Ref Link: https://d.tube/#!/v/unique.esprit/dxa3cyrs
အပေါ်က ဗွီဒီယိုကတော့ ရေးမည့်အကြောင်းအရာနဲ့ သိပ်ပြီးတော့ မသတ်သက်ပါဘူး။ အနည်းငယ်တော့ ပတ်သက်ပါတယ်။ ဗွီဒီယိုမှာထည့်ထားတဲ့ပုံတွေက Drone နဲ့ ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီလိုပုံတွေကို သဘောကျတယ်ဆိုရင် @unique.esprit ကို follow လုပ်ထားလို့ရပါတယ်။
ပြောချင်တာက အခုမှ စမှာပါ။ သူ့ရဲ့ ပိုစ့်မှာ ကြည့်လိုက်ရင် tipu ကနေ လာပြီးတော့ upvote ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ blog ကို ကြည့်လိုက်ရင် ပိုစ့်တွေကို share2steem ကိုသုံးပြီး ရေးသားထားတာတွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ share2steem ဆိုတာဘာလဲ ဆိုတာကို မိတ်ဆက်ပေးချင်ပါတယ်။
Share2steem ဆိုတာကတော့ social media တစ်ခုကနေ steem ကို ပိုစ့်တင်တာပါ။ ကိုယ်က social media မှာ ပိုစ့်တင်လိုက်ရုံပါပဲ။ ကျန်တာကိုတော့ သူ့ဘာသာသူ လုပ်သွားမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပိုစ့်မှာ #share2steem ဆိုတဲ့ tagကိုတော့ ထည့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့ ဝက်ဆိုက်မှာ မှတ်ပုံတင်ထားပေးရမှာ ဖြစ်ပါတယ်။ Steemconnect နဲ့ login လုပ်ရမှာ ဖြစ်ပါတယ်။
သူ့မှာ ဘာအားသာချက်တွေရှိနေတာလဲ
အပေါ်ကပုံကိုကြည့်လိုက်ပါ။ share2steem က နေ သူယူထားတဲ့ ပမာဏအတွက် ပြန်ပေးထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ သူယူထားတာက ၁၀% ဖြစ်ပါတယ်။ အဲဒီအတွက်ကို ပြန်ပေးထားပါတယ်။ သူ့ရဲ့ trail နှစ်ခုစလုံးကို follow လုပ်ထားနိုင်ရင် ကိုယ် ၁၀၀% စလုံးပြန်ရမှာ ဖြစ်ပါတယ်။ ပြောရရင်တော့ upvotebank လိုမျိုးပါပဲ။ ဒါပေမဲ့ သူကတော့ စာရေးရတဲ့ ပမာဏနည်းသွားမှာ ဖြစ်ပါတယ်။ twitter က စာလုံးရေ ၁၂၀ ထက်ပိုပြီးလက်မခံပါဘူး။ အဲဒီတော့ အများအားဖြင့် ပုံတစ်ပုံ စာလုံးရေ အနည်းငယ်နဲ့ဆိုရင် အဆင်ပြေပါတယ်။ ပြီးတော့ Steemit မှာ လုပ်တဲ့ လုပ်ဆောင်မှုတိုင်းအတွက် upvote ပေးပါတယ်။ ဒီအချက်ကတော့ partiko နဲ့တူပါတယ်။


နောက်ဆုံးအဆင့်ကတော့ မိမိရဲ့ twitter အကောင့်နဲ့ ချိတ်ဆက်ပေးရမှာ ဖြစ်ပါတယ်။ twitter မှာ ပိုစ့်တင်လိုက်တာက steem မှာပါ ပိုစ့်တင်ပြီးသား ဖြစ်သွားပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ upvotebank, partiko တို့ကို ပေါင်းစပ်ထားသလိုမျိုး ဖြစ်နေသလို(ပြောရရင်ပိုတောင် ကောင်းနေပါသေးတယ်) ပုံတစ်ပုံစာအနည်းငယ်နဲ့ ပိုစ့်တင်လို့ရနေပါတယ်။ သူနဲ့ တွဲသုံးရမှာက steem-plus ဖြစ်ပါတယ်။ @bobokyaw, @minsoenaing တို့နဲ့ သင့်တော်တယ်လို့ထင်ပါတယ်။
သူ့မှာ အဖွဲ့ဝင် ၂၈၀၀ လောက်ရှိတဲ့အတွက် ကိုယ့်အကောင့်ကို voteပေးမည့်သူ များလာမှာ ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် သီးသန့်နေချင်တဲ့သူတွေအတွက် share2steem က အကောင်းဆုံး အဖြေတစ်ခု ဖြစ်ပါလိမ့်မယ်။ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့်လင့်ခ်ကို သုံးပြီး မှတ်ပုံတင်ပေးစေချင်ပါတယ်။
https://share2steem.io/?ref=mmunited
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=108
2sharesteem အကောင့်ရှိတယ်ဗျ၊ဒါပေမယ့် twitter ကနေတင်လို့ရတာတော့မသိဘူး။ ဘယ်လိုချိန်ဆက်ရတာလည်းလဲမသိဘူး
Posted using Partiko Android
ဒီ social media တွေကနေ တင်လို့ရတယ် ဘရို။
လုပ်မယ်ဗျ သင်ပေးဦးနော်
Posted using Partiko Android
အတော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ သူ့မှာအတော်များများ လုပ်လို့ရတာတွေ ပါတယ်။ ကျွန်တော့်လင့်ခ်ကိုတော့ သုံးပေးနော်။ ကိုယ့်ရဲ့ referral ကို ပြန်ပြီး upvote ပေးဖို့အတွက် setting လုပ်ထားလို့ရတယ်။ ကျွန်တော့်လင့်ခ်ကို သုံးတဲ့သူက ကျွန်တော့်ဆီက upvote အမြဲရနေမှာ ဖြစ်ပါတယ်။
messenger ဆီလာခဲ့ပါ့မယ် ;)
Posted using Partiko Android
မဆိုးဘူး လုပ်အုံးမှ
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here