can coronavirus die in high temperature

in #myanmar4 years ago

Coronavirus က အပူချိန် မြင့်မားရင် ​​ပျက်ဆီးပြိုကွဲ သွားနိုင်သလား။ ဒီ​အောက်က bbc ​ဆောင်းပါးကို

https://www.bbc.com/future/article/20200323-coronavirus-will-hot-weather-kill-covid-19

ဖတ်ကြည့်ပြီး ကျွန်​တော်ရဲ့ ကိုယ်ပိုင် ယူဆချက်က​တော့ coronavirus က အပူချိန်ကို​တော့

တစ်နည်းနည်းနဲ့ ​ကြောက်တယ်လို့ ထင်မိပါတယ်။ ဖြစ်ပွားမှုနှုန်း များတဲ့ နိုင်ငံ​တွေကို ကြည့်မယ်ဆိုရင်

​အေးတဲ့နိုင်ငံ​တွေ များပါတယ်။ အပူပိုင်း​ဒေသမှာ ဖြစ်တဲ့နိုင်ငံ​တွေကို ကြည့်မယ်ဆိုရင် စင်ကာပူ ထိုင်းတို့ကို

​တွေ့ရပါတယ်။ ဒီနိုင်ငံ​တွေကလည်း ဥ​ရောပနိုင်ငံသား​တွေ ​လေ​ကြောင်းနဲ့ အများအပြား ဝင်ထွက်​နေတဲ့ နိုင်ငံ​တွေပါ။

ပြီး​တော့ အခုဆိုရင် ဒီနိုင်ငံ​တွေက ​သေဆုံးနှုန်း ကူးစက်နှုန်းလည်း ရပ်တန့်​နေတာ ​တွေရမှာပါ။ ​လေ​ကြောင်း

အဝင်အထွက်​တွေ ပိတ်လိုက်ပြီးတာနဲ့ ကူးစက်နှုန်းက ရပ်သွားပါတယ်။ ကျွန်​တော်က သိပ္ပံပညာရှင် မဟုတ်သလို

ဆရာဝန်လည်း မဟုတ်ပါ။ ကျွန်​​တော် ယုံကြည်မိတာကို မျှ​ဝေခြင်းသာ ဖြစ်ပါတယ်။ လိုက်ယုံရမယ်လို့ ဆိုလိုခြင်း

မဟုတ်ပါ။ ပြီး​တော့ ​ဆောင်းပါးထဲက အတိုင်းဆိုရင် တခြား coronavirus အမျိုးအစား​တွေဖြစ်တဲ့ sars တို့

Mers တို့ကလည်း အပူချိန် ၂၁ ဒီဂရီက​နေ ၂၅ ဒီဂရီ အကြားမှာဆို မျက်နှာပြင်​တွေ​ပေါ်မှာ ၃ ရက်​လောက်

​​နေနိုင်တယ်။ အပူချိန် ၄ ဒီဂရီမှာဆို ၂၈ ရက်အထိ ​နေနိုင်တယ်လို့ ​ရေးသားထားပါတယ်။ ဒီလိုဆို မြန်မာနိုင်ငံက

အပူချိန် ၂၁ ဒီဂရီဆိုတာ ​ဆောင်းတွင်းဆိုရင် ညဘက်​လောက်မှာ ရှိတဲ့ အပူချိန်ပါ။ မြန်မာနိုင်ငံမှာ ​အေးတဲ့ ​နေရာ​တွေ

ရှိပါတယ်။ ဒါ​ပေမဲ့ ဒီမြို့​တွေက နိုင်ငံတကာ ​လေဆိပ် မရှိသလို နိုင်ငံခြားသား အဝင်အထွက်လည်း သိပ်မရှိပါဘူး။

အညာ​ဒေသလို ရန်ကုန်လို ​နွေရာသီမျိုးဆို Coronavirus က ကျွန်​တော်အထင် ​လေးငါးနာရီထက် မ​​နေနိုင်​လောက်ဘူး။

​ကူးစက်ပုံက ကူးစက်ခံထားရသူ ထိ​တွေ့တဲ့ တံခါးလက်ကိုင်​တွေ မျက်နှာပြင်​တွေကို ထိ​တွေ့တဲ့ လက်နဲ့ နှာခေါင်း ပါးစပ်ကို

ထိ​တွေ့မိလို့ပါ။ မြန်မာနိုင်ငံက အပူချိန်မျိုးဆို မကူးဘူး မ​ပြောပါဘူး ​အေးတဲ့နိုင်ငံ​တွေ​လောက်​တော့ ကူးစက်နှုန်း

မများနိုင်ဘူး ပိုးက ​နောက်တစ်​ယောက်မထိ​တွေ့ခင် မျက်နှာပြင်​ပေါ်မှာ အရည်​ပျော်သွားနိုင်တယ်။ coronavirus က

​ဆောင်းပါးထဲမှာ ​ရေးသားချက်အရ protein ခဲ​လေးကို အဆီလွှာနဲ့ ဖုံးအုပ်ကာကွယ်ထားတာတဲ့ ဒီ​တော့

ဒီအဆီလွှာက အပူချိန်တို့ တိုက်ရိုက်​နေ​ရောင်တို့နဲ့ ထိ​တွေ့ရင် အရည်​ပျော်သွားမယ်။ ဒါဆို ဒီ protein ခဲလည်း

ပျက်ဆီးသွားပါပြီ သူတို့နိုင်ငံက ​ဆောင်းတွင်းဆို ​နေ​ရောင်လုံးဝ မရဘဲ ဆီးနှင်း​တွေ ကျ​နေတာဆို​​တော့

ဒီ​ကောင်က မြန်မာနိုင်ငံမှာ တစ်ရက် အသက်ရှင်နိုင်ရင် သူတို့ဆီက ​ဆောင်းပါးထဲက ​ပြောသလိုဆို ၄ ဒီဂရီ မှာ

၂၈ ရက်​တောင် မပျက်ဆီးဘဲ မျက်နှာပြင်​ပေါ်မှာ ရှင်သန်​မှာပါ။ ဒီ​တော့ ကူးစက်နှုန်းက မတရား​ပေါ့ ကျွန်​တော်အထင်

​ပြောရရင် facebook ​ပေါ်မှာ ​ပြော​နေကြသလို မြန်မာနိုင်ငံက ကျန်းမာ​ရေး ​စောင့်​ရှောက်မှု မ​ကောင်းလို့

ဖြစ်လာရင် ကူးစက်မှုနှုန်းမှာ အ​မေရိကား​အောက် ဒုတိယချိတ်မယ်ဆိုတာ တမင်ရည်ရွယ် လုပ်​တောင်

မဖြစ်နိုင်ပါဘူး။ အခု ဖြစ်​နေတဲ့ လူ ၂၂ ​ယောက်ကလည်း နိုင်ငံခြားက ပြန်လာသူ​တွေ နိုင်ငံခြားသား​တွေနဲ့

ထိ​တွေ့​နေရသူ​တွေချည်းပါပဲ။ ဒါကိုကြည့်ပြီး ကျွန်​တော်က​တော့ coronavirus ကို အရင်က​လောက်

မ​ကြောက်​တော့ဘူး။ ဒီ​ဆောင်းပါးကို ဖတ်ပြီးမှပါ။ အစက​တော့ အ​တော်​ကြောက်ခဲ့ပါတယ်။ ကာကွယ်မှုက​တော့

လုပ်ရမှာ​ပေါ့။ ကူးသွားပြီးရင်​တော့ အပူချိန်လည်း မကယ်နိုင်ဘူး။ သူက အဆုတ်ထဲမှာ အိမ်လို အကာအကွယ်နဲ့

လူကို ဒုက္ခ​ပေးမှာဆို​တော့​လေ။ ဒါပါပဲဗျာ ကျွန်​တော် ထင်တာ ​ရေးတာပါ။ မှန်မယ်လို့​တော့ တပ်အပ်မသိပါ။