ခေါင်းစဉ်မဲ့ ကဗျာ - ၁

in #myanmar9 hours ago

ချစ်ခြင်းဆိုတာ
တွေ့ထိမိရင် ရူးတက်တယ်တဲ့
ချိန်းထားတဲ့ အချိန်မှီအောင်
ဖီးလိမ်းပြင်ဆင်
အိပ်ပြင် ဆိုင်ကယ်ပြင်
ကိုယ်ခန္ဓာ မနားတမ်း
စိတ်ကူးတွေ မနားတမ်း
လွင့်လာလိုက်တာ
ရှုပ်ယှက်ခက်နေတဲ့
ကားတွေကြား ဆိုင်ကယ်တွေကြား
လူတွေကြား
သူမကျောင်းဆီ မျက်နှာမူ
ချစ်ခြင်းဆိုတာ နူးညံ့သလား
ချိုမြသလား ခါးသလား
မွှေးသလား နံသလား
ဆိုင်ကယ်ပေါ်သူမကိုတင်ကာ စီးနင်း
စိမ်းစိုတဲ့ ကွင်းပြင်တွေကိုဖြတ်
လေပြေအေးအေးတွေကို ဝင်တိုးမိတော့
ကျွန်တော့်ပါးပြင်မှာ
အနမ်းတစ်ပွင့်ကြွေခဲ့တယ်
ဒီအနမ်းအတွက် ပြန်ပေးရမှာက
တစ်ခုတည်းပဲ...
ဘယ်တော့မှ ထားမသွားဖို့။

ကိုကိုမိုးဟိန်း

#KoKoMoeHein
@myanmarkoko

IMG_20251227_164523.jpg