သူ့အမြင်​ ကိုယ့်​အမြင်

in #myanmar6 years ago

imagePhoto credit:https://goo.gl/images/FyoRqq
တစ်​ခါက တိုင်းပြည်​တစ်​ပြည်​မှာ မုဆိုးတစ်​​ယောက်​သည်​ သိန်းငှက်​တစ်​​ကောင်​ကို တိုက်​ခိုက်​နည်းမျိုးစုံတို့သင်​ကြား​ပေးပြီး လိမ္မာ​အောင်​လည်း သင်​ကြား​မွေးမြူထား​လေသည်​။ထို့​နောက်​ မုဆိုးကြီးသည်​​တောသို့သွား​သောအခါ မိမိသိမ်းငှက်​နှင့်​အတူ သားငှက်​မျိုးစုံတို့ကို တိုက်​ခိုက်​ဖမ်းစီး​လေသည်​။ ရရှိသည့်​သားရဲများကိုလည်း မိမိတိုင်းပြည်​သို့ ပြန်​လည်​​ရောင်းချပြီး အသက်​​မွေးဝမ်း​ကြောင်းပြု​လေသည်​။
ပူ​လှ​သော​နွေရာသီတစ်​​နေ့တွင်​ မုဆိုးကြီးသည်​ သိန်းငှက်​ကိုပုခုံး​ပေါ်တင်​ပြီး​တောနက်​ထဲသို့ အမဲလိုက်​ရန်​​ခရီးထွက်​ခဲ့​လေသည်​။ မွန်းတတ်​ချိ​န်​​သို့ေ​ရာက်​ရှိ​လာ​သော်​လည်း သားရဲတစ်​​ကောင်​မှ မရရှိသည့်​အပြင်​ ခရီးလည်းအလွန်​ပင်​ပန်း​လေသည်​။ထို့အခါ သူသည်​အကိုင်းများ များပြား​နေ​သော သစ်​ပင်​ကြီးတစ်​ပင်​ကို​တွေ့​သောအခါ​ ပက်​လက်​လှန်​ကာနား​နေရင်းနဲ့ အိပ်​​ပျော်​သွား​လေသည်။ imagePhoto credit: https://wp.me/p1fjIN-19d
သစ်​ပင်​ကြီး​ပေါ်တွင်​ ငန်း​မြွေတစ်​​ကောင်​ ရှိသည်​ကို​တော့သူမသိလိုက်​​ချေ။ထို့အတူ ငန်း​မြွေကြီးသည်​လည်း ပူအိုက်​လှသဖြင့်​ သစ်​ပင်​​ပေါ်တွင်​လျှာထုတ်​၍ အိပ်​​မောကျ​လေသည်​။ငန်း​မြွေကြီး၏ လျှာမှလည်း အဆိပ်​ရည်​များ တစ်​စက်​စက်​ ယိုစီးကျလျက်​ရှိ​လေသည်​။ထိုသို့ စီးကျလာ​သော အဆိပ်​ရည်​များသည်​ မုဆိုး၏ကိုယ်​​ပေါ်သို့ ကျ​ရောက်​လာ​လေသည်​။မုဆိုးသည်​လည်း အိပ်​​နေ​ရင်းမှ နိုးလာပြီး ထကာ​ရေကအလွန်​ဆာ​သော​ကြောင့်​ အ​ပေါ်ကကျ​လာ​သော အရည်​ကိုမစူးစန်း​တော့ပဲ​သောက်​ဖို့ရန်​ လက်​ကိုအ​ပေါ်သို့ခုပ်​၍ ခံလိုက်​​လေသည်​။ imagePhoto credit: https://goo.gl/images/Sgebnf
သို့​ပေမဲ့ အရည်​များသည်​ မုဆိုး၏ လက်​ထဲသို့မ​ရောက်​ရှိပဲ သိန်းငှက်​၏ဖြန့်​ ထား​သောအ​တောင်​ပံ၌သာ ရှိ​နေ​လေသည်​။ ထိုအခါ မုဆိုးသည်​လည်း​​ရေအလွန်​ငတ်​​တာ​ကြောင့်​ အလွန်​​ဒေါသထွက်​ပြီး ထိုသို့လုပ်​ရ​ကောင်းလား ဆိုပြီး မိမိရဲ့သိန်းငှက်​​ကို​ခြေနှစ်​​ချောင်းမှ ဆွဲယူပြီးသစ်​ပင်​ဖြင့်​ တစ်​ချက်​တည်းရိုက်​သတ်​လိုက်​​လေသည်​။ ထိုသို့ သိန်းငှက်​​သေသွား​သောအခါ မှသစ်​ပင်​​ပေါ်ကို​မော့ကြည့်​လိုက်​​သောအခါ အ​ပေါ်မှကျ​သောအရည်​များသည်​ အဆိပ်​ရည်​များဖြစ်​​ကြောင်းသိရှိလိုက်​​လေသည်​။ မုဆိုးသည်​လည်း သိန်းငှက်​ဟာ မိမိအသက်​ဆုံးရှုံးမည်​ကို စိုးရိမ်း၍ကာကွယ်​​ပေးခဲ့မှန်းသိ​သောအခါ​နောင်​တကြီးစွာရရှိသွား​လေသည်​။သို​ပေမဲ့ ထို​နောင်​တ တရားဟာ​ကျေးဇူးသိတတ်​​သော သိန်းငှက်​ကို​တော့ အသက်​ပြန်​ရှင်​နိုင်​မည်​မဟုတ်​​တော့​ချေ။
ထို့အတူ ကျွန်​​တော်​တို့​နေထိုင်​တဲ့​လောကကြီးကလည်း အမြင်​မတူမှု့​တွေ​ကြောင့်​ အချင်းချင်းစကားများရန်​ဖြစ်​​နေကြတဲ့ လူ​တွေလည်းရှိပါသည်​။တစ်​ချို့​သော လူ​​တွေဆို မိဘတို့၏တွန်​သင်​ ဆုံးမစကားကိုနားမ​ထောင်​ပဲ အ​ပေါင်းအသင်းပျက်​များနှင့်​သာ​ပျော်​ပါး​လေသည်​။ မိဘ​တွေက လမ်းမှားမ​ရောက်​​အောင်​၊ လမ်းမှန်​မြင်​နိုင်​​အောင်၊ မူးယစ်​​ဆေးဝါ​တွေကို​ရောင်​ရန်​ တွန်​သင်​​ပေမဲ့ မိဘစကားနားမ​ထောင်​၊ မိဘကနည်းနည်းလည်းဆုံးမလိုက်​တာနဲ့"အ​မေတို့၊အ​ဖေတို့​တွေဟာ အရမ်းဆုံးမနိုင်​လွန်းတယ်​၊ နားကိုငြီး​နေတာပဲ၊ " စသည်​ဖြစ်​​ပေါ့။ ထိုလို သားသမီး​တွေဟာ မိဘ​တွေက အ​ပေါ်ကအဆိပ်​ရည်​ ကိုယ့်​သားသမီး​ပေါ်မကျ​အောင်​၊ မခပ်​​သောက်​မိ​အောင်​ ကာကွယ်​​ပေး​သော်​လည်း လိုက်​နာခြင်းမရှိ​သော​ကြောင့်​ မိမိဒုက္ခကျ​ရောက်​လာ​သောအခါမှပင်​ မိဘစကားများကို နားမ​ထောင်​မိခြင်း​ကြောင့်​​နောင်​တ ကြီးစွာရပါ​သော်​လည်း မိဘက​တော့ သင့်​ကိုကယ်​နိုင်​​တော့မည်​မဟုတ်​ပါ။
ထို့​ကြောင့်​ကျွန်​​တော်​တို့ဟာ ကိုယ့်​ရဲ့​ကျေးဇူးရှင်​စကား၊မိဘစကား၊ကိုယ်အ့​​ပေါ်အဆိပ်​ရည်​မကျ​အောင်၊ ကျရင်​လည်း မခပ်​​သောက်မိ​​အောင်​ ကာကွယ်​​ပေးတဲ့သူ​တွေရဲ့စကား​တွေကို အမြဲနာ​ထောင်​ပြီး လူ​တော်လူ​​ကောင်​​တွေဖြစ်​​အောင်​အမြဲကြိုးစားဖို့ တိုက်​တွန်းနိုး​ဆော်​လိုက်​ရပါသည်​။

Sort:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-07T23:58:54
Account Level: 0
Total XP: 71.50/100.00
Total Photos: 11
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ညီ့ရဲ့ post ကို upvote ပေးပြီး ပါပြီ။ နောက်တစ်ကြီမ်မှာလဲ ပြိုင်ပွဲဝင်ဖို့ မျှော်လင့်ပါတယ်