ဖိတ်ခေါာပါသည်ကမာမြေဆီ

in #myanmar5 years ago

ဖိတ်ခေါာပါသည်ကမာမြေဆီ
image photo by moe wai
တောင်ညိုတောင်တန်း
စိမ်းညှို့လှတဲ့ကမာမြေဆီ
လာလည်လှဲ့ပါဖိတ်ခေါာပါသည်
တောင်ပေါာအလှမြတ်ဘုရားဆံတော်
ကွေ့ကောက်တောတောင်
ကြည်နူးအလှရှုမဝအေးချမ်းနေတာ
ကမာမြေမှလာလည်လှဲ့ပါဖိတ်ခေါာပါသည်
သာစွမြို့တွင်း
ဖူးမျှော်စရာဆံတော်လေးဆူ
ကျိုက်ဇယ်ဘုရားပါသာယာပေစွ
ကမာမြေအလှလာလည်လဲ့ပါဖိတ်ခေါာပါသည်
ဘုရားဝင်းပန်းခြံဂုဏ်ယူစရာ
မွန်တို့ထူးမြတ်ဧကရာဇ်ဘုရင်
ရာဇာဓိရာဇ်ရုပ်ထုပါဝင့်ကြွားမော်စွာ
တည်ရှိနေတာဂုဏ်ယူအလှ
ကမာမြေမြို့လာလည်လှဲ့ပါဖိတ်ခေါာပါသည်
ဆက်၍ဖူးရန်မြို့တွင်းကျက်သရေ
ဓါတ်တော်ကျောင်းမဟာစုံလင်များလှ
ဓါတ်ပေါင်းစုံသာတခါတခေါက်
ကမာမြေသို့လာလည်လဲ့ပါဖိတ်ခေါာပါသည်
ရှုခင်းလဲသာအေးချမ်းသာ
ကြည်နူးရွှင်ပျသာစွဌာနီ
မွန်တို့မြို့တည်ကမာမြေဆီသို့
ရင်မှာငြိမ်းစွာစိတ်ပြေစေရာ
ရာမညဌာနီကမာမြေဆီ
လာလည်လဲ့ပါဖိတ်ခေါာပါသည်။
မြန်မာစတီးမစ်ချစ်မိတ်ဆွေများကျန်းမာချမ်းသာကြပါစေ။
ဆန္ဒမွန်ဖြင့်
မိုးဝေ

Sort:  

ကဗျာဖတ်ပြီး လာလည်ချင်သွားပြီ အန်တီ

Posted using Partiko Android

လာလည်ပါသားရေကြိုဆိုလျှက်ပါ

ဟုတ်ကဲ့ အန်တီ ကျေးဇူးပါ

Posted using Partiko Android