အားနာရင္ အားပါတတ္တယ္

in #myanmar6 years ago

Zawgyi Version

အားနာရင္ အားပါတတ္တယ္တဲ့
ငယ္စဥ္ဘဝထဲက ရင္းႏွီးလာတဲ့ စကားစုေလး
လက္ေတြ႔ဘဝေရာက္ အလုပ္ဆိုတဲ့အရာလည္းလုပ္ျဖစ္ေရာ အဲဒီစကားဟာေလ မွန္တာမွေျပာမေနနဲ႔ေတာ့
လူတိုင္းကို ကူညီတတ္ပါတယ္။ အမွန္တစ္ကယ္ခက္ခဲေနရင္ အမွန္တစ္ကယ္ကို အကူအညီလိုေနလို႔ကေတာ့ ကိုယ့္စရိတ္ကိုစားၿပီးကို အျမတ္အစြန္း အက်ိဳးအျမတ္မပါ ကူညီတတ္တယ္။
သက္သက္မဲ့လာၿပီး မညြန္႔ၾကပါနဲ႔။ လူမႈေပါင္းသင္းဆက္ဆံေရးမွာ ညြန္႔တယ္ စီးတယ္ဆိုရင္ေတာင္ အနည္းနဲ႔အမ်ား လက္ခံႏိုင္ပါေသးတယ္။

စီးပြားေရးမွာေတာ့ လာၿပီးမညြန္႔ၾကပါနဲ႔ေနာ္။ လူတိုင္းပိုက္ဆံလိုခ်င္လို႔အလုပ္လုပ္တယ္။ ပိုက္ဆံရွာဖို႔အတြက္ ပင္ပန္းခံတယ္။ ပိုက္ဆံလိုခ်င္လို႔ ရင္းႏွီးျမႈပ္ႏွံၾကတယ္။ လူအားျဖစ္ေစ ေငြအားျဖစ္ေစ ရင္းႏွီးၾကရတယ္။
ကြန္မတို႔ OS ေတြလည္း ပိုက္ဆံရွာဖို႔ တစ္ထည္မွ ၃၀၀ ေလးျမတ္ဖို႔ အပင္ပန္းခံၿပီး ဆီဖိုးကုန္ အခ်ိန္ကုန္၊ ကေလးရွိသူေတြလည္း ကေလးနဲ႔ခြဲၿပီးလုပ္ၾကရတာပါ။ ဒီၾကားထဲ ပစၥည္းေတြထုတ္ပိုးဖို႔အတြက္ အိတ္ပိတ္ဖို႔အတြက္ တိတ္ေတြနဲ႔ပိတ္၊ ေဆာ့ပင္နဲ႔နာမည္ေတြေရး၊ ေစ်းလာဖို႔အတြက္ ကားဆိုရင္လည္း ကားဆီဖိုး၊ ဆိုင္ကယ္ဆိုရင္လည္း ဆိုင္ကယ္ဆီဖိုး၊ ကားဝင္းပစၥည္းေျပးပို႔ၿပီဆိုရင္လည္း ကားကြင္းဝင္ေၾကး ဒါေတြဟာ တစ္ေန႔တာတြက္ၾကည့္ အနည္းဆံုး ေသာင္းဂဏန္းကပ္ပါတယ္။

ေျပာခ်င္တာက ကိုယ့္ဆီဝယ္တဲ့ပစၥည္းက ဘယ္ေလာက္ပဲအထုပ္ႀကီးပါေနပါေစ အကုန္ခံပို႔ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ကိုယ့္ဆီဝယ္တာ ၂ မ်ိဳး သူမ်ားပစၥည္းေတြစုေပးရတာ ပီနံတစ္ခုစာအလား။ အဲလိုက်ေတာ့ ဘယ္လိုမွအဆင္မေျပ။ ဒါေၾကာင့္ ေငြရွာသူခ်င္းအတူတူ ကိုယ္ေတာင္တြက္တတ္ေသးတာပဲ သူမ်ားလည္းတြက္တတ္မယ္ဆိုတာ သိေစခ်င္ပါတယ္။

အားနာလို႔လုပ္ေပးတာ ညြန္႔တဲ့အထိေတာ့ မျဖစ္ေစခ်င္ပါဘူးေနာ္...

Unicode Version

အားနာရင် အားပါတတ်တယ်တဲ့
ငယ်စဉ်ဘဝထဲက ရင်းနှီးလာတဲ့ စကားစုလေး
လက်တွေ့ဘဝရောက် အလုပ်ဆိုတဲ့အရာလည်းလုပ်ဖြစ်ရော အဲဒီစကားဟာလေ မှန်တာမှပြောမနေနဲ့တော့
လူတိုင်းကို ကူညီတတ်ပါတယ်။ အမှန်တစ်ကယ်ခက်ခဲနေရင် အမှန်တစ်ကယ်ကို အကူအညီလိုနေလို့ကတော့ ကိုယ့်စရိတ်ကိုစားပြီးကို အမြတ်အစွန်း အကျိုးအမြတ်မပါ ကူညီတတ်တယ်။
သက်သက်မဲ့လာပြီး မညွန့်ကြပါနဲ့။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ညွန့်တယ် စီးတယ်ဆိုရင်တောင် အနည်းနဲ့အများ လက်ခံနိုင်ပါသေးတယ်။

စီးပွားရေးမှာတော့ လာပြီးမညွန့်ကြပါနဲ့နော်။ လူတိုင်းပိုက်ဆံလိုချင်လို့အလုပ်လုပ်တယ်။ ပိုက်ဆံရှာဖို့အတွက် ပင်ပန်းခံတယ်။ ပိုက်ဆံလိုချင်လို့ ရင်းနှီးမြှုပ်နှံကြတယ်။ လူအားဖြစ်စေ ငွေအားဖြစ်စေ ရင်းနှီးကြရတယ်။
ကွန်မတို့ OS တွေလည်း ပိုက်ဆံရှာဖို့ တစ်ထည်မှ ၃၀၀ လေးမြတ်ဖို့ အပင်ပန်းခံပြီး ဆီဖိုးကုန် အချိန်ကုန်၊ ကလေးရှိသူတွေလည်း ကလေးနဲ့ခွဲပြီးလုပ်ကြရတာပါ။ ဒီကြားထဲ ပစ္စည်းတွေထုတ်ပိုးဖို့အတွက် အိတ်ပိတ်ဖို့အတွက် တိတ်တွေနဲ့ပိတ်၊ ဆော့ပင်နဲ့နာမည်တွေရေး၊ ဈေးလာဖို့အတွက် ကားဆိုရင်လည်း ကားဆီဖိုး၊ ဆိုင်ကယ်ဆိုရင်လည်း ဆိုင်ကယ်ဆီဖိုး၊ ကားဝင်းပစ္စည်းပြေးပို့ပြီဆိုရင်လည်း ကားကွင်းဝင်ကြေး ဒါတွေဟာ တစ်နေ့တာတွက်ကြည့် အနည်းဆုံး သောင်းဂဏန်းကပ်ပါတယ်။

ပြောချင်တာက ကိုယ့်ဆီဝယ်တဲ့ပစ္စည်းက ဘယ်လောက်ပဲအထုပ်ကြီးပါနေပါစေ အကုန်ခံပို့ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီဝယ်တာ ၂ မျိုး သူများပစ္စည်းတွေစုပေးရတာ ပီနံတစ်ခုစာအလား။ အဲလိုကျတော့ ဘယ်လိုမှအဆင်မပြေ။ ဒါကြောင့် ငွေရှာသူချင်းအတူတူ ကိုယ်တောင်တွက်တတ်သေးတာပဲ သူများလည်းတွက်တတ်မယ်ဆိုတာ သိစေချင်ပါတယ်။

အားနာလို့လုပ်ပေးတာ ညွန့်တဲ့အထိတော့ မဖြစ်စေချင်ပါဘူးနော်...

Give my love to you all Steemians.
written by :@nangmokha
MSU NO-071
39535831_389683138441708_5160390991257010176_n.jpg

Sort:  

ပုံကမိုက္တယ္ဟ

စာသား​ေရာ😛

ဟိဟိ မိုက္ရမယ္

ဖြစဘုတ္​​ေပၚပါ တက္​ဆပါ...😁😁

အားနာရင္ ခါးပါတတ္တယ္ ပါခင္ဗ်
အားနာလြန္းရင္ ခါး႐ိုးက်ိဳးမတတ္ လုပ္ေပးရတတ္တယ္လို႕ ဆိုလိုခ်င္တဲ့ သေဘာထင္ပါတယ္ဗ်ာ
@aggamun

အင္ကြယ္

မၫြန္​႔ ပါဘူးဂ်ာ😁😁

လာျပန္ပီ မညြန့္

😂😂