စိတ်

in #myanmar8 years ago

စိတ်​ ...။

စိတ်​ဆိုသည့်​စကားလုံးသည်​ ​ရေးသားရလွယ်​သ​လောက်​ အင်​မတန်​မှ ခွဲခြမ်းဆန်းစစ်​၍မရ​သော အရာတစ်​ခုဖြစ်​မည်​ထင်​သည်​။လူ့​ဘောင်​ လူ့​လောကလူ့ဘဝတွင်​ လူသားတို့၏ စိတ်​​နေစိတ်​ထားတို့သည်​ အမျိုးမျိုး အဖုံဖုံကွဲပြားကြသည်​။ညီအစ်​​မောင်​နှမ ဖြစ်​​သော်​ငြားလည်း စိတ်​​နေစိတ်​ထားတို့က တူချင်​မှတူ​နေလိမ့်​မည်​။စက္ကန့့်​ပိုင်း၊မိနစ်​ပိုင်းသာ ခြား​မွေး​သော အမွှာညီအကို အမွှာ​ညီအမများ၏စိတ်​​နေစိတ်​ထားတို့သည်​လည်းမတူညီနိုင်​ကြ။mind_magazine_title_silver_text_by_wolfepaw-d77e4u8.png

တချို့​သောသူတို့၏စိတ်​ကား နူးညံ့သိမ်​​မွေ့ကြသည်​။ကြင်​နာသနားတတ်​ကြသည်​။တချို့ကား ထိုသူတို့၏ စိတ်​​နေစိတ်​ထားများနှင့်​ဆန့်​ကျင်​ကာ ကြမ်းတမ်းတတ်​ကြသည်​။မနာလိုစိတ်​ရှိကြသည်​။ထိုသူတို့သည်​ ချမ်းသာ​သော်​ငြားလည်း မ​တောက်​​ပြောင်​နိုင်​ကြ။စိတ်​သ​ဘောထား​သေးသိမ်​ညံ့ဖျင်း​သောသူတို့အဖို့ ချမ်းသာ​သော်​လည်း ထိုစည်းစိမ်​ဖြင့်​ ယုတ်​ညံ့​သောစိတ်​ကို မဖုံးကွယ်​​ပေးနိုင်​ပါ။Untitled.jpg

တူ​သောအကျိုး...။"မိမိစိတ်​နှင့်​တူ​သောအကျိုး​ပေးလိမ့်​မည်​။"ထို​ဆောင်​ပုဒ်​​လေးက​တော့ စာ​ရေးသူ ဖခင်​ အိမ်​ဧည့်​ခံ၌ချိတ်​ဆွဲထား​သော ​ဆောင်​ပုဒ်​​လေးတစ်​ခုဖြစ်​ပါသည်​။တစ်​ခါကကျွန်​​တော်​(စာ​ရေးသူ)ဖခင်​အား  ထို​ဆောင်​ပုဒ်​​လေးအ​ကြောင်းကို​မေးဖြစ်​ခဲ့ပါ​သေးသည်​။ငယ်​စဉ်​အခါက​ပေါ့။ကျွန်​​တော့်​ကို​ပြောပြသည်​က မိမိစိတ်​နှင့်​တူ​သောအကျိုးဆိုတာ သူတစ်​ပါးအ​ပေါ် မ​ကောင်း​သောစိတ်​ထားလျှင်​ မိမိလည်း မ​ကောင်း​သောအကျိုးပြန်​ခံစားရမယ်​။ကောင်း​သောစိတ်​ထားပါက ​ကောင်းကျိုးပြန်​ခံစားရမယ်​ ဆိုပြီး​ပြောပြဆိုဆုံးမပါတယ်​။ဆို​တော့ ​ကောင်းတဲ့စိတ်​​လေးထားဖို့လိုတာ​ပေါ့။ကောင်း​သောစိတ်​​လေးထားဖို့ဆိုတာလွယ်​ပါတယ်​။အ​လေ့အထ​လေးတစ်​ခုလို ကျင့်​သုံးသွားပါ။အချိန်​ကြာလာသည်​နှင့်​အမျှ မိမိမှာ ​ကောင်း​သောစိတ်​​လေးတစ်​ခုပိုင်​ဆိုင်​လာပါလိမ့်​မည်​။helping-hands.jpg

မနာလိုစိတ်​​လေး ကင်းပါ​စေ။ဒီတစ်​ခုက အ​ရေးကြီးပါတယ်​။ဘာလို့လဲဆို​တော့ သူတစ်​ပါး​ကောင်းစား​တာမြင်​ပြီး မုဒိတာ မပွားဘဲ မနာလိုစိတ်​ရှိတာကိုပါပဲ။တော်​​တော်​ဆိုးဝါးလွန်း​သောအချက်​ပါ။လူတစ်​ဦးတစ်​​ယောက်​မှာ မိမိကိုယ်​မိမိ ဖျက်​ဆီး ပျက်​စီး​စေနိုင်​​သော လက်​နက်​ထဲမှာ မနာလိုစိတ်​ဆိုတဲ့ လက်​နက်​​လေးက တစ်​​ထောင့်​တစ်​​နေရာက​နေ ပါဝင်​ပါသည်​။"ဟာ ဟိုလူက ဟိုအလုပ်​လုပ်​တာ ဘယ်​​လောက်​အကျိုးအမြတ်​ရသွားတယ်​ ငါလည်းသူ့လို့ ကြိုးစားမှပဲ"ဆိုတဲ့စိတ်​​လေး မခံချင်​တဲ့စိတ်​​လေး(သို့)အတုယူချင်​​သောစိတ်​​လေး ထားပြီး သင်​ယူလိုက်​ပါ။ဒါဆို ကိုယ့်​အတွက်​လည်းအကျိုးရှိသွားတာ​ပေါ့။ဘာမဟုတ်​​သော မနာလိုစိတ်​​တွေ​မွေး​နေမှာလဲ။"ဟာ သူက ​အောင်​မြင်​​နေတာ သူ့ကို ဂုဏ်​ပျက်​​အောင်​ ဘယ်​လိုကြံရင်​​ကောင်းမလဲ" စသည်​ဖြင့်​ မ​ကောင်း​သောစိတ်​များ မထားမိပါ​စေနဲ့။တစ်​ခဏတာအတွက်​​တော့ ​ပျော်​ရွင်​ရပါလိ​မ့မယ်​။သို့​သော်​ တစ်​ဘဝစာအတွက်​ ပြန်​ခံစားရ​စေနိုင်​ပါတယ်​။

ကျွန်​​တော်​တို့​လျှောက်​လှမ်း​နေကြ​သော steemit platform တွင်​လည်း ​ကောင်း​သောစိတ်​ထားများနှင့်​​စေတနာအပြည့်​အဝထားကာ ကူညီ​ပေး​သော စီနီယာ အစ်​ကို​​မောင်​နှမများစွာလည်းရှိပါသည်​။ထို့အတူ မနာလိုစိတ်​များဖြင့်​ လိုက်​လံတိုက်​ခိုက်​​​နေ​သော သူများလည်းရှိ​နေပါသည်​။ကျွန်​​တော်​​ပြောချင်​သည်​က ​လောကတွင်​ အ​ကောင်းရှိလျှင်​အဆိုးရှိမည်​။ကောင်း​သောအရာပြုလုပ်​သူရှိလျှင်​ မ​ကောင်း​သောအရာပြုလုပ်​သူရှိ​နေတတ်​သည်​။အဆိုး အ​ကောင်း၊အ​ကောင်း အဆိုးဆိုသည်​က ဒွန်​တွဲ​နေတတ်​စမြဲ။ထိုထဲမှ မိမိတို့သည်​ ​​ကောင်း​သော ရှု​ထောင့်​တစ်​​နေရာတွင်​ ရှိ​နေဖို့လိုပါသည်​။"မည်​သူမပြု မိမိမှု"ဆိုသလိုပဲ အ​ကောင်း အဆိုးဆိုသည်​ကလည်း မိမိအ​ပေါ်တွင်​သာ မူတည်​​နေပါသည်​။မိမိသမိုင်း မိမိ​ရေးရမည်​သာဖြစ်​သည်​။U5dtPTwRwRqHbWT74H7GgEGWX7swZvM_1680x8400.png

ပရဟိတ စိတ်​နှင့်​ အတ္တဟိတစိတ်​။ပရဟိတစိတ်​..ကျွန်​​တော်​တို့​နေထိုင်​ရာ ပတ်​ဝန်းကျင်​တွင်​ ပရဟိတ စိတ်​ဖြင့်​ ကူညီ​ဆောင်​ရွက်​​နေ​သော အဖွဲ့အစည်းများစွာကိုလူတိုင်း ​တွေ့မြင်​ရမှာပဲဖြစ်​ပါသည်​။လူ့​ဘောင်​ လူ့အဖွဲ့အစည်းများစွာဖြင့်​ ပရဟိတလုပ်​ငန်းများကို ​ဆောင်​ရွက်​​နေ​သော လူများကို ကျွန်​​တော်​အမှန်​တကယ်​ ​လေးစားချီးကျူးမိပါသည်​။၎င်းတို့၏ စိတ်​ဓာတ်​များကို အလွန်​ပင်​​လေးစားမိပါသည်​။(ချွင်းချက်-​ထိုအဖွဲ့အစည်း များထဲရှိ လူများသာ ပရဟိတစိတ်​ရှိသည်​၍မဆိုလိုပါ။)မိမိကိုယ်​ကျိုးအတွက်​မကြည့်​ဘဲ သူတစ်​ပါးအကျိုးအတွက်​သယ်​ပိုး​ဆောင်​ရွက်​တတ်​​သောစိတ်​​လေးအား ​လေးစားအားကျမိသည်​။

အတ္တဟိတစိတ်​ ထိုစိတ်​​ကို​တော့ တတ်​နိုင်​သမျှ​ရှောင်​ကြဉ်​​စေချင်​ပါသည်​။သူတစ်​ပါး အကျိုးမကြည့်​ဘဲ မိမိကိုယ်​ကျိုးတစ်​ခုတည်းကိုသာ ကြည့်​တတ်​​သောစိတ်​ကို အတ္တဟိတစိတ်​ဟု ​​ခေါ်ဆိုနိုင်​သည်​။မိမိ​တစ်​ဦးတည်းေ​​ကာင်းစား​ရေးအတွက်​ သူတစ်​ပါးထိခိုက်​ပျက်​စီးမည်​ကို ဂရုမစိုက်​တဲ့​သောစိတ်​ကို ဆင်​ခြင်​​ရှောင်​ရှားသင့်​ပါသည်​။ထိုလိုလူမျိုးနှင့်​လည်း ကျွန်​​တော်​ ကြုံ​တွေ့ခဲ့ဖူးပါသည်​။စာဖတ်​သူတို့ ပတ်​ဝန်းကျင်​တွင်​လည်း ကြုံ​တွေ့ဖူးမည်​ထင်​ပါသည်​။မည်​သို့ပင်​​စေကာမူ မိမိစိတ်​ကို​တော့ မညစ်​နွမ်း​စေပါနှင့်​။မနာလိုစိတ်​များ၊အတ္တဟိတစိတ်​များ များစွာ​သော မ​ကောင်း​သောစိတ်​များကို မွန်​မြတ်​​သောစိတ်​တစ်​ခုတည်းနှင့်​တွန်းလှန်​​စေချင်​ပါသည်​။စာဖတ်​သူ ညီကို​မောင်​နှမများလည်း မွန်​မြတ်​​သောစိတ်​များဖြင့်​​ရှေ့ဆက်​မည်​ဆိုပါက ကျွန်​​တော်​တို့​နေထိုင်​ရာကမ္ဘာကြီးလည်းအမြဲပင်​လှပ​နေမည်​မှာဧကန်​ဖြစ်​​ကြောင်း...။အအ~2.jpg

Author by@nandasai(MSC.076)

Photos from Google image

Sort:  

ဟုတ်ကဲ့ပါအကိုစာအရေးသားလေးgood

ကျေးဇူးပါဗျာ

Congratulations @nandasai! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published
Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

လူတကိုယ်စိတ်တမျိုး
လက်ချောင်းလေးတွေတောင် မညီတာ လူတိုင်းစိတ်ညီဖို့ ဘယ်လွယ်မလဲ
နီးစပ်အောင်တေှာိ့ယူရမှာပေါ်

ဟုတ်​ပါတယ်​ ကိုဟိန်း

အောင်မြင်လာဖို့အတွက် စိတ်ပိုင်ဆိုင်ရာပိုအရေးကြီးပါတယ် Good တယ်bro

စိတ်​ဓာတ်​ ​လေး​တွေ ​ကောင်း​အောင်ြုကိုးစားရမယ်​​လေ

ပရဟိတစိတ်လေးတွေများများမွေးမြူနိင်ကြပါစေဗျာ

ဟုတ်​ပါတယ်

စိတ်ထားမွန်မြတ်တဲ့သူ ဟာ တစ်နေ့  ကျိန်းသေ အောင်မြင်လာမှာပါ ။

ဟုတ်​တာ​ပေါ့ဗျာ

အခုလို ဖတ်လိုက်ရလို အလွန်ကျေနပ်မိတယ်

ဟုတ်​ကဲ့ ဖတ်​​ပေးလို့​ကျေးဇူးပါ

လူတစ်ကိုယ် စိတ်တစ်မျိုးစီပါပဲ

မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်

ရပါတယ်​ဘုရား

စိတ်ကို သတိလေးနဲ့ထိန်းချုပ်ပြီး နေသွားရင် အကောင်းဆုံးပါ

ဟုတ်​ပါတယ်​ သတိ​လေးတစ်​ခု​ဆောင်​ထားဖို့လည်းလိုပါတယ်

ပရဟိတလည်း လုပ်နိုင်သေးပါဘူးကွာ
အကို့ညီတစ်ယောက် ပရဟိတအသင်းတစ်ခုထဲဝင်ထားတာ ဘာမှမလုပ်အားတော့ဘူး😁

တူသောအကျိုးကိုပြန်လည်ခံစားရမှာမို့ သူတပါးဘာလုပ်နေနေအပြစ်ပြောနဲ့တော့။ကိုယ်လုပ်တာ ကိုယ့်အလုပ်ပါပဲကွာ။

ကိုယ်​ပိုင်​ တစ်​နိုင်​တစ်​ပိုင်​ ပရဟိတ​လေးလည်းလုပ်​လို့ရပါတယ်​​ဗျ

အင်း အများကြီးတော့မဟုတ်ဘူး ကိုယ့်ရဲ့ ခွန်အားစိုက်တဲ့အလုပ်လေးတွေတော့ လုပ်ဖြစ်ပါတယ်
ငွေအားမှ မတက်နိုင်တာလေ

လူ့စိတ်တစ်လုံးအခက်ဆုံး ဆိုတဲ့ ဘုန်းမြင့်သွေးရဲ့
စာအုပ်ကိုဖတ်ပြီးတဲ့နောက်ပိုင်းမှ နေရာတိုင်းအတွက်စိတ်ရဲ့စွမ်းအား
ဘယ်လောက်ကြီးမားလဲသိတယ်bro ရေ

ဟုတ်​တယ်​​ဗျ

ပရဟိတကိုတော့လုပ်နိုင်အောင်ကြိုးစားတယ်
အဓိက ကတော့ဥပက္ခာတရားလည်းလိုအပ်တာပေါ့
ပတ်ဝန်းကျင်အပြောဆိုဆိုတာကလည်းရှိတာပဲလေ

ဟုတ်​ပါတယ်

အတ္တဟိတစိတ်​ ကင်း​ဝေး​အောင်​ကြိုးစားအားထုတ်​ရမှာ​ပေါ့​လေ

လူ့စိတ်​ဆိုတာ မှန်းရခက်​တာ တစ်​​နေ့ကို ​အ​ရောင်​အမျိုးမျို​ပြောင်​​နေတာ ​ရေတဲ့စာ​တွေ ဖက်​လို့​ကောင်းပါ​တယ်

စိတ်​​ဆောင်​ရင်​မဖြစ်​နိုင်​တာမရှိပါဘူး

ဖတ်ကြည့်ပီး မှတ်သားစရာတွေရခဲ့ပါတယ်

ကိုယ်ကိုတိုင်လည်း ထားသင့်သလို ကျနော်တို့လည်းထားနိုင်အောင်ကြိုးစားရမယ်

ဟုတ်​ပါတယ်​ ကိုသက်​​ရေ

Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.