အ​လေ့အကျင့်

in #myanmar6 years ago (edited)

IMG_20180415_104251.jpg
မ​နေ့ကသား​တော်​​မောင်​ကိုထိန်းရင်းဆိုင်​လည်း​စောင့်​ရင်း​ပေါ့။အိမ်​​ပေါ်မှာကဘိုးဘိုးနှင့်​ဘွားဘွားကတီ​ဗွီကြည့်​​နေကြသည်​။သား​တော်​​မောင်​က​တော့အိမ်​​ပေါ်တက်​​ဆော့လိုက်​ဆိုင်​ထဲဆင်း​ဆော့လိုက်​နှင့်​တစ်​​ယောက်​ထဲအလုပ်​ရှုပ်​​နေသည်​။အိမ်​နှင့်​ဆိုင်​ကြားတွင်​​လှေကားနှစ်​ဆင့်​ရှိသည်​။လမ်း​လျှောက်​တတ်​ကာစအရွယ်​ဆို​တော့ ခဏခဏ​ချော်​လဲသည်​။အဘိုးနှင့်​အဘွားက​တော့​မြေးဦးဆို​တော့သဲသဲလှုပ်​ဖြစ်​​နေကြပြီးထူ​ပေးရတာနဲ့ဥုံဖွလုပ်​​ပေးရတာနဲ့ဖြစ်​​နေကြသည်​။ကျွန်​​တော်​က​တော့သား​တော်​​မောင်​​ချော်​လဲရင်​မသိချင်​​ယောင်​​လေး​ဆောင်​​နေလိုက်​သည်​။လဲကာစ​တော့ခဏ​အော်​သည်​။ထူ​ပေးမဲ့သူမရှိ​တော့သူဘာသာသူပြန်​ထပြီး​ဆော့သည်​။ပုံမှန်​အတိုင်း​ဆော့ရင်းဖင်​ထိုင်​လဲကြတာ​က​တော့အန္တရာယ်​ရှိမည်​မထင်​ပါ။ငယ်​ငယ်​ကတည်းကက​လေး​တွေကိုသူတို့ကိုယ်​သူတို့အားကိုးတတ်​​အောင်​​လေ့ကျင့်​​ပေးရမည်​ဖြစ်​သည်​။တစ်​ချို့မိဘ​​တွေ​ပြော​ပြော​နေတာကြားမိပါသည်​။ကြီးလာရင်​သူဘာသာသူပြင်​သွားမှာပါစကားတစ်​ခွန်းပါ။လူတို့သည်​အ​လေ့အကျင့်​နှင့်​ပတ်​သတ်​လာပါကမ​ကောင်းတဲ့အ​လေ့အကျင့်​ကိုသာစွဲလမ်းတတ်​ကြပြီး​ကောင်းမွနိတဲ့အ​လေ့အကျင့်​ကိုပြုလုပ်​ရမှာဝန်​​လေး​နေတတ်​ကြသည်​။ကြီးလာရင်​ပြင်​သွားမည်​ကားမဖြစ်​နိုင်​​ချေ။ငယ်​ငယ်​ကတည်းကပြုပြင်​​ပေးကာမှ​တော်​ကာကြမည်​ဖြစ်​သည်​။အရွယ်​ရလာရင်​သူတို့စိတ်​သ​ဘောအတိုင်းလုပ်​​ဆောင်​လာမည်​ဖြစ်​သည်​။အသက်​ငယ်​ရွယ်​စဉ်​က​သေချာဆုံးမသွန်​သင်​​ပေးမှ​တော်​ကာကြမည်​ဖြစ်​သည်​။တစ်​ချို့အိမ်​များတွင်​​တွေ့​နေရပါသည်​။အသက်​၅နှစ်​အရွယ်​က​လေးတစ်​ဦးကိုအ​မေဖြစ်​သူကထမင်းခွံ​ကျွေး​နေခြင်းဖြစ်​သည်​။ကျောင်းတတ်​ရမည်​အရွယ်​​ရောက်​​နေသည့်​တိုင်​​အောင်​က​လေးမှာထမင်းကိုကိုယ်​ဘာသာမစားတတ်​ကြ​သေး​ပေ။ကျောင်းတတ်​​နေချိန်​​ရောက်​​တော့ မိဘက​ကျောင်းထိ​ရောက်​​အောင်​ထမင်းလိုက်​​ကျွေး​နေရသည့်​က​လေးများအများကြီးဖြစ်​​နေကြသည်​။က​လေးအပြစ်​မဟုတ်​​ပေ။မိဘများကသားသမီးများကိုငယ်​ရွယ်​စဉ်​ကတည်းက​လေ့ကျင့်​​ပေးထားရမည်​ဖြစ်​သည်​။

Sort:  

30688195_442396722853716_3392771258985742336_n.jpg

You got 100% Vote From @dpakyaw . Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

ကျွန်နော်စိတ်ကူးလေးပါလေ
ကျွန်နော်အမြင်ကတော့ကလေးတွေကိုထိန်းကြောင့်တဲ့နေရာမှာ
ကလေးတွေအတွက်အန္တရာယ်မဖြစ်စေနိုင်ဘူးဆိုရင်တော့
အနီးအနားကနေသတိလေးနဲ့ဂရုစိုက်ကြည့်နေသင့်ပါတယ်လေ
အဓိကလိုရင်းတိုရှင်းစွာနဲ့ မန့်ချရေးရရင်တော့
ကလေးတွေဟာ သူတို့ခြေထောင့်ပေါ်သို့သူတို့ကိုယ်ခန္ဒာရပ်တည်နိုင်ဖို့အတွက်
ကိုယ့်အားကိုယ်ကိုးချင်တဲ့စိတ်ရှိလာအောင် ဖခင်စိတ်အပြည့်နဲ့ဂရုစိုက်သင့်တယ်လို့သာ
မိခင်စိတ်ကိုနေရာတိုင်းထားနေရင်တော့ ကလေးတစ်ယောက်ရဲ့တိုးတက်မှုစွမ်းရည်
ကျဆင်းသွားနိုင်လို့ပါလေ
အိမ်ထောင်ကလေးတစ်ယောက်အဖေဖြစ်တဲ့ကိုနေလင်းအတွက် လျှာရှည်ပြီးမန့်ချသွားခဲ့ပြီ…………

အ​မေ​က​တော့ အလိုလိုက်​လွန်းလို့​ပြော​နေရတယ်

Loading...