ဈေးရောင်းနည်း လျှို့ဝှက်ချက်(၃)ခု

in #myanmar5 years ago (edited)

image

ဈေးရောင်းနည်း လျှို့ဝှက်ချက်(၃)ခု

အရင်ဆုံးဖောက်သည်ဆိုတာဘာလဲဆိုတဲ့အယူအဆကိုပြောပြချင်ပါတယ်။ ဒါကိုသေသေချာ ချာနားမလည် ရင် ကိုယ့်ရဲ့သတ်မှတ်ချက်ကလည်း အမြဲလွဲချော်နေမှာပါ။ဒါကြောင့် ဖောက်သည်ဆိုတာဘာလဲဆိုတာကို တိတိကျကျ သတ်မှတ်ထားဖို့လိုပါတယ်။လူများစွာက ဖောက်သည်ဆိုတာကို ကိုယ့်ရဲ့ပစ္စည်းမ ဝယ်သေး တဲ့သူကိုလည်း ဖောက်သည်လို့ခေါ်တယ်၊ဝယ်ပြီးသွားတဲ့သူကိုလည်း ဖောက်သည်လို့ပဲခေါ်တယ်။ ကိုယ့်ရဲ့ ဆိုင်ထဲကိုဝင်လာတဲ့သူကိုလည်း ဖောက်သည်လို့ခေါ်တတ်ကြတယ်။ ပစ္စည်း ၂ ခါလောက်ဝယ်ယူဖူးတဲ့သူ ကိုလည်းဖောက်သည်လို့ခေါ်တတ်ကြတယ်။ ဒါကလွဲမှားနေပါတယ်။ တကယ်တော့ဖောက်သည် အဖြစ် သတ်မှတ်ဖို့ အဆင့် ၆ ဆင့်လိုအပ်မှာဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ကတော့

၁။ Suspects လို့ခေါ်ပါတယ်။ အဲတာကတော့ ဆိုင်ထဲကိုဝင်လာတဲ့သူမှန်သမျှကို ခေါ်တာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့

၂။ Prospects ဖြစ်ပါတယ်။ မိမိရောင်းကုန်နဲ့ပတ်သက်နိုင်နဲ့သူတွေကိုခေါ်တာပါ။ ဥပမာ အလှကုန်ပစ္စည်း ရောင်းတာဆိုရင် ငယ်ရွယ်တဲ့မိန်းကလေးတွေကို ရွေးချယ်သတ်မှတ်ထားသလိုမျိုးပါ။ဒါပေမယ့် ဒီ(၂)ချက် က ဖောက်သည်လို့သတ်မှတ်နိုင်တာတော့မဟုတ်သေးပါဘူး။ ဖောက်သည်ဖြစ်ဖို့ အလားအလာရှိသူ အဆင့် ပဲရှိပါသေးတယ်။အဲဒီကမှတစ်ဆင့် ပစ္စည်းစတင်ဝယ်ယူပြီဆိုရင်တော့ ...

၃။ First-time ဖောက်သည်၊ ဖြစ်လာပါပြီ။ ပထမဆုံးအကြိမ်ဝယ်ယူသူပေါ့နော်။ဝယ်သူကပထမဆုံးအကြိမ် ဝယ်ယူပြီဆိုရင် Marketing အရလုပ်ငန်းပြီးဆုံးသွားပေမယ့်။ ဒီ ဖောက်သည်ကို အမြဲတမ်းမိမိဖောက်သည် ဖြစ်လာဖို့ စတင်ရတော့မှာပါ။ ဝယ်သူတစ်ယောက်ရပြီးရင် နောက်တစ်ယောက်ဖောက်သည် အသစ်ကို ထပ်ရှာမယ်ဆိုတဲ့ အယူအဆထက် First-time ဖောက်သည်ကို အမြဲတမ်းဖောက်သည် ဖြစ်လာဖို့ ကြိုးစားရ မှာဖြစ်ပါတယ်။ ဝယ်ယူအသစ်တွေရရှိဖို့အတွက် အမြဲတမ်းဖောက်သည်အသစ်တွေကိုဆွဲဆောင်ခေါ်ယူဖို့ ကြော်ငြာတွေ၊ အသုံးပြုနေရမယ်ဆိုရင် ဒါဟာခိုင်မာတဲ့စီးပွားရေးလုပ်ငန်းဖြစ်မလာနိုင်ပါဘူး။ ၇၅ ရာခိုင်နှုန်း လောက်က ဖောက်သည်ဟောင်းတွေက ထပ်တစ်လဲလဲ လာဝယ်ယူနေကြတာဆိုရင်တော့ ခိုင်မာတဲ့စီးပွား ရေးဖြစ်လာပါပြီ။ဒါကြောင့် အဲဒီ First-time ဖောက်သည်တွေကို ထပ်တလဲလဲဖောက်သည်ဖြစ်လာ အောင် ဘယ်လိုလုပ်ရမလဲ။ဒီနေရာမှာ ဖောက်သည်အချက်အလက်တွေရှိဖို့လိုပါတယ်။ အဆင့် (၄)မှာတော့..

၎။ Repeat ဖောက်သည်ရှိဖို့လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက်အချက်(၃)ချက်ပြောပြပါမယ်။ ပထမအချက်က ဝန်ဆောင်မှုအရမ်းကောင်းလို့အမြဲသွားချင်နေတဲ့ဆိုင်။ နောက်တစ်ဆိုင်က ကိုယ့်ဘဝမှာနောက်တစ်ကြိမ် ဘယ်တော့မှ မသွားချင်တော့တဲ့ဆိုင်။ နောက်တစ်ဆိုင်ကတော့ သွားတစ်လှည့်မသွားတစ်လှည့်ဆိုင်ပါ။ ဒီနေရာမှာ အမြဲတမ်းသွားချင်ဖို့ ဝန်ဆောင်မှုကောင်းခြင်းဆိုတာ အရေးပါလာပါတယ်။ ဝန်ဆောင်မှုမှာတော့ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုအပြင် ပစ္စည်းကလည်းအမှန်တကယ်ကောင်းမွန်ဖို့လိုအပ်တာဖြစ်ပါတယ်။ ပစ္စည်းဘယ်လောက်ကောင်းကောင်း ဝန်ဆောင်မှုမကောင်းတဲ့ဆိုင်မျိုးကို ဘယ်သူမှထပ်မသွားချင်သလိုမျိုး ဝန်ဆောင်မှုဘယ်လောက်ကောင်ေးကာင်း ပစ္စည်းလုံးဝမကောင်းရင်လည်း ဒီဆိုင်ကိုထပ်သွားကြမှာမဟုတ် ပါဘူး။ ဒီတော့ သွားတစ်လှည့်မသွားတစ်လှည့်ဆို သူတွေကို ပစ္စည်းကောင်းကောင်း၊ ဝန်ဆောင်မှုကောင်း ကောင်းနဲ့ အမြဲသွားဆိုင်တွေဖြစ်လာဖို့ လုပ်ကိုင်သွားရမှာဖြစ်ပါတယ်။ ပဉ္စမအဆင့်ကတော့ ....

၅။ Clients ဖြစ်ပါတယ်။ဒီအဆင့်က ဖောက်သည်ရဲ့အမည်ကအစရင်းနှီးနေပြီး သူအကြောင်းကိုယ့်အ ကြောင်းသိနေတဲ့ ဖောက်သည်မျိုးပါ။ အရမ်းရင်းနှီးနေပါပြီ။ သူဝယ်ယူလေ့ရှိတဲ့ ကုန်ကအစ ပြောစရာအလိုပဲ သိနေတဲ့ဖောက်သည်မျိုးပါ။ အဲဒီ Clients တွေဘယ်လောက်အထိရှိပြီလဲ။ မှတ်သားကောက်ယူထားရမှာပါ။ Clients များလေ စီးပွားရေးပိုပြီးတော့ခိုင်မာလေဖြစ်ပါတယ်။ Clients တွေကိုတည်ဆောက်ပြီး သူတို့ရဲ့ လိပ်စာ ဖုန်းနံပါတ် ဖြစ်နိုင်ရင်မိသားစုအကြောင်းတွေပါစပ်စုထားဖို့လိုအပ်ပါတယ်။

အဆင့်(၆)ကတော့

၆။ Advocates လို့ခေါ်ပါတယ်။ ဒီအဆင့်ကတော့ ကိုယ်ဆီကပစ္စည်းကိုဝယ်ယူရုံတင်မကပဲ၊ သူများ တွေကိုပါညွှန်းပေးတဲ့ ဖောက်သည်မျိုးတွေပါ။ Advocates တွေဟာ အခမဲ့ကြော်ငြာရှင်တွေပါပဲ။ ဒီလို ဖောက်သည်တွေဟာအရမ်းကိုအရေးပါပါတယ်။သူတို့လို Advocates တွေအများကြီးရရှိထားပြီဆိုရင် ကိုယ့် ရဲ့စီးပွားရေးက ခိုင်မာနေပြီလို့ပြောလိုရနိုင်ပါပြီ။သူတွေတွေက သူတို့ဝယ်တာအပြင် သူတို့မိတ်ဆွေတွေကိုပါ သွားဝယ်စေဖို့တိုက်တွန်းပေးတတ်တဲ့ ဖောက်သည်တွေဖြစ်ပါတယ်။

ဖောက်သည် အဆင့် (၆) ဆင့်ကိုနားလည်ပြီဆိုရင် ဖောက်သည်တွေ ထပ်ခါတလဲလဲလာဝယ်နေအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့လျှို့ ဝှက်ချက်အကြောင်းပြောပါတော့မယ်။

၁။ပစ္စည်း၊ဝန်ဆောင်မှု။ ပစ္စည်းကောင်းရင် ဖောက်သည်တွေပြန်လာဝယ်အောင်လုပ်နိုင်ပါတယ်။ ပစ္စည်းတစ် ခုရဲ့အရည်အသွေးဆိုတာက ပစ္စည်းသုံးနေတဲ့အချိန်မှာ မတိုင်းတာပါဘူး။သုံးပြီးသွာတဲ့ အချိန်မှ အရည် အသွေးကိုတိုင်းတာလို့ရပါတယ်။သုံးပြီးလို့စိတ်တိုင်းကျသွားပြီဆိုရင် ရေရှည်အတွက်ဖောက်သည်တစ်ဦးရ တဲ့သဘောပဲဖြစ်သွားပါတယ်။

၂။ဝန်ဆောင်မှုကောင်းတယ်။ဆိုလိုတဲ့သဘောက သင်စားသောက်ဆိုင်တစ်ဆိုင်ကို အမြဲသွားစားတယ် ဆို ပါစို့၊သူတို့ရဲ့အစားအစာကဘယ်လောက်ပဲကောင်းကောင်း၊ ဝန်ဆောင်မှုမကောင်းဘူးဆိုရင်ပြန်သွားပြီး မစား ချင်ပါဘူး။ inbox မှာပစ္စည်းဘယ်လောက်ကောင်းကောင်း၊ စကားပြောတာအဆင်မပြေဘူးဆိုရင်မ ဝယ်ယူ ချင်ပါဘူး။ထပ်ခါတစ်လဲလဲဝယ်ဖို့အတွက် စကားအပြောအဆိုယဉ်ကျေးသိမ်မွေ့ပြီး တာဝန်ယူမှုရှိတဲ့ အာမခံမှု ရှိတဲ့ ဝန်ဆောင်မှုကောင်းရှိရပါမယ်။

၃။အရေးကြီးဆုံးတစ်ချက်ဖြစ်ပါတယ်။ဘာစီးပွားရေးလုပ်လုပ် ဖောက်သည် အချက်အလက်ကိုကောက်ယူ တာပဲဖြစ်ပါတယ်။နာမည်၊ဖုံးနံပါတ်၊email ကအစဖြစ်နိုင်ရင်လိုပါတယ်။နောက်တစ်ခုက ဒီတစ်ယောက်က ဖောက်သည် (၆) ဆင့်မှာဘယ်အဆင့်လဲဆိုတာကိုပါ ကောက်ယူမှတ်သားထားရပါမယ်။ တစ်ချို့ကုမ္ပဏီကြီး တွေကတော့ member စနစ်နဲ့ ဖောက်သည်အချက်အလက်ကောက်ယူလေ့ရှိပါတယ်။

ဒီလိုမျိုး ဖောက်သည်တွေအတွက် ပစ္စည်းကလည်းအရည်အသွေးအာမခံမှုအပြည့်ရှိမယ်။ အခြားဝန်ဆောင် မှုတွေအနေနဲ့လည်း ကောင်းမွန်မှုရှိမယ်။ ဖောက်သည်ရဲ့အချက်အလက်တွေလည်းကောက်ယူပြုစုထားမယ် ဆိုရင် ဒီဖောက်သည်တစ်ယောက်ကိုမိမိတို့ရဲ့ အမြဲတမ်းဖောက်သည်တစ်ယောက်ဖြစ်လာဖိုရန်မခက်ခဲ တော့ပါဘူး။

ဒါတွေကတော့ ဖောက်သည်လျှို့ဝှက်ချက်(၃)ခုဖြစ်ပြီး ဈေးရောင်းချခြင်းရဲ့ လျှိုဝှက်ချက်များပဲဖြစ်ပါတယ်။

Sort:  
UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

တကယ့် Q ပိုစ့်ပါဗျ။ ဗဟုသုတ တွေ ရရှိပါတယ်။ ခုလို ဖတ်ရတာ ရိုးရှင်း လွယ်ကူအောင် ရေးသားထားတဲ့ အတွက် ကျေးဇူးပါဗျ။ အချက်သုံးချက်မှာ နောက်ဆုံးအချက်က ကျနော်တို့ နိုင်ငံမှာ တွေ့ရခဲတဲ့ အချက် ပဲဗျာ။

Posted using Partiko Android

ကျေးဇူးပါဗျာအားပေးလို့

Posted using Partiko Android

Congratulations @minsoenaing! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here