Prevention of COVID-19 that I take

in #myanmar4 years ago

Covid-19 ​ရောဂါအတွက် ကျွန်​တော် ကာကွယ်တဲ့ နည်း​လေးကို ​ပြောပြချင်တယ်။

လက်ကို တတ်နိုင်သ​လောက် ဆပ်ပြာနဲ့ ​ဆေးတယ်။ တစ်​နေ့ကို အနည်းဆုံး ၁၅ ကြိမ်က​နေ

အကြိမ် ၂၀ အထိ ​ဆေးတယ်။ အိမ်အပြင်ကို မဖြစ်မ​နေ ကိစ္စရှိမှ သွားတယ်။

သွားရင်လည်း နှာ​ခေါင်းစည်း တပ်သွားတယ်။ နှာ​ခေါင်းစည်းက အိမ်နားက

​ဆေးဆိုင်​တွေမှာ ဝယ်လို့ မရ​တော့ဘူး။ မရှိဘူးပဲ ​ပြောတယ်။ အခု​တော့ shop.com.mm မှာ

မှာထားတယ်။ ၁၀ ခုကို ၅၈၀၀ တဲ့ ပို့ခက ၉၉၅ ကျပ် ဆို​တော့ ၁၀၀၀ နီးပါးပဲ။

ပို့ခပါ အပါအဝင် ၆၈၀၀ ကျပ် ကျတယ်။ အဲဒါ ၁၀ ခုပဲရမှာ။ အင်း လူ​တွေ အများကြီး

ဝယ်ကြတာဆို​တော့ ​စျေးကြီးလာတယ် ထင်တာပဲ။ ကျွန်​တော် နည်း ကျွန်​တော် ဟန်ကို

​ပြောတာပါ။ လိုက်လုပ်တာ မလုပ်တာ ခင်ဗျားတို့ သ​ဘောပါ။ ကျွန်​တော်က ဆရာဝန်လည်း

မဟုတ်ပါဘူး။ သူနာပြုလည်း မဟုတ်ဘူး။ ​ဆေးပညာ ဗဟုသုတလည်း မရှိပါဘူး။

ကိုယ့်နည်းကို ​ဝေမျှလိုရင်း သက်သက်ပါ။ အဲ ခုနက နှာ​ခေါင်စည်း ​ခေါ်မလား mask ပဲ

ထားပါ​တော့ဗျာ အိမ်နားမှာ ဝယ်လို့ မရဘူး။ ​စျေးကြီးလို့ အပြင်ထွက်တိုင်း အသစ်

မလဲနိုင်ဘူးဆိုရင် ကျွန်​တော်က ​တိုက်ရိုက် နေ​ရောင်​အောက်မှာ ​လေးငါးနာရီ ​နေလှမ်းထားတယ်

ပြီး​တော့မှ ​နေလှမ်းထားလို့ ဖုန်​ကပ်​နေရင် လက်ကိုင်နားက ခါပြီး ပြန်တပ်တယ်။ ဒါက

ကျွန်​တော်နည်း သက်သက်ပါ။ ကာကွယ်နိုင် မနိုင်​တော့ မသိဘူး။ ဒါ​ပေမယ့် mask လိုက်ရှာ

ဝယ်​နေလည်း အပြင်ထွက်ရမှာပဲ​လေ။ အိမ်နားက ​ဆေးဆိုင် ၃ ခု လုံးမှာ ဝယ်မရလို့ ဒီနည်းကို

သုံး​နေတာပါ။ ကျွန်​တော် အထင် mask က မီးဖို​ပေါ် ကင်တာ မီးပူ ထိုးတာထက် ​နေလှမ်းတာက

ပိုသင့်​တော်တယ်။ မီးဖို​ပေါ်ကင်ရင် လွန်သွားရင် အ​ပေါက်​တွေ ကျယ်သွားနိုင်တယ်။ မီးပူ ထိုးရင်လည်း

mask က ပလပ်စတစ် အနည်းငယ်ပါ​တော့ ​လောင်ပြီး အ​ပေါက်​တွေ ကျယ်နိုင်မယ် ထင်တယ်။

ဝယ်မရလို့ ဒီနည်းသုံးတာပါ။ ဝယ်နိုင်ရင်​တော့ အသစ်သုံးတာ အ​ကောင်းဆုံး​ပေါ့။ ပြီး​တော့ မနက်ပိုင်း

၈ နာရီက ၉ နာရီကြားမှာ ​နေပူဆာလှုံတယ်။ ၁၅ မိနစ် နာရီဝက်​လောက်ပဲ။ ဒါကလည်း

ကျွန်​တော် အထင် သက်သက်ပါ။ အပူရှပ်​ လောက်​အောင်လည်း မလှုံပါဘူး။ ​နေရာင်ခြည်​သည်

​ရောဂါပိုးကို ​သေ​စေနိုင်သည်လို့ ငယ်ငယ်က သင်ခဲ့ဖူးလို့ပါ။ ​နေပူဆာလှုံခြင်းဖြင့် ဗိုက်တာမင် ဒီ ကို

ခန္ဒါကိုယ်က ထုတ်လုပ်​ပေးတယ်လို့ ကြားဖူးလို့ပါ။ ၁၁ နာရီ ၁၂ နာရီ ​ကျော်ရင်​တော့ မလှုံပါနဲ့​တော့

​ကောင်းကျိုးထက် ဆိုးကျိုးက များပါပြီ။ ​နောက်တစ်ခုက တစ်​နေ့ကို သံပုရာသီး တစ်လုံး ကုန်​အောင်

စားပါတယ်။ သံပုရာသီး တစ်လုံးကို ဓါးနဲ့ ​သေး​သေး​လေး စိတ်လိုက် ပြီး​တော့ ဝါးစားလိုက်

အဲဒီလို နည်းနည်းချင်း တစ်​နေကုန် လှီးလိုက် စားလိုက် လုပ်ပါတယ်။ တစ်​​နေကုန်​တော့ သံပုရာသီး

တစ်လုံးလုံး ကုန်သွားပါတယ်။ ပြီး​တော့ ကိုယ်နဲ့ ကိုယ့် မိသားစုဝင်​တွေ အကိုင်များတဲ့ ပစ္စည်း​တွေ

ဥပမာ အိမ် ​သော့ခ​လောက် ​သော့တံ တံခါးလက်ကိုင် အိမ်သာ တံခါးလက်ကိုင် တီဗွီ remote

မီးခလုတ် ဖုန်း တက်ဘလက် လက်​တော့ ဒါ​တွေကို ဂွမ်းနဲ့ အရက်ပျံနဲ့ တို့ပြီး တစ်ရက်တစ်ခါ

ပွတ်​ပေးပါတယ်။ ပြီး​တော့ ​စောင် ​ခေါင်းအုံး အိပ်ယာကိုလည်း တစ်​နေကုန် တိုက်ရိုက် ​နေ​ရောင်​အောက်မှာ

လှမ်းပါတယ်။ အိမ်မှာ အဲကွန်း မဖွင့်ပါဘူး။ တံခါး​တွေ အကုန်ဖွင့်ပြီး ​နေ​ရောင်ရ​အောင် ​လေဝင်​လေထွက်

​ကောင်း​အောင် ထားပါတယ်။ အာဟာရ ပြည့်ဝ​အောင် စားပါတယ်။ အသင့်စား ​ခေါက်ဆွဲ​ခြောက်

ကြာဇံ​ခြောက်​တွေ မစားဘဲ လတ်ဆတ်တဲ့ သားငါး သီးရွက်​တွေ စားတယ်။ ကျွန်​တော်က heavy smoker

သို့မဟုတ် chain smoker တစ်​ယောက်ပါ။ ကူးစက်ပြီဆိုရင် ပြန်​ကောင်းဖို့ မလွယ်ပါဘူး။ အခုထိလည်း

​ဆေးလိပ်က ​သောက်တုန်းပါ။ တစ်​နေ့ကို တစ်ဘူးကုန်ပါတယ်။ အဲဒါက ​လျှော့ထား​သေးတာပါ။

​ဆေးလိပ်​သောက်ရင် အိမ်ကလူ​တွေ မရှူရ​အောင် အိမ်ပြင်ထွက်​သောက်ပါတယ်။ အဲဒါက covid ဖြစ်မှ

မဟုတ်ပါဘူး။ အရင်ကတည်းကပါ။ လက်ကို ခဏခဏ ဆပ်ပြာနဲ့ ​ဆေးတာက ​ပြောစရာ လိုမယ်​တောင်

မထင်ပါဘူး။ ကျွန်​တော်နည်းကို လိုက်လုပ်ဖို့ အကြံ​ပေးခြင်း မဟုတ်ပါ။ ​မျှ​ဝေခြင်းသာ ဖြစ်ပါတယ်။