Interesting Ghost Story

in #myanmar6 years ago

တစ္ဆေ့ရန်ငြိုး
"ဟေ့ကောင်ထ..ဟေ့ကောင် ထလေ"
ကျုပ်ကနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာဗျ...ကျုပ်ကို တစ်ယောက်က နှိုးနေတာကို ကျုပ်နားထဲမှာ ကြားနေရတယ်...ဒါပေမဲ့ ကျုပ်မျက်လုံးတွေကို ဖွင့်လို့ကို မရတာဗျ... ကျုပ် စာထဲမှာ ဖတ်ဖူးတဲ့ စကားတစ်ခုကို ချက်ချင်းသတိရသွားတယ်....ကမ္ဘာပေါ်မှာ အလေးဆုံးအရာက မျက်ခွံဆိုတာလေဗျာ...
"ဟေ့ကောင် ထတော့လေ"
ဒီတော့မှ ကျုပ်ကို နှိုးနေတဲ့ အသံကို ကျုပ်သတိပြုမိသွားတယ်...ဘယ်လိုအသံမျိုးပါလိမ့်...စူးရှရှ အက်ကွဲကွဲကြီးပါလား... ဒီအသံကြီးကို အာရုံစိုက်ပြီး နားထောင်လိုက်မိတော့မှ ကျုပ်စိတ်ထဲမှာ ကြောက်မိသလိုလိုကြီး ဖြစ်လာတယ်....
"ဟေ့ကောင် ထတော့လေ"
ကျုပ်မျက်လုံးတွေကို အတင်းအားယူပြီး ဖွင့်လိုက်တယ်...ဟောရပြီ ရပြီ ပွင့်သွားပြီ ကျုပ်မျက်လုံးတွေ ပွင့်သွားပြီ...အောင်မလေးဗျ ဒါ ဘာကြီးတုံး...ကျုပ်ကို နှိုးနေတဲ့လူရဲ့ မျက်နှာကြီးက ကြောက်စရာကြီးဗျာ....မျက်လုံးကြီးတွေက ကျွတ်ထွက်တော့မလိုလို ပြူးထွက်နေတာဗျ...မျက်နှာကလည်း ချိုင့်ခွက်ပြီး နှာခေါင်းက ပြားချပ်နေတာဗျို့...နားရွက်ကြီးတွေကလည်း ယပ်တောင်ကြီးတွေလို အကြီးကြီးတွေဗျ....ပါးစပ်ပြဲပြဲကြီးကိုဟပြီး ကျုပ်ကိုရယ်ပြနေတယ်....ပါးစပ်ထဲကသွားတွေကလည်ူ ကျိုးတိုးကျဲတဲ အကြီးကြီးတွေပါလား..ဒါ လူမှဟုတ်ရဲ့လား...သရဲများလား
ကျုပ်ကရော ဘယ်နေရာမှာ လာပြီးအိပ်ပျော်နေတာတုံး မြက်ပင်ရှည်ရှည်ကြီးတွေကြားမှာ ကျုပ်အိပ်ပျော်နေတာဗျ...ကျုပ်တအားကြောက်သွားတာကို ကျုပ်ကိုနှိုးတဲ့လူက သိသွားတဲ့ပုံပဲဗျ...
"ဟား..ဟား..ဟား..ဟား..ဟား"
မင်းက ငါ့ကိုလန့်သွားတဲ့ပုံပဲ...ဒီလူက ပြောပြောပြီး ရယ်နေတာဗျို့..အပေါ်ပိုင်းက ဘာအကျီင်္မှ မပါဘူး... ကိုယ်လုံးတီးဗျ...အောက်ပိုင်းမှာတော့ စုတ်ပြဲနေတဲ့ ပုဆိုးကို ဒူးခေါင်းလောက် တိုတိုကြီး ဝတ်ထားတယ်ဗျ...ကျုပ် ဒီလူကိုကြည့်ရင်း ကြောက်လိုက်တာဗျာ...
"ဟေ့ကောင် ကြောက်မနေနက်...ထ..ထ..မင်းကို ဘိုးဘိုးလာပို့သွားတာ မင်းက ငါနဲ့ နေရမှာတဲ့ လာ လာ"
"ကျုပ်က ခင်ဗျားနဲ့ ဘာလို့နေရမှာတုံး ကျုပ်မှာ အိမ်ရှိတာဘဲ...ကျုပ်အိပ်မှာ ကျုပ်နေမှာပေါ့ဗျ"
"ဟာ...ဒီကောင် ခက်နေမှပဲ မင်းတို့ ငါတို့ ဘဝတွေက ဘယ်က အိမ်ရှိမှာတုံး တစ္ဆေရဲ့"
"ဗျာ....ခင်ဗျား ကျုပ်ကို ဘယ်လိုခေါ်လိုက်တာတုံး"
"ငါလား...ငါက သရဲလေ....မင်းက တစ္ဆေလေ....အဲ့ဒါ ဘာဖြစ်တုန်း
"ဘာဗျ ကျုပ်က တစ္ဆေဟုတ်လား..ကျုပ်က တစ္ဆေ်ဟုတ်ဘူဗျ....ကျုပ်က လူ လူ"
"ဟား ဟား ဟား ဟား...ဟေ့ကောင် တစ္ဆေ မင်းကလူမဟုတ်တော့ဘူးကွ....မင်းက သေပြီးသွားပြီ...သေပြီးတော့ တစ္ဆေဖြစ်နေပြီကွ"
"ဘာ...ဘာပြောတယ် ကျုပ်ကသေသွားပြီ ဟုတ်လား.... ကျုပ်ကဘာကြောင့် သေရမှာတုံး"
"ဟာ...ဒီတစ္ဆေတော့ တော်တော့်ကို ခက်နေမှဘဲ...ကိုယ်သေတာလည်း ကိုယ်မသိ....ကိုယ်ဘာကြောင့်သေမှန်းလည်း...ကိုယ်မသိ...အေးလေ...ဒါမျိုးကဖြစ်တက်ပါတယ်လေ...ကဲ တစ္ဆေ. ပြီးတော့ မင်းကို ငါပြောပြမယ် အခုတော့ ငါ့တာဝန်က မင်းကိုနေစရာပေးဖို့ကွ မင်းဟိုသရက်ပင်ကြီးကို မြင်လား...အကြီးကြီးဘဲလေ.. အဲ့သစ်ကိုင်းမှာ မင်းနဲ့ငါ နှစ်ယောက်ထည်းနေရမှာကွ....လာ သွားမယ်"
သရဲက ကျုပ်လက်ကို ကိုင်လိုက်တယ်....ဟာ..ကျုပ် သရက်ကိုင်းကြီးမှာ ထိုင်လျက်သား ဖြစ်နေပြီဗျ....ဟုတ်ပြီထင်တယ်...ကျုပ် တစ္ဆေ ဖြစ်နေတာဗျ....ကျုပ်အိမ်မက် မက်နေတာလို့ထင်လို့ ကျုပ်ပတ်ဝန်းကျင်ကိုကျုပ်သေသေချာချာ ကြည့်မိတယ်...ပတ်ဝန်းကျင်ကို ကျုပ်သေသေချာချာ မြင်နေရတာဘဲလေဗျာ...အိမ်မက်ဘယ်လိုဖြစ်နိုင်မာတုန်ူး...ကျုပ်နက်မနီးမဝေးမှာထိုင်နေတဲ့ သရဲကို ကျုပ်သေသေချာချာကြည့်ပြီး မေးလိုက်တယ်....
"ကိုသရဲ ကျုပ်ကို ပြောပြပါ ဒါ တဂယ်လားဗျာ"
"တစ္ဆေ တဂယ်လေကွာ မင်းတဂယ်သေသွားခဲ့တာပါ...အခုလည်း...တစ္ဆေ တဂယ်​ ဖြစ်နေတာပါ"
"ဒါ ဘယ်နေရာတုံးဗျာ"
"မင်းတို့ရွာ ဘန့်ဘွေ့ကုန်းနဲ့ ခွေးတစ်ဟောင်ဝေးတဲ့နေရာကွ သရက်ပင်အုပ်ကြီးလေ....ဟိုဘက်ကိုသွားရင် ထန်းတောကြီးရွာလေကွာ"
"ဟာ....ကျုပ်သိပြီ ထန်းတောကြီးနဲ့ဘန့်ဘွေးကုန်းကြားက သရက်ပင်အုပ်ကြီးပဲ...ကိုသရဲ ကျုပ်က ဘယ်လိုဖြစ်လို့သေခဲ့တာတုံးဗျ...ပြီးတော့ ကျုပ်က ဘာကြောင့် တစ္ဆေ ဖြစ်ရတာတုံး...လူ့ဘဝတုန်းက ကြီးကြီးမားမား မကောင်းမှုတွေ ကျုပ်ဘာမှမလုပ်ခဲ့ပါဘူးဗျာ....ကျုပ်သေတော့ ကျုပ်မိန်းမ မြခင်က ကျုပ်အတွက် ကောင်းမှုကုသလိုလ်တွေ ဘာတွေ လုပ်မပေးဘူးလားဗျာ"
"မင်းမေးတာတွေက များတော့ ငါ ဘာကစပြီး ဖြေရမှန်းတောင် မသိတော့ဘူးကွ တစ္ဆေ ရဲ့....ဒီလိုဟေ့ မင်းသေတာကသူများလုပ်ကြံလို့ သေရတာ...မင်းမိန်းမမြခင်က မင်းအတွက် ဆွမ်းသွတ်ပေမယ့် မင်းက ခုနစ်ရက်လုံး အိပ်ပျော်နေတာကွ"
"ဗျာ...ကျုပ်က အိပ်ပျော်နေတာ ဟုတ်လား ကျုပ်က ဘယ်နေရာမှာ အိပ်နေလို့တုံး"
"မင်းလဲကျပြီး သေတဲ့နေရာမှာဘဲ မင်းအိပ်ပျော်နေတာကွတစ္ဆေရ"
"ကိုသရဲ ခင်ဗျားကို ကျုပ် တစ်ခုမေးပါရစေဗျာ"
"ဟ....တစ္ဆေ... တစ်ခုမဟုတ်ဘူး...မင်း အများကြီး မေးလို့ရတယ်....ဘိုးဘိုက မင်းကို ငါ့ဆီမှာ အပ်သွားတာ..မင့်းပတ်သတ်ရင် ငါက တာဝန်ယူရမှာကွ"FB_IMG_1528379725886.jpg(နောက်ရက်ဆက်ရန်)

Written by MSU 020
Eposoid,1

Sort:  

This. is a Good Post But You need to care ur writing Skill

ဝတ္ထုတို..

ဖတ်​လို့​ကောင်းတယ်​ဗျ