Developing A Simple Website by yourself

in #myanmar6 years ago

Developing A Simple Website by yourself (Lesson 9)

14-00-22-website-importance-for-business.jpg

မင်္ဂလာပါTableမှာ row နဲ့ column ဆိုပီးရှိတာသိပီးသားပါ။cellpadding တို့ cellspacing တို့လိုမျိုး Attribute တွေကိုလဲနားလည်လောက်ပီထင်ပါတယ်။
Cell တစ်ကွက်ချင်းစီဖြစ်တဲ့ td မှာလဲ Attribute တွေရှပါတယ်။

Td Attribute

cell ကွက်တွေမှာပုံတွေထည့်ရင် ကျွန်တော်တို့ကြိုက်တဲ့နေရာမှာထည့်လို့ရပညတယ်။"aling" နဲ့ "valing" ဆိုတဲ့ attribute တွေကိုသုံးရမှာပါ။
aling - ကအလျားလိုက်အတွက်သုံးတာပါ။ပုံကို cell ကွက်ရဲ့ center မှာပေါ်ချင်တာလား left မှာပေါ်ချင်တာလား right မှာပေါ်ချင်တာလားဆုံးဖြတ်တဲ့အခါမှာသုံးပါတယ်။
valing - ကcell ကွက်ရဲ့ top, middle or bottom မှာပေါ်စေချင်တဲ့အခါသုံးပါတယ်။

1.png

အပေါ်ကနမူနာ code မှာဆိုရင် width 600 နဲ့ height 300 ရှိတဲ့ table တစ်ခုကိုတွေ့ရမှာပါ။Line 4 မှာ td ဆိုပီး cell ကွက်တစ်ကွက်ကိုတွေ့ရမှာပါ။အဲ့cell ကွက်မှာပုံတစ်ပုံထည့်ထားပါတယ်။
(ပုံထည့်ချင်ရင် <img src="pic_name&extention"> နဲ့ထည့်ရတာပါ။)
အဲ့မှာကျွန်တော်တို့ Attribute တွေထည့်ထားပါတယ်။ aling မှာ center ပေးပီး valign မှာ middle ပေးထားတဲ့အတွက်ကျွန်တော်တို့ထည့်လိုက်တဲ့ ပုံက အဲ့ cell ကွက်ရဲ့ အလယ်တည့်တည့်မှာပေါ်မှာပါ။ကျန်တဲ့ td တွေမှာလဲ တူညီတဲ့ပုံတွေထည့်ထားပီး attribute ကိုပဲပြောင်းထားတာတွေ့ရမှာပါ။
Output ကိုကြည့်လိုက်ပါ။

2.png

<table> tag မှာ ''frame'' ဆိုတဲ့ attribute ရှိပါတယ်။frame attribute က border aatribute နဲ့မတူပါပူး။border attribute - က cell ကွက်တိုင်းကို vertical နဲ့ horizontal တိုင်းဘောင်ခတ်လိုက်တာပါ။
frame attribute - ကတော့tableတစ်ခုလုံးကိုဘောင်ခတ်လိုက်တာပါ။table ထဲက cell ကွက်တွေကိုဘောင်မခတ်ပေးပါပူး။

3.png

Line 7 နဲ့ Line 16 မှာ frame attribute ကိုသုံးထားတာတွေ့ရမှာပါ။border type ဖြစ်ဖြစ် box type ဖြစ်ဖြစ် output တူတာတွေ့ရမှာပါ။

4.png

Cell Merge

Cell ကွက်တွေတစ်ခုနဲ့တစ်ခုပေါင်းတာကို Cell Merge လို့ခေါ်ပါတယ်။cell ကွက်တွေပေါင်းတယ်ဆိုတဲ့နေရာမှာ column အတိုင်းကော row အတိုင်းကောပေါင်းလို့ရပါတယ်။

Table တစ်ခုမှာ ပထမ tr နဲ့စဖွင့်ထားတဲ့ row မှာ td နှစ်ခုရှိရင် row တစ်ခု column နှစ်ခုရှိတဲ့tableပေါ့။
နောက်ထပ် tr နဲ့ row တစ်ခုထပ်ပေါင်းချင်ရင် အဲ့ row မှာလဲ td နှစ်ခုရှိရမှာပါ။
အဲ့ကျရင် row နှစ်ခု column နှစ်ခုရှိတဲ့ table သွားပါလိမ့်မယ်။

5.png

အဲ့တာကို cell merge လုက်တဲ့နည်းနဲ့ပေါင်းလို့ရပါတယ်။ဥပမာ ပထမ row ကို ဒီတိုင်းပဲထားမယ်။ဒုတိယ row ရဲ့ column နှစ်ခုကိုပေါင်းမယ်။အဲ့လိုဆိုရင်
အဲ့ table က ပထမ row မှာ column နှစ်ခုရှိပီး ဒုတိယ row မှာ column တစ်ထုပဲရှိတော့မှာပါ။ row ကိုပေါင်းချင်လဲတူတူပါပဲ။

Column Merge

"colspan'' ဆိုတဲ့ attribute ကိုသုံးရမှာပါ။td tag ထဲမှာထည့်သုံးရမှာပါ။

6.png

အပေါ်က code တွေကိုကြည့်လိုက်ရင် Line 7 ကနေ 17 ထိမှာ row တစ်ခုကို column 3 ခုနဲ့တွေ့ရမှာပါ။
Line 18 ကနေ 25 ထိမှာ row တစ်ခုထပ်တွေ့ရမှာပါ။အဲ့ row မှာ ကျတော့ td နှစ်ခုပဲရှိပါတယ်။td နှစ်ခုဆိုတော့ cell နှစ်ကွက်ပေါ့။အဲ့တော့ cell တစ်ကွက်ကဘယ်ရောက်သွားလဲဆိုရင် Line 19 မှာ colspan="2" ဆိုတဲ့attribute ကိုတွေ့ရမှာပါ။အဲ့attribute သုံးလိုက်လို့ cell 2 ကိုရေးလို့မရတော့ပါပူး။ cell 1 က cell 2 နေရာကိုယူသွားလို့ပါ။cell သုံးခုလုံးပေါင်းချင်ရင် colspan="3" လို့ထညိ့ရပါတယ်။
ဒါက output ပါ

7.png

ပိုနားလည်သွားအောင် ဥပမာ တစ်ခုထပ်ကြည့်ပါမယ်။

8.png

Lin 7 ကနေ 12 ထိ row တစ်ခုရှိတာတွေ့ရမှာပါအဲ့ row မှာက td တစ်ခုပဲရှိပါတယ်။ဒါပေမဲ့ အဲ့tdက colspan attribute ကိုသုံးပီးတော့ cell သုံးကွက်ကိုပေါင်းထားတာပါ။cell 3 ကွက်လို့ဘာဖြစ်လို့ပြောလို့ရလဲဆိုတော့ colspan value မှာ 3 ရေးထားလို့ပါ။
အဲ့တော့ ကျွန်တော်တို့ကနောက် row တွေကို ပုံမှန်တိုင်းဆက်ရေးမယ်ဆိုရင်
cell သုံးကွက်ကရှိကိုရှိရမှာပါ။ td သုံးခုပေါ့။Output ကိုကြည့်ကြပါမယ်။

9.png

ဒီနေ့တော့ဒီလောက်ပါပဲ။နောက်နေ့ကျရင် Row Merge အကြောင်းဆက်ပါမယ်။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Written by @minthwayko
MSC - 187

Sort:  

Bro ဒီပညာတွေနဲ့ တကယ် website ထွင် web developer လုပ်စားရင် ငွေကအနောက်ကလိုက်တယ်နော်။ bro လိုပညာတတ်ကြီးတွေအတွက် နေရာ အများကြီးလစ်ဟင်းနေပါတယ်။ web design မှာ အာရုံပိုပြုပါ။ လူနည်းစုပဲ တတ်သူရှိသည်။ အဲ့လောက်ထိတတ်နေတာပဲ အကောင်းဆုံးနေရာမှာ အစားထိုးဝင်ပါလား။ ရေရှည်ဖြစ်တည်မဲ့ ပညာပါ။ ပညာကိုလေးစားတယ်

မဟုတ်ပါပူးအစ်ကိုရယ် ကျွန်တော်လဲ ဝါသမာရှင်အဆင့်ပါ။တက်ချင်တာက CU တက်နေရတာက TU ပါ။သိသလောက်လေးပဲမျှဝေပေးနေတာပါ။ဖတ်ရှုပေးလို့ကျေးဇူးပါအစ်ကို။

ကျွန်​​တော်​က​တော့သိပ်​နားမလည်​ဘူးဗျဒါ​ပေမဲ့ပညာကို​တော့​လေးစားပါတယ်​အစ်​ကို​ရေ

ကျေးဇူးပါအစ်ကိုရေ

ajax တွေ php တွေပါဘဒိုရရင်တော့
ငွေတွေတဟောဟော ဝင်လာမှာဘဒို

အစတည်းကCUတက်လိုက်ရင်တော့ဟုတ်ပါတယ်။အခုတော့ professional webdeveloper တစ်ယောက်ဖြစ်ဖို့တော့ခတ်ခဲသွားပီ။ဝါသနာပါလို့ပဲလုပ်ဖြစ်တော့မှာပါ။

တင်​ပြတာ​ကောင်းပါတယ်​ bro

ကျေးဇူးပါ။bro တင်တာတွေလဲကောင်းပါတယ် 😁

သိပ်တော့နားမလည်းဘူးဗျ ဖတ်လို့တော့ကောင်းတယ်

တကယ်တန်ဖို့မဖြတ်နိုင်တဲ့ post တစ်ခုပါbro