတ်ချင်မဘုတ်နဲ့ လို့ပြောလည်းပြောချင်စရာပါ
တစ်ကယ်လဲ ကိုယ်မပေးချင်ဘဲ ကိုယ်စိတ်မပါဘဲပေးလိုက်တဲ့ vote တွေမန့်တွေက vote ရရှိတဲ့သူအတွက်လဲ မကောင်းပါဘူး vote လက်ခံတဲ့သူလဲ လိုချင်လိမ့်မယ် မထင်ပါဘူး သူများမလိုချင် ကိုယ်လဲ မပေးချင်တဲ့ တန်ဖိုးမဲ့ vote ကိုတော့ ဘာလုပ်လို့ အောင့်အီးပေးနေမလဲ ကျွှန်တော်လဲ မပေးချင်တဲ့ post တွေ့ရင် မပေးဘူး အဲ့တာကြောင့် မပေးချင်းတဲ့သူတွေလဲ မပေးဘဲနေလို့ရပါတယ်ပြောတာပါ ။
တားတားတို့က​တော့ ဘာမှမ​ပြောတပ်ပါ​လို့ဝန်​ခံလိုက်​ပါ၏
ကောင်းတဲ့ ဘက်က တွေးရမယ်ဆိုရင် ကူးချတယ်ဆိုလည်း တစ်ခေါက်လောက်တော့ ဖတ်ဖြစ်သွားတာပေါ့ဗျာ
အချိန်ကြာလာတော့လည်း သူ့လိုင်းနဲ့သူ ပူးသွားမှာပါ
အချိန်ကြာလာတော့လည်းဆိုတာက အခု စာမရေးတော့တဲ့သူတွေများများက အဲလိုလူတွေဖြစ်နေရင်ဘယ်လိုလုပ်မလဲ၊ လက်ကျန်လူတွေ စနစ်ကျသွားစေချင်လို့ပါ၊MSC သက်တမ်းတစ်နှစ်ကျော်ခဲ့ပြီ ထူးမခြားနားမဖြစ်စေချင်တော့ဘူး
စာရေးတဲ့နေရာမှာလည်း သူ့အားသန်ရာ သူရေးကြလိမ့်မည်လို့
ထင်ပါတယ်။ အကြိုက်ချင်းတော့ ဘယ်တူနိုင်ကြမလဲဗျာ။
အကျိုးအကြောင်းဆီလျှော်တဲ့ ပို့စ်ကောင်းတစ်ခုရေးနိုင်ရင်ပဲ
ခုချိန်မှာ ကျေနပ်သင့်ပါတယ်။ ဝမ်းရေးအတွက် တစ်နေကုန် အလုပ်လုပ်နေရတဲ့ကြားက ဝါသနာပါလွန်းလို့တာရေးနေရတဲ့ လူငယ်အချို့လည်းရှိကြမှာပါ။
လက်ခံပါတယ် ၊အကောင်းဆုံးဖြစ်လာစေချင်ရုံပါ
Postကောင်းတစ်ခုဆိုတာ ဝတ်ကျေတန်းကျေ
ဖတ်ရတာထက်ပိုတဲ့ ကိုယ့်အတွက်Massageတစ်ခုခု
ကျန်ခဲ့စေတာမျိုးပါ
အဲ့လိုPostမျိုးတွေတင်နိုင်အောင်လည်းကြိုးစား
နေပါတယ်ဗျာ
စိတ်စေတနာတွေပါလာရင် ကောင်းလာမှာပါ ၊လက်ကျန်လူတွေဟာ ငွေရဖို့တစ်ခုတည်းသမားတွေမဟုတ်တော့ပါဘူး၊ ဒါကြောင့် စေတနာလေးထည့်ပေါင်းလိုက်ရင် ၊စာဖတ်အားလေးထည့်လိုက်ရင် အားလုံးအကောင်ဆုံးတွေဖြစ်လာမှာပါ
အချို.​တွေဆိုအားကျမိတယ်​....အချက်​အလက်​တစ်​ခုကိုအများစိတ်​၀င်​စား​အောင်​အများကြီး​ရေးနိုင်​တာမျိုး.....စာများများဖတ်​ဖို့လိုအပ်​​တာ​ပေါ.​နော့.....
ဟုတ်တယ် တိုးတက်မှုအများကြီးရှိတဲ့သူတွေလည်းတွေ့ရပါတယ်။ စာရေးဖို့စာဖတ်ရင်း ကြွယ်ဝလာကြတာပေါ့
နားလည်မှုလွဲသွားရင် ခွင့်လွှတ်ပေးပါ ပထမဦးစွာ
လေးလေးကို ရိုသေလေးစားပါသည် သို့သော် ကျွန်
တော်တို့ steemit မှာ ရေးသားကြတဲ့လူတွေ ကဗျာပဲ
ရေးရေး ဝတ္ထုပဲရေးရေး ဘာသာပြန်ပဲရေးရေး ဒဿန
ပဲရေးရေး စာရေးသူနဲ့ စာဖတ်သူဟာ စာထဲမှာပဲဆုံခွင့်ရှိပါတယ် ကျွန်တော့်တို့ရဲ့ စာပေတွေက မဂ္ဂင်းဇင်းတို
က်ကို ပို့ရလောက်အောင် အရည်သွေးမရှိပေမယ့် စာ
ရေးသူရဲ့ စကားလုံးတစ်လုံးဟာ စာဖတ်သူအတွက်
အများကြီးပြောင်းလဲသွားရင် တန်ဖိုးကြီးနေပါပြီ အ
ရေးကြီးဆုံးကတော့ " တန်ဖိုးဆိုတာ ကိုယ်တိုင်သတ်
မှတ်လို့မရပါဘူး " ရှိခဲ့ရင် အဲ့ဒါဟာ အတုပါပဲ
ကောင်းလိုက်တာ အဲတာမျိုး ကိုယ့်အမြင့်ကိုယ့်အယူအဆတွေ ပြောပေးတာအထူးကျေးဇူးပါ။တစ်ခုတော့ရှိတယ် steemit ကစာ ၇ ရက်ကျော်ဘယ်သူမှဝင်မဖတ်တော့ဘူး၊ တစ်ချို့ Pro. မရှိတဲ့ရက်တွေမှာတင်တဲ့ ဆရာတင်လှိုင်ဦးဆောင်းပါးတွေဆို အရမ်းကောင်းလွန်းလို့ resteem လုပ်ထားတာတောင် နောက်တင်တဲ့ ပို့စ်တွေအောက်မှာ မြုပ်သွားတာ ရှာမရတော့ဘူး၊
ဟုတ်​ကဲ့ပါ ကိုမင်း ခင်​ဗျာ
ကျွန်​​တော်​လည်း တတ်​နိင်​သ​လောက်​​တော့
ကိုယ့်​စိတ်​ထဲ ​ပေါ်ရာ ​ရေးသား​နေပါတယ်
ဒါ​ပေမယ့်
ကိုယ့်​ရဲ့ အ​ရေးအသား​တွေက စာဖတ်​သူ​တွေအတွက်​ အဆင်​​ပြေမယ်​လို့ ထင်​ခဲ့ပါတယ်
ကိုယ့်​ရဲ့ အ​ရေးအသား​တွေဟာလည်း စာ​ရေးသက်​ တစ်​နှစ်​ရှိသည့်​တိုင်​ တိုးတက်​လာသလား ဆုတ်​ယုတ်​သွားသလား တစ်​ခါမှ​တော့ မဆန်းစစ်​ကြည့်​မိပါဘူး
ဘာလို့ဆို ကိုယ်​က စိတ်​ထဲ ​ပေါ်ရာသာ ချ​ရေးတာဆို​တော့
ကိုယ့်​ကိုယ်​ကို ယုံကြည်​မိပါတယ်
ကိုယ့်​ အ​ရေး အသား​တွေ မတိုးတက်​​သေးဘူး လို့
ကျွန်​​တော့်​ Post ​တွေမှာလည်း ​ဝေဖန်​​ထောက်​ပြ​ပေးပါအုံးဗျာ😊
ဒီလိုကွန့်မန့်မျိုးရေးလာကတည်းက မညံ့တော့ဘူးဆိုတာခန့်မှန်းလို့ရပါတယ်။ အမှန်တော့ လက်ကျန်လူ ၂၀ ဝန်းကျင်က အတော်တိုးတက်မှုရှိပါတယ်၊ ပိုပြီးကောင်းစေချင်လို့သာ ဒီလိုမျိုးပြောတာပါ
steem မှာစာမရေးဖြစ်တော့ပေမယ့် တနေ့တကြိမ်နှစ်ကြိမ်လောက် ၀င်ဖတ်နေပါတယ်။
အလွန်ကောင်းတဲ့ပိုစ့်တစ်ခုပါ။ steem မှာ ဦးမင်းပြောသလို လုပ်စားနေတဲ့သူတွေ အယင်ကလည်းရှိတယ်၊ ခုလဲရှိနေဆဲ နောက်လည်းရှိနေဦးမှာပါ။
မြန်မာငွေ ၂၀၀၀ ကျော်လောက်အတွက် လိမ်စားနေရသလိုကိုယ့်ခံစားချက်ကို ကိုယ်ဘာသာ သတီရဲ့လားစဉ်းစားစေချင်ပါသည်။ ဆိုတဲ့စာသားက အဲဒီလိုလုပ်စားနေတဲ့သူတွေကို အမြင်မှန်ရစေမှာပါ။
နည်းနည်းတော့များသွားတယ်နဲ့တူပါတယ်။ လူ ၂၀ ဝန်းကျင်လောက်ပဲရေးတဲ့သူရှိရာက တင်သူမရှိတော့ဘူးဆိုရင် ငါတော့တရားခံဖြစ်ပြီ။ ကိုဟင်ရေ စုထားသမျှလေးလစ်ကုန်ရင် ကျွန်တော့ အပြစ်ပါဗျ
You got a 18.65% upvote from @upme thanks to @minsoenaing! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% from your share, daily payouts ( no commission ).
Quick delegation links: 25SP | 50SP | 100SP | 250SP | 500SP | 1000SP | 2000SP | 5000SP | Custom Amount
MSC member ဖြစ်ချင်လို့လိုက်ဝင်ပေမဲ့ အဆင်မပြေပေမဲ့လည်း ကိုယ့်ဆရာပိုစ်တွေကိုတော့ ဖတ်ဖြစ်တယ်။ vote တော့အမြဲပေးတယ်။ မန့်ကတော့ ပေးဖြစ်တာနည်းပါတယ်။ ပိုစ်တွေကနေ စေတနာကိုခံစားမိပါတယ်ဗျာ