တရုတ်စကားပွင့်သုပ်နည်း
ကျွန်တော်တို့စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရားဖူးရင်း တရုတ်စကားပွင့်သုပ် ဆေးဖက်ဝင်လို့ စားကြပါတယ်။ ပြုလုပ်နည်းကိုတော့ ဆိုင်ကပြောပြပါတယ်။
တရုတ်စကားပွင့်များကို နူးအောင်ပြုတ်ပါ နှစ်ရေလောက် ပြုတ်ပါ နူးလျှင်ရေညှစ်ပြီး ပါးပါးလှီးထားပါ ကြက်သွန်နီ ၂ဥကိုလည်း ပါးပါးလှီးထားပါ။
ကျန်ကြက်သွန်နီ_ဖြူ တစ်ဥစီကို ဆီချက်ချက်ထားပါ။ပြီးလျှင် လှီးထားသော တရုတ်စကားပွင့်များနှင့် ပုစွန်ခြောက်မှုန့် နှမ်းလျော် မြေပဲမှုန့် ကုလားပဲမှုန့် ငံပြာရည် ရော၍သုပ်ပါ။ သံပုရာရည် ညှစ်ထည့်ပြီး ငရုတ်သီးမှုန့် လည်းထည့်နိုင်ပါသည်။
တရုတ်စကားပွင့်တွင် ပါဝင်သောပစ္စည်းများ 👇
တရုတ်စကားပွင့် = ၁၅၀ ပွင့်
ပုစွန်ခြောက် = စတီးဇွန်းလတ် ၄ဇွန်းခန့်
သံပုရာသီး = ၁ လုးံ
ဆီ = ၅ ကျပ်သား
ကြက်သွန်ဖြူ = ၁ ဥ
ကြက်သွန်နီ = ၃ ဥ
ကုလားပဲမှုန့်. = အကြမ်းပန်ကန် ၁ လုးံ
မြေပဲလှော် = ။ ။
နှမ်းလှော် = ။ ။ တို့ဖြစ်ပါသည်။
Sort: Trending