ရန်လိုစိတ်ကို လုံ့လမထုတ်ရ

in #myanmar6 years ago

လောက လူတစ်ယောက်ဟာ ဘယ်လိုပဲအေးအေးဆေး
ဆေး ၊ ဘယ်သူ့အပေါ်ကိုမှ မကောင်းတဲ့စိတ် မရှိတာတောင် အဲ့ဒီ
လူမှာ ရန်ဆိုတာ ကြံဖန်ပေါ်လာတတ်ပါတယ် ။

01{A746CD44-450E-4280-972A-5F68B9500D96}-main-article-6190.jpg

       မနာလိုဝန်တို ဖြစ်တတ်တဲ့ စိတ်ယုတ်စိတ်မိုက် ဖြစ်ပေါ်ခြင်း

ဟာ ရန်ကိုလုံ့လ ထုတ်ခြင်းပါပဲ ။ အဲ့ဒီလို စိတ်ယုတ် စိတ်မိုက်တွေ
ကို ကြိုးစားဖျောက်ဖျက်ရမှာပါ ။ အာ ဃာတ စိတ်ကို အရင်းပြုပြီး
လျှင် ရန်ကိုလုပ်ဆောင်တဲ့ အလုပ်တွေ ၊ အပြောတွေ နဲ့ ရန်အမူအ
ရာတွေဟူသမျှဟာ မှန်လည်း မမှန် ၊ အောင်လည်းမအောင်မြင်ပါဘူး
။ အောင်မြင်ခဲ့တာတောင်မှ ကိုယ်လည်း အကျိုးမရှိ သူတပါးလည်း
အကျိုးမရှိပါဘူး ။

        အဲ့ဒီလို ရန်လိုစိတ်ကို မျိုသိပ် အောင့်အင်းပြီး ပြောဆိုလုပ်

ကိုင်နေကြရင်တော့ ဟန်ဆောင်သဘော ပဲဖြစ်ပြီး ကြာကြာ ဟန်
ဆောင်နေနိုင်မှာမဟုတ်ပဲ အချိန်အတိုင်းတာ တစ်ခုထိပဲ ရပါလိမ့်မယ်။

         မကောင်းတဲ့ အကုသိုလ် ရန်အမှု ဒုစရိုက်တို့အပေါ်မှာ 

" ဇွဲ ၊ လုံ့လ " အားထုတ်တဲ့သူတွေဟာ ပျက်စီးခြင်းကို လျင်မြန်စွာ
ရောက်ရှိတတ်ပါတယ် ။ လူ့ပြည်လောကကြီးမှာ လူလိမ္မာတွေရှိသ
လိုပဲ လူမိုက်တွေလဲ ရှိစမြဲပါ ။

လူမိုက်ဆိုတာကတော့

        ညဏ်မျက်စိ ကန်းတဲ့သူ
        ‎ရုပ်မှန်း ၊ နာမ်မှန်း ၊ မသိသူ
        ‎ကိုယ်ကျင့်တရား မရှိပဲ စိတ်ထင်သလို ရမ်းကားသူ
        ‎အရည်အချင်း အဘက်ဘက်က ချို့တဲ့သူ
        ‎ပင်ကိုယ်ကပင် စိတ်ရင်းမကောင်းသူ
        ‎ကံသုံးမျိုး ကိုမလုံခြုံသူ 

အဲ့ဒီလိုလူတွေ လုမိုက်တွေပါပဲ ။

         လူမိုက်တွေဟာ ရန်ရှာတတ်တယ် ၊ ရန်စကား ၊ ရန်အ

လုပ်တွေကို ဆောင်ယူကြပါတယ် ။ အဲ့ဒီလို လူမိုက်တွေမှာ အမြဲ
တမ်းပင် ရန်သူရှိစမြဲပါပဲ ။ ရန်ဆိုတာဟာ ကိုယ်လည်း အကျိုးမရှိ
သူတစ်ပါလည်း အကျိုးမရှိပါဘူး ။ တစ်ချို့သော လူတွေဟာ နေရင်း
ထိုင်ရင်း ၊ ကိုယ့်ထမင်းကိုယ်ရှာစားပြီး နေရင်းနဲ့ပင် သူတစ်ပါးအပေါ်
ကို မျက်စိစပါးမွှေးစူးပြီး မနာလို ဝန်တိုကာ မရှုလို ဖြစ်နေကြပါတယ်။

           အဲ့ဒီလို မနာလို ၊ရန်လိုစိတ်ကနေပြီးတော့ ဒေါသကို ဖန်

တီး ယူဆောင်လာတာဖြစ်ပါတယ် ။

rabbia-1.jpg

@noenoekabyar

(Man Thu Lay)