ခေါင်းစဉ်မဲ့ကဗျာ - ၆

in #myanmar22 hours ago

ဆုံတွေ့ဖို့ မဖြစ်နိုင်တဲ့ လူနှစ်ယောက်
ကံကြမ္မာက ဖန်လာတော့
ဆုံဖြစ်အောင် ဆုံခဲ့ကြတယ်နော်
ပေါင်းဖက်ဖို့ ဘုရားမှာ ဘယ်လောက်ပဲ
ဆုတွေတောင်းလဲ
ကံကြမ္မာငင်လာတော့
တို့တွေ...
ဝေးဖြစ်အောင် ဝေးခဲ့ကြတယ်...
ကံတရားရေ...
မင်းကို ကျေးဇူးတင်ရမှာလား...
မင်းကို အပြစ်ပဲ တင်ရမှာလား...
တခါတခါ ချစ်ခဲ့မိတဲ့
ကိုယ်ကိုယ်တိုင်ကိုပဲ အပြစ်တင်ရမလား...
ကိုယ့်မှာတော့ မေးခွန်းပေါင်းများစွာနဲ့
မင်းကတော့ အချစ်သစ်နဲ့ပျော်လို့ပေါ့...


IMG_20260516_130053.jpg

Model: My Cat


ကိုကိုမိုးဟိန်း
#kokomoehein

@myanmarkoko

Sort:  

ကဗျာရဲ့ ခံစားချက်တွေက
ကြောင်ကလေးရဲ့ မျက်နှာပေါ်မှာ ထင်ဟက်နေပါတယ်။