Developing A Simple Website by yourself

in #myanmar6 years ago

Developing A Simple Website by yourself (Lesson 14)

14-00-22-website-importance-for-business.jpg

မင်္ဂလာပါ။ဒီနေ့တော့ HTML မှာအရေးပါတဲ့ Tag တစ်ခုဖြစ်တဲ့ Form Tag အကြောင်းကိုတင်ပေးပါမယ်။

Form Element

Form tag ကိုမျက်စိထဲမြင်အောင်ပြောရရင် ကျွန်တော်တို့ facebook account တို့ steemit account တို့ဖွင့်ရင် register လုပ်ခဲ့ဖူးတာမှတ်မိကျမှာပါ။
အဲ့ဒီ Register လုပ်တဲ့အပိုင်းကို form tag နဲ့ရေးထားတာပါ။
Code ရေးသားပုံကအောက်ပါအတိုင်းဖြစ်ပါတယ်။

1.png

form tag နဲ့ စပီး form tag နဲ့ပိတ်ပါတယ်။ကြားထဲက form elements ဆိုတာက form tag နဲ့ဆက်စပ်နေတဲ့ tag တွေကိုဆိုလိုတာပါ။input tag တို့ submit tag တို့ကိုပြောတာပါ။
Form elements တွေထဲမှာအရေးကြီးဆုံး tag ကတော့ input tag ပဲဖစ်ပါတယ်။

Input Tag

Input tag ကအဖွင့်အပိတ်မရှိပါပူး။

<input ... />


ဆိုပီးတစ်ခုထဲရေးရတာပါ။(slash မထည့်လဲရပါတယ်)
Input tag မှာ Attribute တွေအများကြီးရှိပါတယ်။
Type ဆိုတဲ့ Attribute ကနေစလိုက်ရအောင်ဗျာ။
Input tag က type ဆိုတဲ့ attribute အပြောင်းအလဲ ကိုလိုက်ပီး ပြောင်းလဲပါတယ်။
type ဆိုတဲ့ attribute မှာ text, radio, sumbit, email, date, password နဲ့တစ်ခြားသော value တွေထည့်လို့ရပါတယ်။အဲ့တာတွေကဘာတွေလဲဆိုရင် ကျွန်တော် နမူနာ code နဲ့ပြပါမယ်။

<input type="text">

2.png

နမူနာ code ကရိုးရှင်းပါတယ်။input tag မှာ type attribute ပါတယ်။value ကို text ပေးထားတယ်။text ပေးထားတဲ့အတွက် စာသားတွေရော နံပါတ်တွေပါရိုက်လို့ရမှာပါ။
Output ကိုကြည့်ပါမယ်။

3.png

Br tag ကိုသုံးထားတဲ့အတွက် စာသားတစ်ကြောင်းခြားနေတာတွေ့ရမှာပါ။

တစ်ခြားinput type တွေအကြောင်းကြည့်ရအောင်။

4.png

အပေါ်ကနမူနာcode မှာပဲထပ်ဖြည့်ထားတာပါ။output ပုံကိုကြည့်လိုက်ပါ။

5.png

အပေါ်ကပြပီးသားနမူနာရဲ့code မှာ
Type value က text ပါ။Text ဖြစ်တဲ့အတွက်စာသားတိုင်းရေးလို့ရပါတယ်။ရေးတဲ့စာသားတိုင်းလဲပေါ်ပါတယ်။
-- အခုနမူနာက Line 12 ကိုကြည့်လိုက်ရင် type က password ဖြစ်နေတာကိုတွေ့ရမှာပါ။
Output ထွက်လာတဲ့ webpage က password ဆိုတဲ့ နေရာမှာစာရိုက်ကြည့်ရင် စာသားတွေမပေါ်ဘဲအလုံးလေးတွေပေါ်နေတာတွေ့ရမှာပါ။
type ပြောင်းသွားတဲ့အတွက် output လဲပြောင်းသွားတာပါ။
-- Type email မှာကျတော့ email ထည့်ပေးရမှာပါ။ Email ဆိုရင် အနောက်မှာ @gmail.com တို့ @inbox.ru တို့ပါပါတယ်။ကျွန်တော်တို့က email ကွက်ထဲမှာ register လုပ်တဲ့အခါ @mail.com မပါရင် submit လုပ်လို့မရပါပူး။
-- Type date နေရာမှာကျတော့ ပုံစံလေးပြောင်းနေတာတွေ့ရမှာပါ။(ဒါပေမဲ့တစ်ချို့ Browser တွေမှာမရပါပူး။ကျွန်တော့ Laptop မှာတောင် Mozilla Firwfox browser မှာအဲ့တိုင်းမပေါ်ပါပူး။ရိုးရိုးဘောင်ကွက်ပဲပေါ်တာပါ။
Chrome Browser မှာပဲ အထက်ပါပုံအတိုင်းပေါ်တာပါ။code တွေလိုက် run ကြည့်တဲ့သူတွေ အခက်တွေ့မှာမို့လို့ပြောပြတာပါ။ကျွန်တော့တုန်းကလဲဖစ်ခဲ့လို့ 😁)
-- Type number ဆိုတဲ့နေရာမှာ စာသားတွေရေးပီး submit လုပ်လို့မရပါပူး။နံပါတ်ပဲရေးလို့ရပါတယ်။
-- Type file ကတော့ output ပုံထဲက choose file ဆိုတာကိုနိုပ်ပီး file တစ်ခုရွေးပီးတင်ပေးရတာပါ။ဥပမာ fb ဆိုရင် profile ပုံတင်တယ်ပေါ့။

ဒီနေ့တော့ဒီလောက်ပါပဲ။နောင်ရက်များမှာ Form element အကြောင်းဆက်ပါဦးမယ်။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Written by @minthwayko
MSC - 187

Sort:  

နားမလည်တာတွေအများကြီး
သင်ယူရအုံးမည်

ကြိုးစားပါ 😃

ဖတ်သာဖတ်ရ နားမလည်ပ
ကိုယ်တွေ နည်းပညာ ညံ့ချက်က

ဟီး ဝါသနာမပါလိုကတော့ နားမလည်နိုင်ပါ 😁

နားမလည်​​ပေမယ့်​ အား​ပေးလျက်​ပါ

ကျေးဇူးပါ

နည်းပညာများ ကို မလိုက်နိုင်ဘင်မဲ့ လေ့လာလို ရတာပေါ့ဗျာ
ကျေးဇူးပါ

ဖတ်ပေးလို့ကျေးဇူးပါ

Congratulations @minthwayko! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Save postပဲ သင်တန်းတက်စရာမလိုတော့ဘူး

😁 ကျေးဇူးပဲ

ဗဟုသုတ ရပါတယ်ဗျား

ကျေးဇူးပါ

အားပေးပါတယ်ဗျာ 7$ တောင်ရနေပြီ အားကျချက်

ဘုလုပ်ထားတာပါအစ်ကိုရေး 😁

တစ်​ပတ်​တစ်​မျိုး မရိုးနိုင်​​အောင်​ ​ရေးသား​ဖော်​ပြ​နေတာနိုင်​တာချီး ကျူးစရာပါ

ကျေးဇူးပါ ဖတ်ရှုပေးတဲ့အတွက်

လိုက်လို့ကိုမမီနိုင်တော့ပါလားဗျာ

😁😁 ဖြေးဖြေးလေးသွားနေတာပါ

နားမလည်ပေမယ် အားပေးနေမယ်

ကျေးဇူးပါ

နည်းပညာလိုက်မမှီပေမယ့် စိတ်တော့ဝင်စားပါတယ်ဗျာ

ဝါသနာပါရင် အာပေးပါတယ်ဗျာ

တစ်​ထိုင်​တည်းနဲ့  အကုန်​​ပြောပြလို့  လည်း အဆင်​​ပြေပြန်​​တော့​နောက်​တစ်​ပုဒ်​​စောင့်​ ရတ​ပေါ့ဗျာ

အစကပြီးအောင်ရေးမလို့ပါပဲ မနက်ဖန်ကစာမေးပွဲနဲ့ဆိုတော့ ဒီလောက်ပဲရေးမိလိုက်တယ်။

နောက်ပိုင်း အလုပ်အားရင်ပြန်လိုက် ရေးဦးမယ် ဘဒိုရေ

အားပေးတယ် ဘဒိုရေ

နားမလည်ပေမယ့် ကျေးဇူးပါဗျာ..အခုလိုမျဝေလို့

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ။

အမြဲဖတ်ပါတယ် အားရင်လည်းလိုက်လုပ်ကြည့်ပါတယ်

အားပေးတယ်ဗျာ

သိပ်ကောင်းတဲ့ post ပါပဲ ဆက်လက်စောင့်မျှော်နေပါ့မယ်

ကျေးဇူးပါကိုစောရယ်

များပြားလိုက်​တဲ့နည်းပညာ​တွေ​ဗျာ

ဟီးဟီး 😁

အစက ပြန် ကြည့်မှရတော့မယ် မေ့ကုန်ပီ။

ကြည့်ပါ လွယ်ပါတယ်။
ဆရာ waifarkolar ပြောသလိုမျိုး HTML ကို ၄ ရက်နဲ့အပြက်လုပ်လို့ရပါတယ် ။

ကြာရင် ရုးသွားမှာစိုးလို့ code တွေ ကြည့်တော့ ဘူးနော် တားက ဉာဏ် ကောင်းဘူး

ဟား..နောက်ပီ ဆရာကတော့ 😁