ဆယ်ကျော်သက်အရွယ်တွေမှာ ချစ်သူအကြောင်း/ရည်စားအကြောင်း အချင်းချင်းပြောကြတယ်။ ဟိုဆော်ကဘယ်လို အဲဘဲကဘယ်လိုနဲ့ပါ။
ဆယ်ကျော်သက်အရွယ်အထက်ပိုင်းရောက်လာတော့ အားကစားအကြောင်း၊ အလုပ်အကြောင်း၊ အိမ်ထောင်ရေးအကြောင်းတွေပြောလာကြပါပြီ။ ဒီအရွယ်ကိုတော့ လူလတ်ပိုင်းလို့ ပြောနိုင်တယ် အသက်(၂၀)ကနေ (၃၀)ကြားကာလတွေပေါ့။
လူကြီးအရွယ်စဖြစ်လာတာက (၃၀)မှာစတယ်။ ဘာတွေပြောကြလဲဆိုရင် စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း စပါတော့တယ်။ စကားလုံးတိုင်းက နိုင်ငံရေးပါပါလာလို့။ ဘယ်အချိန်အထိလည်းဆိုရင် အသက်(၄၅)မရောက်ခင်အထိပဲ။
လူကြီးအရွယ် ဒုတိယပိုင်းကြတော့ လူမှုရေးအကြောင်း၊ ဘာသာရေးအကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးစုံလို့ ပြောချင်တာတွေများပေမဲ့ နားထောင်ပေးမဲ့သူက မရှိဖြစ်နေတဲ့ အချိန်ပေါ့။ နားထောင်ပေးသူရှိလို့ကတော့ မစားမသောက်ကိုပြောချင်တော့တယ်။
ကျွန်တော်တို့ဆီမှာ စကားအရာအပြောအဆိုကြွယ်ကြပါတယ်။ ကြွယ်ဆို လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ အရက်ဆိုင်၊ စနူကာခုံ စသည့်ဖြင့် အခြားနိုင်ငံတွေထက် လူစုပြောလေ့ရှိပါတယ်။
@nayhlaingsoe
@MSU_No.024
ဖတ်လို့ကောင်းနေတုန်း ပြီးသွားတယ်။
👍 ဖတ်ရတာ တော့ မဝဘူးဗျ ဆက်ရေးစမ်းပါဗျ အားပေးရအောင် ချချ
next .....
Congratulations @nayhlaingsoe! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
good bro
ဂွတ်တယ်bro