တခါတလေ
သိပ်ချစ်ပါတယ်ဆိုတဲ့စကားကြားတိုင်း
ရင်ထဲမှာ အောင့်အောင့်သွားတယ်...
ကိုယ်နဲ့မခွဲနိုင်လို့ပါဆိုပြီး ဗေဒင်တွေမေး
ယတြာတွေချေပြီး ငိုယိုခဲ့ဖူးတဲ့ မိန်းကလေးလဲ
ရင်ခွင်သစ်ဆီ ပြောင်းသွားခဲ့တာပဲ...
ဘုရားရှင်နဲ့ ဗေဒင်ဆရာကိုတော့
အားနာဖို့ကောင်းရဲ့။
ခြောက်နှစ်မှာ တစ်ကြိမ်သာ ကိုယ့်ဆီလာခဲ့ပေမဲ့
တခြားတစ်ယောက်ဆီကိုတော့
ခြောက်လနဲ့ အရောက်သွားခဲ့တယ်
သူမ ပြောတဲ့ "သိပ်ချစ်ပါတယ်" ဆိုတာ
ဒါမျိုးထင်ပါရဲ့...

ကိုကိုမိုးဟိန်း
#KoKoMoeHein
@myanmarkoko
ယုံကြည်လို့မရတဲ့အထဲ အချစ်လည်းပါတယ်
ဟုတ်တယ်ဗျို့
အချစ်ဆိုရင်ကို ကြောက်နေပြီ 😧
!PIZZA
$PIZZA slices delivered:
@myanmarkoko(1/5) tipped @suhlaing
Learn more at https://hive.pizza.