You Only lose What You Cling to

in #myanmar4 years ago

"You Only lose What You Cling to."
...............................................................

ကိုယ့်ဘဝနဲ့ကိုယ်မပျော်နိုင်ရင်
တခြားသူကို ဘယ်လို ပျော်အောင်ထားနိုင်မလဲ ဆိုတာ။
ကျနော် တကယ် မသိခဲ့ပါဘူး။

ခဏ ဆိုတာ
နဖူးပေါ် လက်တင်လိုက်တဲ့ အချိန်ပေါ့
ကမ္ဘာ ပျက်တယ် ဆိုတာ
" လမ်းခွဲလိုက်ကြပြီလို့ "
လက်ခံလိုက်ရတဲ့ အချိန်ပေါ့။ ။

တစ်ခါတရံတော့လည်း တိတ်ဆိတ်ခြင်းသည်
အရာရာ ခြောက်ခြားသွားတတ်ပြန်တယ်။

လိုလိုလားလား မရှိတဲ့ အရပ်မှာ
ကျနော် ဆုတောင်းတွေဟာ
ဝဋ်ကြွေး​တွေ ဖြစ်လာတယ်။

၂။

ပြန်ဆုံနိုင်မလား ဒါမှမဟုတ် မဖြစ်နိုင်တော့ခြင်းတွေမှာ
ဆယ်နှစ်လား သံသရာ ဘယ်အရွေ့အထိလဲ။

ရှရွတ်ခမ်းရဲ့
JAB TAK HAl JAAN ရုပ်ရှင်ဇတ်ကားလေး
ခင်ဗျား ကြည့်ဖူးမလား
"ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်အပေါ်ထားရှိတဲ့ မသေနိုင်တဲ့အချစ်
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်အပေါ်ထားတဲ့ နောက်မတွန့်တဲ့အချစ်
သူတို့ရဲ့ချစ်ခြင်းအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ အဆုံးမဲ့ယုံကြည်မှု
ကိုယ့်ကို ဖျက်ဆီးတဲ့ကြားက အတူရှိစေတဲ့အချစ်
ဝေးကွာမှုတွေ ဖန်းတီးတဲ့ကြားက ပိုနီးစပ်လာစေတဲ့အချစ်
မှန်ကန်တဲ့အချစ် ထာဝရ အဲ့ဒီလိုအစွမ်းမျိုးနဲ့ချစ်နိုင်ရင် ဘုရားသခင်က မင်းအချစ်ကို မင်းဆီလာဖို့ လမ်းဖွင့်ပေးမှာပါ
ကိုယ့်ဘက်ကလုပ်ရမှာက ကြံ့ကြံ့ခံရင်းနဲ့ စောင့်နေဖို့ပဲလိုတယ်
ကိုယ့်အချိန်ကျအောင် စောင့်ပါ"
အဲ့ဒီ Movie ထဲက အတွေးစကို ကောက်နူတ်ပြလိုက်တာပါ
ဘယ်ချိန်ပဲ ပြန်ကြည့်ကြည့် မျက်ရည်ဝဲရတဲ့
ရုပ်ရှင်တစ်ကားပါပဲ ရှေးကျတဲ့အချစ်လို့
တင်စားလိုက်ချင်ရဲ့။

ကျနော် ပြန်ကြည့်ဖြစ်ပါတယ်
ခင်ဗျားသိတဲ့အတိုင်းပါ ကျနော်က အရူးတစ်ယောက်သာသာပါပဲ
ရုပ်ရှင်တွေထဲကလို
ကျနော်တို့ ညားမယ်လို့ ယုံကြည်နေတာလဲ ဖြစ်နိုင်တာပဲ ဒါကလဲ လူတစ်ယောက်မှာ သူ့ယုံကြည်တာ
ဖြစ်လာလာ မလာလာ လူတစ်ယောက်ရဲ့ အခွင့်အရေးတွေပဲ မဟုတ်လား။

၃။

ကျနော်တို့ အသက်ရှင်နေဦးမှာ
ဘယ်သူအတွက်မှ မဟုတ်တော့ပဲ ကိုယ့်အတွက်နဲ့ကို
ရပ်တည်နေရုံအတွက်ပဲ ဖြစ်ဖြစ်ပေါ့။

ကမ္ဘာမြေက လူသားတိုင်းကို
တန်းတူအခွင့်အရေးတွေ ပေးထားတယ်။
ခင်ဗျား ချစ်တဲ့ နေကြာတွေ
ဒီ နေရောင်ခြည်ရဲ့အလင်းတန်းအောက်မှာ လှပနေမှာပါ
ဒါကို ခင်ဗျားလဲ မဖျက်ဆီးပစ်နိုင်ဘူး
ဘယ်သူကမှလဲ မတားဆီးနိုင်ကြပါဘူး
ဒီ မြေပေါ်မှာ ကျနော်တို့ လမ်းတွေ လျှောက်ရမယ်
ဒီ လေပြေတွေ ကျနော်တို့ နမ်းရှိုက်နေရမယ်
ဒီ တောင်တန်းတွေနဲ့ လိပ်ပြာလေးတွေကို
ကျနော်တို့ ငေးနေရတာပါ
အရာအားလုံးကိုပေါ့။

ဒီမြေပေါ်မှာ အိမ်ဆောက်ပြီး နေကြတာ
ဒီမြေပေါ်မှာ လမ်းတွေလျှောက်နေကြရတာ
ခင်ဗျားနဲ့ အတူမနေနိုင်ပြီ
တစ်ယောက် တစ်လမ်းဆိုပေမယ့်
ကျနော်တို့ရဲ့ အတိတ်တွေဟာ
တစ်နေရာရာမှာ အသေအချာ ရှိခဲ့ပါတယ်။

၄။

နောက်ဆုံးမှာ အဆုံးသတ်ဆိုတာ ရှိနေပြီးသားဆိုတော့။
ဒါကို လက်ခံဖို့ ယုံကြည်ဖို့
အချိန်ဘယ်လောက်ကြာဦးမလဲ။
"ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါ လွဲရင် နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ"

( အောင်ချိမ့်)

ဆိုတာမျိုးပေါ့။

၅။

"You Only lose What You Cling to."ပေါ့ ။

သံယောဇဉ်သည် နာကျင်တတ်၏
ယုံကြည်မှုတွေသည် ချိုးဖျက်ခံရတတ်၏
ဤလောကတွင်
မျက်ရည်မကျဖူးသူ မရှိတတ်၏။

ပိုင်ဆိုင်ခဲ့ဖူးပါတယ် ဝမ်းနည်းစရာ
ဆုံးရှူံးခဲ့ဖူးပါတယ် အရာရာ
မျှော်လင့်ခြင်းသည် အနာတရဖြစ်ရ၏။

မျက်ရည်တွေက ပြောတယ်
"You Only lose What You Cling to."ပါပဲတဲ့။