ဆင်ခြေထောက်ရောဂါ ( FILARIASIS )
ဒီနေ. ရပ်ကွက်ရုံး က လော်စပီကာကြီးနှင့် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးသောက်ဖို. ခေါ်နေသံ မနက်စောစောထဲက ကြားနေရတယ်။ အိမ်ကလည်း အပြင်မသွားခင် ၇ပ်ကွက်ရုံး ၀င်ပီး ဆေးသောက်ဖို. မှာနေတော. အိမ်ကထွက်တာနဲ. ရပ်ကွက်ရုံးကိုဘဲသွားလိုက်တယ် ။ ရုံးရောက်တော. ရပ်ကွက်လူကြီများကလည်း သိနေတော .နှုတ်ဆက်ပြီး စာရင်းသွင်းပြီး အနီရောင်ဝတ်နဲ. ဆရာမလေးတွေဆီမှာ ဆေးသွားယူပြီး သူတို.ရျေံမှာဘဲသောက်ပြရတယ်။ သူတို.ကတော. ဆေးတွေကနိုင်ငံခြားအဖြွ.အစည်းများနဲ. အလှူရှင်နိုင်ငံတွေက လှူတဲ.အတွက်အလေအလွင့်မဖြစ်အောင် ဆေးသောက်ကြောင်းသေချာစေရန် ရျေံမှာသောက်စေခြင်းဖြစ်တယ်လို.ပြေပါတယ်။
ဆေးသောက်ပြီးတော. ကျနော်လဲ မပြန်သေးဘဲ စပ်စုပါတော.တယ်။ ဆေးဘာလို.တိုက်တာလဲ။ဘာတွေကောင်းကျိုးရှိလဲသိရအောင်ပေါ.။
ကျနော်တို.နိုင်ငံရဲ. ရာသီဥတုက ပူအိုက်စွတ်စိုတဲ. အပူပိုင်းမုတ်သုံ ရာသီဥတုအမျိုးအစား ထဲမှာပါဝင်တယ်။ အဲဒီတော. ခြင်ပေါတဲ.နိုင်ငံပေါ.!
ဆင်ခြေထောက်ရောဂါ သည်ြ ခင် မှတဆင့် ကူးစက်သောရောဂါဖြစ်သည်။ Filariasis ဟုခေါ် ပါသည်။ တုပ်ကောင် မျိုး နွယ်စုဝင်ဖြစ်သော Filarial worm Wucherreria bancrofti နှင့် Brugia malayi တို မှကူးစက်နိုင်သည်။ ည ဘက်ကိုက်သောခြင် ဖြစ်သည့် Culex or Anopheline ခြင်များ မှ ရော ဂါ ကူးစက်စေသည်။
Wucherreria bancrofti သည် ခြင် ကိုက်ခံ၇ခြင်း မှတဆင့် လူ၏ ကိုယ်ထဲ သို. ၀င်ရောက်သွာ ပြီး ၊ ၄ - ၁၀ စင်တီ မီတာ ရှည်သော တုပ်ကောင် အဖြစ်သို. ကြီး ထွားသွား သည်။ ထိုတုပ်ကောင်မှ microfilariae များ မွေး ထုတ်ပြီး ၊ သွေးထဲ တွင် ပျံ.နှံ. စေ သည် ။ ထို microfilariae များ ကို ခြင် က သယ်ဆောင်သွားပြီး ၊ တခြားလူထံ ရောဂါ ကူးစက်စေသည်။
လူကိုယ်ထဲ ရှိ ဆင်ခြေထောက်ရောဂါ တုပ်ကောင်မှ တဆင့် အဆိပ်များ ထုတ် ခြင်း ၊ ပြန် ရည်ကြော / သငန်ရည် ကြော အ ဖွဲ. စည်း ( lymphatic system ) ကို ပိတ်ဆို.ခြင်း ၊ ပျက်စီးစေခြင်း ၊ရောင် ယမ်းစေခြင်းဖြင့် ရောဂါ စတင်ဖြစ်လာသည်။
.ဆင်ခြေထောက်ရောဂါသည် ဆင်ခြေထောက်ပုံသဏ္ဍာန်ရှိသဖြင့် ဆင်ခြေထောက်(Elephantiasis ) အမည်တွင်ပါသည်။ ဆင်ခြေထောက်ရောဂါသည် လူမှ လူသို့ တိုက်ရိုက်ကူးစက်မှုမရှိပါ။ ခြင်းမှတဆင့် ကူးစက်ခြင်းဖြစ်ပါသည်။ ဆင်ခြေထောက်ပိုးရှိသော ခြင်တစ်ကောက်ကိုက်သောအခါ (သွေးစုပ်သောအခါ) ၄င်းဆင်ခြေထောက် ပိုးသည် လူ၏အရေးပြားပေါ်သို့ချထားခဲ့ပါသည်။ ၄င်းဆင်ခြေထောက်ပိုးသည် အလွန်သေးငယ်သဖြင့် ရိုးရိုးမျက်စိနှင့်မမြင်နိုင်ပါ။ ၄င်းဆင်ခြေထောက်ပိုးသည် ခြင်ကိုက် ရာမှတဆင့် လူ၏အရေးပြားပေါက်မှတဆင့် လူ၏သံငံရည်စုဝေးရာနေရာသို့ရောက်ရှိသွားခဲ့သည်။
.ကလေးဘ၀တွင်ကူးစက်ခံထားရပါက လူ၏အသက်တာနောက်ဆုံးပိုင်းတွင် ၄င်းရောဂါလက္ခဏာ၏ နာကျင်မှုနှင့်ပုံသဏ္ဍာန်ပျက်စီးခြင်းများပေါ်ပေါက်လာပြီး ခံစားရပါ သည်။ ၄င်းရောဂါ၏ပြင်းထန်သော လက္ခဏာမှာ ခဏတဖြုတ် အင်အားချီနဲ့ပြီး နောက်ပိုင်းတွင် အမြဲတစေအင်အားချီနဲ့သွားခြင်းဖြစ်ပါ သည်။ နိုင်ငံပေါင်း (၈၁)နိုင်ငံမှ သန်းပေါင်းများစွာသောလူများတွင် ၄င်းအန္တာရာယ်နှင့်ရင်ဆိုင်နေရပါ သည်။ လက်တလောအခြေအနေတွင် လူပေါင်း (၁၂၀)သန်း သည် ၄င်းရောဂါဆိုးကြီးကို ခံစားနေရပြီး သန်း(၄၀)သောလူများမှာ ၄င်းရောဂါကြောင့်ဖြစ်သောကိုယ်အင်္ဂါချို့ယွင်းမှုများကြောင့် အလုပ်မလုပ်နိုင်
တော့ပါ။ ခန့်မှန်းခြေ (၆၅%)သောလူများမှာ အရှေ့တောင်အာရှမှဖြစ်သည်။
ရောဂါလက္ခဏာများ
.စုစုပေါင်းရောဂါလက္ခဏာအဆင့် (၇)ဆင့်ရှိပြီး၊ ပထမအဆင့်တွင် အနည်းငယ်ရောင်ရမ်းခြင်း မှ နောက်ဆုံးအဆင့် (၇)တွင် မလုပ်နိုင်မကိုင်နိုင်ခြင်း အထိဖြစ် ပါသည်။ ရောင်ရမ်းခြင်းသည် လူ၏ခန္တာကိုယ်တစ်ခုလုံးတွင်ဖြစ်နိုင်ပြီး ၄င်းသည်ပထမအဆင့်လက္ခဏာဖြစ်သည်။ ခြေထောက် များအလွန်ရောင်ရမ်းပြီး အဖုအပိန့်ကြီးများဖြစ်ပေါ်လာခြင်းသည် နောက်ဆုံးအဆင့်ဖြစ်ပါသည်။ အဖျား တက်ခြင်း
ကိုက်ခဲခြင်း
ရောင် ရမ်း နေ သော၊ ပြန် ရည်ကြော တလျှောက် တွင် နာကျင်ခြင်း ၊နီရဲ ရောင်ရမ်း လာခြင်း၊
ကပ် ပယ်အိတ် နှင့် ဝှေး စေ့ ရောင်ရမ်း လာခြင်း ၊
ပေါင်ခြံ အကျိတ်များ ကြီးထွား လာခြင်း ၊
ရက် အနဲငယ် သက် သာ သွားသော်လည်း ၊ ခ ဏခဏ ပြန်ဖြစ်ခြင်း ၊
ပေါင်ခြံ အကျိတ်များ ကြီးထွား ရာမှ ရောင်ရမ်း ပိတ်ဆို. လာ သဖြင့် ခြေ ထောက် တဖြည်း ဖြည်း ရောင် ကိုင်းလာခြင်း
မကုသ ဘဲထားပါက ရောဂါ ပိုဆိုးလာပြီး ၊ ရေပြား မာကျော ၊ ဖုဖောင်း ၊ ကြမ်းတမ်း ၊အက်ကွဲ လာ ကာ ၊ ပြန် မကောင်းနိုင်တော့သော ၊ ခြေထောက် ကြီးထွား ပျက်စီး သည့် ဆင်ခြေထောက်ရောဂါဖြစ်လာလေသည်။
ရေမုတ် ခေါ် ကပ် ပယ်အိတ် အရည် များ ဖြင့်ပြည့် တင်း ဖောင်းကား သည့်ရောဂါ ကိုပါ တွဲ တွေ.ရတတ်သည်။
ဆင်ခြေထောက်ရောဂါကာကွယ်ရေး
.ဆင်ခြေထောက်ရောဂါသည် လူ၏သွေးအတွင်း၎င်းရောဂါကိုဖြစ်စေသောကပ်ပါးပိုးကို ဆေး(၂)မျိုးအားဖြင့် ကာကွယ်ကုသ၍ရပါသည်။ ဆေးများမှာ(diethylcarbamazine DEZ နှင့် ivermectin) တို့ဖြစ်ပါ သည်။ ဆေးတစ်ကြိမ်သောက်ရုံနှင့် လူ၏သွေးထဲရှိ ကပ်ပါးပိုးများကို တစ်နှစ်တာလောက် ရှင်းပေးထားနိုင် ပါသည်။ ဆင်ခြေထောက်ရောဂါသည် လတ်တလောသေစေနိုင်သော ရောဂါ မဟုတ်သော်လည်း ခြေလက်အင်္ဂါပုံသဏ္ဌာန်ပျက်ယွင်းခြင်းကြောင့် လူမှုရေး ထိခိုက်နစ်နာဆုံးရှုံးမှုရှိသောရောဂါများတွင် ပါဝင်သော ရောဂါတစ်ခုဖြစ် ပါသည်။
၁၉၉၇ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အကြိမ် (၅ဝ)မြောက် ညီလာခံမှ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် ၅၉ အရ ''၂ဝ၂ဝ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး'' ရည်မှန်း ချက်ကို မြန်မာနိုင်ငံအပါအဝင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှု ရှိသောနိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြ ပါသည်။
မြန်မာနိုင်ငံ၌ ၂ဝ၂ဝ ပြည့်နှစ်တွင် ဆင်ခြေထောက်ရောဂါကို ကျန်းမာ ရေးပြဿနာတစ်ရပ်အဖြစ်မှ ဖယ်ရှားရန်
လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း (Mass Drug Administration) ငါးနှစ်ဆက်တိုက်ဆောင်ရွက်ပြီးပါက ပြည်သူလူထုအတွင်း ဆင်ခြေ ထောက်ရောဂါ တွေ့နှုန်း (Antigenaemia) မှာ လူဦးရေ ၁ဝဝဝ လျှင် တစ်ယောက်ထက်နည်းစေရန်
၎င်းရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန်အတွက် နည်းဗျူဟာ နှစ်ခုကိုချမှတ်ခဲ့ပြီး ၄င်းတို့မှာ
၁။ ဆင်ခြေထောက်ရောဂါအမြစ်တွယ်မှုရှိသော ဒေသများတွင်လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်း (Mass Drug Administration) ဆောင်ရွက်ရန်
၂။ ဆင်ခြေထောက်ရောဂါဝေဒနာ ခံစားနေရသူများအား ကုသမှုပေးခြင်း နှင့်ပြည်သူလူထုအခြေပြုမိသားစုအတွင်း ပြုစုစောင့်ရှောက်မှုပေးခြင်း လုပ်ငန်း ဆောင်ရွက်ရန်ဖြစ်ပါသည်။
လူဦးရေစုစုပေါင်းအနက် နှစ်နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ရောဂါတစ်ခုခုကြောင့် ဆေးစွဲသောက်နေသူများနှင့် အိပ်ရာထဲလဲနေသူမှအပ ကျန်သည့်လူများအားလုံးကို တစ်ပတ်အတွင်း တစ်နှစ်လျှင်တစ်ကြိမ်အနည်းဆုံး ငါးနှစ်ဆက်တိုက်တိုက် ကျွေးရမည်ဖြစ်ပါသည်။ တိုက်ကျွေးသည့်ဆေးမှာ DEC(Diethylcarbama-zine Citrate) နှင့် Albendazole သန်ချဆေးစသည့်နှစ်မျိုးဖြစ် ပါသည်။ ယခုတိုက်ကျွေးမည့်ဆေးများဖြစ်သည့် DECE နှင့်Albendazole ဆေးများသည် ထင်ရှားသောဘေးထွက်ဆိုးကျိုးများမရှိပါ။ DEC ၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊ ယားယံခြင်း၊ မျက်နှာ၊ အထူးသဖြင့် မျက်လုံးဝန်းကျင်တွင် ရောင်ရမ်းလာခြင်း၊ ရံဖန်ရံခါ ဖျားခြင်း၊ အရေပြားအဖုအပိန့်ထွက်ခြင်းနှင့်လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် အကျိတ်များထွက်ကာ နာလာခြင်းတို့ဖြစ်ပါသည်။ ALbendazole ၏ ဘေးထွက်ဆိုးကျိုးမှာ ပျို့ခြင်း၊ အန်ခြင်းတို့ဖြစ်ပါသည်။ ၎င်းဘေးထွက်ဆိုးကျိုးများသည် ဆေးသောက်ပြီး ၂၄ နာရီအတွင်း ဖြစ်တတ်ပါသည်။ Alben-dazoleသည် အစာလမ်းကြောင်းမှလွဲ၍ ကျန်သည့်ခန္ဓာကိုယ်အစိတ် အပိုင်းများကို ထိခိုက်မှု (Systemic Side Effect ) မရှိပါ။
ဆင်ခြေထောက်ရောဂါ၏ သဘာဝအရ DEC သောက်ပြီးလျှင် ဆင်ခြေထောက်ပိုးများ သေကျေပျက်စီးသွားသည့်အတွက် ယင်းတို့မှ ထွက်လာသော ဓာတ်ပစ္စည်းများကြောင့် ခန္ဓာကိုယ်တွင် ဖျားနာခြင်း၊ အင်ပြင်ထွက်ခြင်း၊ ခြေလက်များကိုက်ခဲ၍မသယ်ချင်ဖြစ်ခြင်း၊ ယောကျာ်းများတွင် ဝှေးစေ့ရောင် ခြင်း၊ ခြေထောက်အနည်းငယ်ရောင်လာတတ်ခြင်းတို့ ဖြစ်တတ်ပါသည်။
ယင်းတို့သည် ဆေးသောက်ပြီး ၂၄ နာရီကျော်လျှင် စတင်ပေါ်လာပြီး ၁ ရက် ၂ ရက်အတွင်း ပျောက်သွားမည် ဖြစ်ပါသည်။
ယခုနှစ်လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲပြီး လူဦးရေစာရင်းကောက်ယူခြင်း၊ လိုအပ်သောဆေးဝါးများကို မှာယူခြင်း၊ ဆေးများကို မြို့နယ်များသို့ဖြန့်ဝေခြင်း၊ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ၊ ဆေးတိုက်လမ်းညွှန်များကို ဖြန့်ဝေခြင်း၊ လုပ်ငန်းများကိုဆောင်ရွက်ပြီးစီးပြီး ဖြစ်ပြီး၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များအား အသိပေးဆွေးနွေးခြင်း၊ပည်သူလူထုအားကျန်းမာရေး ပညာပေးခြင်းနှင့် ဆေးတိုက်ရာတွင်ပါဝင် မည့် ဆေးတိုက်အဖွဲ့ဝင်များကို ဆေးတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ သေသေချာချာ သင်ကြားပို့ချခြင်းသည် အလွန်အရေးကြီးပါသည်။ သို့မှသာ ဆေးတိုက်အဖွဲ့ဝင်များ အိမ်တိုင်ရာရောက် မိမိရှေ့တွင် ဆေးတိုက်ကျွေးခြင်းကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မလိုလားအပ်သော ဆေး၏ဆိုးကျိုးများကို လျော့နည်းစေနိုင်မည် ဖြစ်ပါသည်။
ဆေးကို ညနေပိုင်းအစာစားပြီးမှ သောက်ရမည်ဖြစ်ပါ၍ ဆေးလာကျွေးသည့်အချိန် အိမ်တွင် လူအများစုထားရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးမှတာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာမှလူမှုရေး လုပ်ငန်းစိတ်ဝင်စားသူများမှ ပြည်သူလူထုများအား ဆေးတိုက်ကျွေးရာတွင် ပူးပေါင်းပါဝင်၍ ကူညီဆောင်ရွက်ရန် လိုအပ်သည်ဟု သိရှိရပါကြောင်း တင်ပြလိုက်ရပါတယ်။
photo from google
myint oo
B-16
Good
Good
Resteem လုပ်မယ်နော်အရမ်းကောင်း
you always have the best content myintoo keep it up!
Good
Good.