ခေါင်းစဉ်မဲ့ကဗျာ - ၁၂

in #myanmar4 days ago

အမြဲပြုံးတက်တဲ့ မေမေ
သွားမစုံတော့ပေမဲ့ အမေ့အပြုံးဟာ
ကမ္ဘာမှာ အလှဆုံး။
ဟိုးခေတ်တုန်းက လူကြီးတွေ
လေဒီယိုနားထောင်းရင်း
တောက်ခေါက်ကြသလို
ဖေဖေဟာ ယူကျု နားထောင်ရင်း
တောက်ခေါက်နေလေရဲ့။
အစ်မကြီး အမိရာ ဆိုသလို
မနက်ဆို အစ်မဟာ အစောဆုံးနိုးတဲ့ လူသား။
စောစောထတဲ့ငှက် အစာပိုရသလိုမျိုးပေါ့။
အရေးကြီးရင် သွေးစည်းသတဲ့
အစ်ကိုကြီးဟာ အရေးကြုံရင် အားကိုးရတဲ့
အဖေရဲ့ ညာလက်ရုံး။
ဒီမိသားစု ဒီအိမ်ကလေးမှာ
အခက်ခဲကြုံတိုင်း မပါမဖြစ်
ကူညီဖြေရှင်းပေးရသူကတော့ ယောက်ဖ။
ကျွန်တော်တစ်ယောက်
အတွေးတွေ နယ်ကျွံရင်း
မိုးကာတဲလေးရဲ့ အပြင်ဘက်
မိုးကောင်းကင်ကိုမော့ကြည့်မိတော့
လမင်းကြီးက ထိန်ထိန်သာလို့...
"လူတကာတွေ ပျော်နေချိန်မှာ
လူတကာတွေ မြူးနေချိန်မှာ
ငါ့ဘဝတော့လေ..."
ဆိုတဲ့ ဉီးထီးရဲ့ သီချင်းကို သတိရမိရဲ့...

IMG_20260626_222339.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein
@myanmarkoko