ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁၀)

in #myanmar6 years ago (edited)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၁)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၂)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၃)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၄)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၅)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၆)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၇)

ဘဝတစ်​ဆစ်​ချိုးအပိုင်း(၈)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၉)

         ယခင်​အပိုင်း (၉)မှအဆက်

ဟင်​.....။နေ​သော်​ အံ့သြခြင်းများစွာဖြင့်​ မှင်​တက်​သွားသည်​။ပြီး​နောက်​မှာ​တော့

"အိုးးးး     နွယ်​"​နေ​သော်​ နှုတ်​ဖျားမှလည်းမရည်​ရွယ်​ပါဘဲ တိုးတိုး​လေးထွက်​သွားမိ​တော့သည်​။အဖြူ​ရောင်​ ဝတ်​စုံဖြင့်​ လှ​နေ​သော နွယ်​ ။တဖြည်းဖြည်းနှင့်​ ​နေ​သော့်​နားသို့ ​ရောက်​လာခဲ့သည်​။နေ​သော်​ တစ်​​ယောက်​ ​သွေးမရှိ​သောလူတစ်​​ယောက်​နှယ်​ ​ကြောင်​​သေ ​သေ​နေ​တော့သည်​။not_breathing_by_gilraen_ar_feiniel-d4f6ux4.jpgcredit imagehttps://finisternis.deviantart.com/art/Not-Breathing-267378952

"ကို" အနားသို့​ရောက်​လာ​သော နွယ်​တစ်​​ယောက်​ ​နေ​သော်​အား အပြုံး​လေးများဖြင့်​ နှုတ်​ဆက်​​လိုက်သည်​။နေ​သော်​ ကြက်​သီးများပင်​ထ၍သွားသည်​။တစ်​ကမ္ဘာလုံး တုန်​လှုပ်​သွားသည်​ထင်​ရသည်​။၃နှစ်​ကြာကာလအတွင်းး​မေ့ထားခဲ့ပြီဖြစ်​​သော "ကို" ဆို​သော နာမည်။အ​သွေးထဲအသားထဲစိမ့်​ဝင်​ သွားသည်​ဟုပင်​ ​နေ​သော်​ထင်​မှတ်​မိသည်​။ရုတ်​တရက်​မို့ ​ငေး​ကြောင်​​နေမိပြီး ပြီးမှ နှုတ်​ခမ်းဖျားမှခပ်​ဖွဖွ​လေးအသံထွက်​သွားမိ​တော့သည်။

"နွယ်​"

ခပ်​တိုးတိုး​လေးပင်​။တချိန်​တည်းအနားသို့​​ရောက်​လာ​သော "နွယ်​"အား ​နေ​သော်​​တင်းကျပ်​​စွာ​ပွေ့ဖက်​ထား​လိုက်​သည်​။ထို့​နောက်​မျက်​ဝန်းထဲမှလည်း မျက်​ရည်​များအဝိုင်းနှင့်​သာ။

"ဘယ်​​တွေ သွား​နေတာလဲ နွယ်​ရယ်​ ကိုယ်​ မင်းကို ​အရမ်းလွမ်း​နေတာသိရဲ့လား နွယ်​ ကိုယ့်​ကိုထားခဲ့ရက်​တယ်​ကွာ" ​နေ​သော်​တစ်​​ယောက်​ က​လေးတစ်​​ယောက်​လို မျက်​ရည်​များ ထိန်းမရသိမ်းမရ နိုင်​ဖြစ်​ပြီး နွယ့်​အား မလွတ်​တမ်းဖက်​ထား​လေသည်​။နွယ့်​မှာဖြင့်​ မျက်​ရည်​များပြည့်​နှက်​​နေ​သော မျက်​ဝန်းတစ်​စုံဖြင့်​ ​နေ​သော့်​အား ကလယ်​ကလယ်​ကြည့်​ကာ ဝမ်းသာပီတိဖြစ်​​နေ​တော့သည်​။

"နွယ်​ ကို့ကို မထားခဲ့ပါဘူးကိုရယ်​ ဘယ်​​တော့မှလည်း မခွဲသွားပါဘူး နွယ်​​လေ ကိုယ့်​​ဘေးနားမှာပဲ အမြဲတမ်းရှိ​နေခဲ့တာပါ ကို ယုံကြည်​ရဲ့လား အခုလဲ ကို့ဆီ နွယ်​ပြန်​လာပြီပဲ​လေ"နွယ်​ ​ပြောရင်းဆိုရင်းနှင့်​ မျက်​ရည်​များ လှိမ့်​ဆင်းလာ​တော့သည်​။ရုတ်​တရက်​​နေ​သော်​ နွယ့်​အားဖက်​ထားရာမှ ခွာလိုက်​ပြီး-

"နွယ်​ တကယ်​​ပြောတာလား တကယ်​ပြန်​လာတာ​ပေါ့ ဟုတ်​လား နွယ်​"​နေ​သော်​ ဝမ်းသာစွာဖြင့်​ နွယ့်​ လက်​​မောင်းနှစ်​ဖက်​အားတင်းကျပ်​စွာ ဆုပ်​ကိုင်​ရင်း ​မေး​တော့သည်​။

"နွယ်​တကယ်​​ပြောတာ​ပေါ့ နွယ်​ပြန်​လာမှာပါ အဲ့ကျမှ နွယ့်​ကိုမသိချင်​​ယောင်​​ဆောင်​မလုပ်​ရဘူး​နော်​ အခု​တော့ နွယ်​ပြန်​​တော့မယ်​​နော်​"ချက်​ချင်းဆိုသလို နွယ်​ပြန်​ရန်​ ဟန်​ပြင်​​တော့သည်​။

"ခဏ​လေးပါနွယ်​ရယ်​ နွယ့်​ကို ​ပြောစရာစကား​တွေအများကြီးရှိလို့ပါ မပြန်​ပါနဲ့ဦး​နော်​" ​နေ​သော်​ နွယ့်​လက်​ကိုဆုပ်​ကိုင်​ထားရင်း မပြန်​ရန်​ တားမြစ်​​နေသည်​။a_dream_upon_waking_by_oer_wout-d6yfdxl.jpgcredit image https://oer-wout.deviantart.com/art/A-Dream-Upon-Waking-420621897

"နွယ်​ပြန်​မှဖြစ်​မယ်​ ကို နွယ့်​ကိုမတားပါနဲ့​နော်​ နွယ်​ပြန်​လာမှာပဲ​လေ"​​နေ​သော်​ မတတ်​တာ​တော့ပြီ။ဝမ်းနည်းခြင်းနှင့်​အတူ​ခေါင်းငိုက်​စိုက်​ကျသွားပြီးဆုပ်​ကိုင်​ထား​သော လက်​​လေးအား ​နေ​သော်​ ဖြည်းဖြည်းချင်း လွှတ်​လိုက်​သည်​။ပြီး​တော့မှ

"အင်းပါ နွယ်​ရယ်​ နွယ်​ပြန်​ချင်​တယ်​ဆို​တော့လည်း ကိုယ်​ မတား​တော့ပါဘူး ပြန်​ပါ"​ပြော​ ​ပြောဆိုဆို​နေ​သော်​ နွယ်လက်​​လေးအား အသာအယာလွတ်​လိုက်​ပြီး နွယ့်​အား​ကျောခိုင်းထားလိုက်​​တော့သည်​။မျက်​ဝန်းများမှလည်း မျက်​ရည်​များစီးကျလို့​ပေါ့။ရုတ်​တရက်​ဆိုသလို​နေ​သော်​ နွယ့်​အား နောက်​ပြန်​လှည့်​ကြည့်​မိလိုက်​သည်​။beautiful-young-girl-flying-white-dress-flowing-fabric-light-white-cloth-flying-wind-74827930.jpgcredit image https://www.dreamstime.com/stock-photo-beautiful-young-girl-flying-white-dress-flowing-fabric-light-white-cloth-flying-wind-image74827930

ဟင်​.....​နေ​သော်​ အံ့သြခြင်းဖြင့်​တုန်​လှုပ်​မိသွားသည်​။အ​ကြောင်းမှာ နွယ်​​ပျောက်​သွားခြင်းပင်​။နေ​သော်​မြူခိုးများကြား ​ပြေးဝင်​မိသွားသည်​။အမြင်​အာရုံများဝိုးတဝါးနှင့်​မို့လည်း နွယ့်​အား​တွေ့နိုင်​ရန်​ခဲယဉ်းသွားခဲ့သည်​။

"နွယ်​ နွယ်​ နွယ်​ ကိုယ့်​ဆီကိုပြန်​လာပါကွာ ကိုယ့်​ကိုတစ်​​ယောက်​တည်း မထားခဲ့ပါနဲ့နွယ်"မြူခိုးများကြား နွယ့်​နာမည်​အား ​အော်​ဟစ်​ရင်း ​နေ​သော်​ အရူးတစ်​ပိုင်းဖြစ်​​နေခဲ့သည်​။တောင်​​ပြေးရှာလိုက်​ ​မြောက်​​ပြေးရှာလိုက်​နှင့်​ ​နေ​သော်​တစ်​​ယောက်​ ​မောပန်းေ​နခဲ့သည်​။သို့​ပေမဲ့​နေ​သော်​ မရပ်​နား​သေးဘဲနွယ်​နာမည်​အား အသံကုန်​ခြစ်​​ခေါ်​နေခဲ့​တော့သည်​။

"​ဟေ့​ရောင်​ ​ဟေ့​ရောင်​ ​နေ​သော်​ ​နေ​သော်​"​ဘေးမှ သူငယ်​ချင်းဖြစ်​သူမိုးထက်​ ​နေ​သော်​အားလှုပ်​နှိုးလိုက်​ခြင်းပင်​။ထိုအခါမှ ​ချွေးသီး​ချွေးလုံးများဖြင့်​ အိပ်​မက်​မှ​နေ​သော်​ လန့်​နိုးလာခဲ့​လေသည်​။

ဆက်​လက်​​ရေးသားပါဦးမည်​။

Author by @nandasai(MSC.076)

Sort:  

ဪ အိပ်မက်ပေကိုး...

ဟုတ်​ပါ့ဗျာ

ဘယ်လိုပြန်လာမလည်း သိချင်လာပြီ ဘဒိုရေ

ဟုတ်​ကဲ့

အိပ်မက်လား တစ်ကယ်လား ဝေခွဲရခက်သွားခဲ့ရသည်ပေါ့
တစ်ကယ်တမ်းတော့ အိပ်မက်တစ်ခုဖြစ်နေတာက ဝမ်းနည်းစရာဖြစ်သွားရမယ်ထင်တယ်

ဟုတ်​မှာပါ

တကယ်လားလို့ဗျာ အိပ်မက်ဆိုတော့

သြော်​ အိမ်​မက်​ပါဗျာ

အိမ်​မက်​ဖြစ်​သွားပြန်​​ကော ဘာဆက်​ဖြစ်​မလဲ​စောင့်​​နေတယ်​bro

ကျေးဇူးပါဗျာ

ဇာတ်လမ်းထဲစီးမျောရင်းတကယ်ဖြစ်နေတယ်မှတ်နေတာ အိပ်မက်ဖြစ်သွားတော့နှမြောစရာကောင်းတယ်ဗျာ

လက်​​တွေ့လာ​တော့မယ်​​​လေ

ဇာတ်သိမ်းတော့တာလားဗျ။

မသိမ်း​သေးပါဘူးဗျာ

You got a 1.55% upvote from @postpromoter courtesy of @nandasai!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

အိပ်မက်ကနေ နိုးလာပြီပေါ့

ဟုတ်​ကဲ့

This post has received a 2.76 % upvote from @boomerang.

အိမ်မက်ထဲမှာ ခဏတော့ပျော်ရမှာပေါ့

ဟုတ်​ပါတယ်

အရင်အပိုင်းတွေပါပြန်ဖတ်နေပါတယ်ဗျာ

ကျေးဇူးပါဗျာ

အရင်အပိုဒ်လေးတွေ မဖတ်ကသေးတဲ့ အပိုဒ်တွေပြန်ပြီးလိုက်ဖတ်
နေတယ်ဗျို့ ဇာတ်လမ်းကိုအဆက်ဆက်မိအောင်လို့ 