Dota 2 Game

in #myanmar6 years ago

မနေ့က Reddit မှာ တင်ထားတဲ့ ပိုစ့်တစ်ခု ဖတ်လိုက်ရပါတယ်။ ပူပူနွေးနွေး ပြီးခဲ့တဲ့ DAC 2018 တုန်းက Mski Booth ဘေးမှာ ဒိုက်ထိုးနေတဲ့ 71 ကို Twitch ကနေ ကြည့်ဖြစ်တဲ့ ဘဒိုတွေ တွေ့မှာပါ။ သူ့အကြောင်းရေးထားတာတွေ နဲ့ အောက်က Comment တွေမှာ ဆွေးနွေးထားတာလေးတွေ ဖတ်မိတယ်ပေါ့ဗျာ။

71 က အားလုံးသိပြီးသား Coach တစ်ယောက်ပါ။ EHOME တို့ DK တို့လို အင်အားကြီး အသင်းကြီးတွေကို Coach လုပ်ခဲ့တဲ့ သူ့ကို Dota 2 Free to Play Documentary တွေမှာ တွေ့ဖူးပါလိမ့်မယ်။ အသင်းရဲ့ ပွဲတိုင်းမှာ ဟိုးအရင် TI1 ခေတ်ကတည်းက Draft တွေ၊ Combo တွေ၊ Enemy Team ရဲ့ အားသာချက် အားနည်းချက်တွေကို စာအုပ်အမဲလေး တစ်အုပ်နဲ့ အကုန်သေချာ မှတ်ထားပြီး God Tier Player တွေကို ဦးဆောင်ပြီး Coach လုပ်ခဲ့တဲ့ လူတစ်ယောက်ဗျ။ သူနဲ့လက်တွဲခဲ့တဲ့ EHOME တို့၊ DK တို့ ရွှေခေတ်ဆိုတာလည်း ဒိုတာကို မနေ့တစ်နေ့ကမှ ဆော့ခဲ့တဲ့သူတွေကလွဲရင် လူဟောင်းတွေ အားလုံးသိပြီးသားဆိုတော့ ထွေထွေထူးထူးပြောနေစရာ မလိုဘူးထင်ပါတယ်။

ဒါပေမယ့် တရုတ် Esports လောကကို လက်ဝါးကြီး အုပ်ထားတဲ့ ACE က သူ့ကို Ban လိုက်တဲ့ နောက်ပိုင်းမှာ တရုတ်ပြည်တွင်းအသင်းတွေမှာ Coach လုပ်ခွင့်ရပ်နားသွားခဲ့တယ်။ (အဲ့အကြောင်းကိုတော့ သေချာ ဂဃနဏ မသိပါဘူး။ Bet တာတွေနဲ့ ဆက်နွယ်တယ်လောက်တော့ အကြမ်းဖျဉ်း သိရတာပဲ။)

နောက်ပိုင်း မိန်းမရ၊ ကလေးတွေ ငယ်သေးတဲ့အချိန်မှာ သူနဲ့အတူ အလုပ်တွဲလုပ်ဖူးတဲ့ DK member ဟောင်းတွေလည်း ဖြစ်တဲ့ Mushi နဲ့ Iceiceice တို့က သူတို့ဆီမှာ Coach လာလုပ်ပေးဖို့အတွက် ခဏခဏ ကမ်းလှမ်းတာ ခံရတယ်။ ပြီးတော့ Vega နဲ့ တခြားအသင်းတွေကလည်း Coach အဖြစ် လာလုပ်ပေးဖို့ ဆန္ဒရှိကြတယ်။ ဒါမယ့် လက်တွေ့မှာတော့ သူနဲ့အလုပ်တွဲလုပ်ဖူးတဲ့၊ (သူ့အကြောင်း နားလည်တဲ့) Mushi ဆီပဲ ရောက်သွားခဲ့တယ်။ DAC ပြီးသွားတော့ Arteezy က သူ့ဆီမှာ Coach လာလုပ်ပေးဖို့နဲ့ Bulba ကလည်း 71 ရဲ့ Assistant Coach အနေနဲ့ အားဖြည့်ပေးမယ်လို့အထိ ကမ်းလှမ်းခံရတယ်။

71 က တရုတ်ပြည်တွင်း Tournament Stream တွေမှာ Panellist အနေနဲ့ ရံဖန်ရံခါ တွေ့ရပေမယ့် တရုတ်ပြည်တွင်းက ကစားသမားတွေက သူ့ကို မကြိုက်ရတဲ့ အကြောင်းအရင်း တစ်ချက်ရှိပါတယ်တဲ့။ အဲဒါက 71 ဟာ Dota မဆော့ဘူးဆိုတဲ့ အချက်ပါပဲ။

ဟုတ်ပါတယ်။ 71 ဟာ Dota Player တစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် Dota Coach တစ်ယောက်ပါ။ DAC 2018 ရဲ့ Chinese Steam မှာ 430 နဲ့ B-God တို့က ပွဲ Cast ရင်းနဲ့ 71 အကြောင်းကို ထည့်ပြောသွားပါတယ်။ 71 ဟာ Game ကိုယ်တိုင်မဆော့ပေမယ့် ပွဲကြည့်တဲ့အချိန်က သာမန်လူတွေ ကစားနေတဲ့ အချိန်တွေထက် ပိုများပါတယ်တဲ့။ ဒါကြောင့် သူ့ရဲ့ အတွေးအခေါ်တွေဟာ ကစားသမားတွေ သိပ်မကြိုက်ပေမယ့် Chess ထိုးတဲ့အခါမှာ ဘေးက ထိုင်ကြည့်နေတဲ့ လူတစ်ယောက် မြင်သလို ဖြစ်နေတာပါပဲ။ တကယ်ထိုးနေတဲ့လူရဲ့ Strategy က တစ်မျိုးဖြစ်နေပေမယ့် ဘေးက ထိုင်ကြည့်တဲ့လူက ပိုမြင်တယ်ဆိုတဲ့ သဘောပါပဲ။

430 က 71 ကို ထောက်သွားတာကို B-God လို Legendary တစ်ယောက်က 71 ဘက်က ကာပြီး ပြောပေးသွားတာကို တွေ့ရပါတယ်။ ဒါဟာ တစ်ချိန်က 71 နဲ့ အလုပ်တွဲလုပ်ဖူးတဲ့ B-God က သာမန်လူတွေထက် 71 ရဲ့ Strategy ကို ပိုနားလည်လို့ ပြောတဲ့ စကားတစ်ခွန်းပဲဖြစ်ပါတယ်။

MMR တောင် မပေါ်တဲ့ ဒီလို လူတစ်ယောက်က ၇ နှစ်အတွင်းမှာ EHOME, DK, Mski ဆိုတဲ့ အသင်း (၃) သင်းကို Coach လုပ်ခဲ့ပြီး (၃) ခါ စလုံး အောင်မြင်မှု အသီးသီးရအောင် ဦးဆောင်ခဲ့တယ်ဆိုတာကတော့ ကြက်ကန်းတိုးတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ကြက်ကန်းမဟုတ်လို့ပဲ Pro-Tier Player တွေကြားမှာ 71 ကို Coach အဖြစ်နဲ့ လိုချင်ရတာပေါ့။ ဒီအပိုင်းမှာ သူ Coach လုပ်တဲ့ Player တွေရဲ့ Skill တွေ ကောင်းနေလို့ အောင်မြင်တာလို့ ပြောကောင်းပြောပါလိမ့်မယ်။ စစ်သူကြီးက ဘယ်လောက်ဗျူဟာ ကောင်းကောင်း၊ ရှေ့တန်းထွက် စစ်တိုက်နေတဲ့ Warrior က လူ့ဗလံလေးဆိုရင်တော့ ချက်ချင်း မအောင်မြင်နိုင်ဘူးပေါ့ဗျာ။ အဲ့ဒီ့ လူ့ဗလံလေးနဲ့ အောင်မြင်ချင်ရင်တော့ အဲ့ဒီ့ဗလံလေးကို Strength ကောင်းလာအောင် Train ပေးဖို့ အချိန်တစ်ခု လိုအပ်မှာပါ။ နောက်က Strategy ပဲ ဆွဲဆွဲ၊ ရှေ့ကပဲ ထွက်တိုက်တိုက်၊ သူ့တာဝန်နဲ့သူ ကျေဖို့ပဲ လိုပါတယ်။ ကိစ္စတွေ ရောထွေးလို့ မရပါဘူး။

ဆိုပါစို့။
သင်က ဘောလုံးအားကစားကို အရူးအမူးကြိုက်တဲ့သူ တစ်ယောက်ဖြစ်မယ်ဆိုရင် သင့်ရဲ့ Inspired Person က မက်ဆီ၊ ဒေးဗစ်ဘက်ခမ်း၊ မာရာဒိုနာ စသည်ဖြင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် "အားကစား" ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတိုင်း သင်က တိုက်ဂါးဝု၊ ရော်ဂျာဖက်ဒရာ၊ အူစိန်ဘောလ့် တို့အကြောင်းကို မသိတာနဲ့ သင့်ကို အပြစ်ဝိုင်းပြောလို့မရပါဘူး။ ခေါင်းစဉ်တစ်ခု အောက်မှာရှိတာနဲ့ သိမ်းကျူံးပြီး ပြောတိုင်း မမှန်နိုင်ပါဘူး။
barbu.jpg
သဘောက သင်က ဒိုတာမှာ Tobi, Capitalist, ODpixel တို့လို လူမျိုးကို Inspired ဖြစ်ရင် သူ့ရဲ့ Cast အလွဲတွေ၊ ပွဲအတွင်း သုံးနှုန်းတဲ့ စကားလုံးတွေ မှားတာမျိုးကို ဝေဖန်နိုင်ပေမယ့် သူ့ရဲ့ mmr, သူ့ရဲ့ Panelist မလုပ်တဲ့အချက် တွေကို သွားတိုက်ခိုက်လို့ မသင့်ပါဘူး။

နောက်ထပ် ဥပမာတစ်ခုအနေနဲ့ Messi က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်တာနဲ့ သူက ဘောလုံးနဲ့ပတ်သတ်တာ အားလုံး ကျွမ်းကျင်ရမယ်လို့ အပိုင်ပြောလို့မရပါဘူး။ မက်ဆီ ဘယ်လောက် ဘောလုံးကန်တာ တော်တော်၊ သူကန်နေတဲ့ ဘောလုံးကို ဘယ်လိုချူပ်ရသလဲဆိုတာ သူသိချင်မှ သိမှာပါ။ ဒါကြောင့် သူကန်နေတဲ့ ဘောလုံးတစ်လုံးဖြစ်လာဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို မသိတာနဲ့၊ သူနင်းပြီး ပြေးလွှားနေတဲ့ မြက်ခင်းပြင်ကို ဘယ်လို ထိန်းသိမ်းရသလဲဆိုတာကို မသိတာနဲ့၊ သူ ကန်သွင်းနေတဲ့ ဂိုးတိုင်ကို သုတ်တဲ့ဆေးထဲက Chemical ပစ္စည်းတွေ မသိတာနဲ့ Messi ကို ဝေဖန်တိုက်ခိုက်လို့ မရနိုင်ပါဘူး။ Messi ဟာ သူ့ရဲ့ အချိန်တွေကို ဂိုးပေါက်ထဲ ဂိုးဘယ်လိုဝင်အောင် ကန်ထည့်ရမလဲဆိုတာကို လေ့ကျင့်ထားတဲ့သူဖြစ်ပြီး ဘောလုံးကွင်းထဲက ကိစ္စတိုင်းကို စာအုပ်လှန်ပြီး လိုက်ရှာဖတ်ထားတဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ အဲ့လောက်လိုက်ထောက်ပြီး ဝေဖန်နေရင်လည်း သူများအပြစ်ထိုင်ရှာပြီး Attention ယူချင်တဲ့ အားအားယားယားလူတွေပဲ လုပ်တဲ့အလုပ်မျိုးတွေ ဖြစ်သွားမှာပါ။

အခုပြောနေတဲ့ အကြောင်းအရာတွေအားလုံးကလည်း 71 နဲ့ပတ်သတ်ပြီး ဖြစ်သွားတဲ့ အကြောင်းအရာတွေနဲ့ ထပ်တူကျနေတာ တွေ့ရပါတယ်။

US leaderboard ရဲ့ လက်ရှိ နံပါတ် (၇၄) မှာ ချိတ်နေတဲ့ Bulba လို လူမျိုးက MMR တောင် မပေါ်တဲ့ 71 ရဲ့ Assistant Coach အဖြစ်နဲ့ နေပေးမယ်ဆိုပြီး ဘာလို့ ကမ်းလှမ်းရသလဲ။ တကယ်တန်း MMR တစ်ခုတည်းက အားလုံးကို သတ်မှတ်နိုင်တယ်ဆိုရင် ဒီလိုကမ်းလှမ်းစရာ အကြောင်းမရှိပါဘူး။ မြန်မာပြည်မှာလို MMR နည်းတာနဲ့ အတိုက်ခိုက်ခံရမယ်ဆိုရင် 71 လိုလူ သန့်ရှင်းရေးသမား အလုပ်မျိုးပဲ လုပ်နေရမှာပါ။ တကယ်တော့ Player နဲ့ Panellist, Coach, Caster တွေရဲ့ Understanding တွေက တခြားဆီပါ။ နယ်ပယ်တွေ ကွဲနေတာပါ။

ဆိုပါစို့။
လူ နှစ်ယောက်က တစ်နေ့ကို ဒိုတာအတွက် ၁၂ နာရီပေးတယ်ဆိုပါစို့။
ပထမတစ်ယောက်က ၁ဝ နာရီကို Dota ခုတ်ပြီး ၂ နာရီ Game Watch မယ်။
ဒုတိယတစ်ယောက်က ၁ဝ နာရီ Game Watch ပြီး ၂ နာရီကို Dota ခုတ်မယ်ဆိုပါစို့။

၁ဝ နာရီခုတ်တဲ့သူက Reflex, Ingame Decision, Skill စတာတွေ တိုးတက်လာမှာဖြစ်ပြီး
၁ဝ နာရီပွဲကြည့်တဲ့သူက Draft, Mechanics, Knowledge အပိုင်းတွေမှာ တိုးတက်လာမှာဖြစ်ပါတယ်။

အားလုံးက တစ်ပိုင်းစီပါ။

Top Tier Caster Tobi ကို Panellist ထဲမှာ မြင်ရလေ့မရှိသလို
Top Tier Panellist rEdEyE ဟာလည်း ပွဲ Cast တာမျိုး မရှိပါဘူး။
BurNing က Player အဖြစ် ရပ်တည်နေချိန်မှာ ပွဲ Cast တာမျိုးအတွက် အချိန်မပေးခဲ့သလို
2018 မှာ အသက် ၄ဝ ပြည့်သွားပြီ ဖြစ်တဲ့ Nahaz ဟာလည်း Panellist အပိုင်းမှာ ဒီနေ့အထိ သိက္ခာတစ်ခုနဲ့ရပ်တည်နေတုန်းပါပဲ။

တကယ့် International Esports တွေမှာတော့ အကန့်ခွဲနိုင်စွမ်း ရှိကြတာကို တွေ့ရမှာပါ။
4.png

တစ်နေ့တစ်ခြား ပွဲတွေ ထိုင် Cast နေတဲ့သူတစ်ယောက်က ပွဲတစ်ပွဲချင်းစီရဲ့ Milliseconds လေးတစ်ခုချင်းစီမှာ ဖြစ်ပျက် သွားတာတွေကို ကြာလေ ပိုမြင်လေ၊ ပိုပြောနိုင်လေ ဖြစ်လာမှာဖြစ်သလို၊ Team နဲ့ သေချာ Train နေတာမျိုး၊ စိတ်ပါ လက်ပါ MMR တင်နေတာမျိုးကိုအချိန်ပေး လုပ်နေတဲ့ သူတစ်ယောက်ဟာလည်း ကြာလေ MMR ပိုတက်လာမှာဖြစ်သလို၊ ပွဲကိုတွေကို အချိန်ပေးကြည့်၊ Replay တွေကို အချိန်ပေးကြည့်ရင်း Player တွေ၊ Meta တွေကို လေ့လာနေတဲ့သူကလည်း Analysis အပိုင်းမှာ ထူးချွန်လာမှာပါ။

မိမိနှစ်သက်ရာ နယ်ပယ်ချင်း မတူညီသည်နှင့်အမျှ
အချိန်ပေးတဲ့ နေရာခြင်း ကြိုးစားအားထုတ်ခြင်းလည်း မတူညီနိုင်ပါဘူး။
သို့အတွက်
အောင်မြင်မှုအတိုင်းအတာချင်းဟာလည်း ဘယ်တော့မှ တန်းလိုက်ညှိလို့ရမှာ မဟုတ်ပါဘူး :)
ကိုယ်ရွေးချယ်ထားတဲ့လမ်းကြောင်းအတွက်၊ ကိုယ့်တာဝန် ကိုယ်ကျေအောင် အာရုံစိုက်ဖို့ပဲ အရေးကြီးပါတယ်။

အပေါ်ဆုံးမှာ ပြောခဲ့တဲ့အတိုင်း 71 ဒိုက်ထိုးနေတာနဲ့ ပတ်သတ်ပြီး Panellist Jack က ဒါဟာ ACE ကို လက်စားချေဖို့ ဟန်ပြင်နေတဲ့ Memes တစ်ခုအဖြစ် နောက်ပြောင်ပြီး ပြောသွားခဲ့ပါတယ်။ ပြီးတော့ Mushi ကို Carry Vengiful Spirit ကိုင်ခိုင်းတာတွေ၊ IceIceIce ကို Broodmother ထုတ်ခိုင်းတာတွေ၊ ထိပ်တိုက်တွေ့ရင် နိုင်ဖို့အလားအလာနည်းတဲ့ VP နဲ့ Liquid ကို ရှောင်ပြီး Group Stage မှာကတည်းက အမှတ်ယူခဲ့တဲ့ပုံတွေဟာ 71 ရဲ့ Mind Game/ Strategy တစ်ခုဖြစ်ခဲ့ပြီး အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ Mski ကို (၂)လ ဆိုတဲ့ အချိန်အတွင်း ဒီလူစာရင်းအတိုင်းနဲ့ Major Tournament တစ်ခုရဲ့ Champion ဖြစ်အောင် တွန်းပို့ပေးခဲ့တာကို တွေ့ရမှာပါ။ ဒီ Top Tier ကစားသမားလူစာရင်းကိုပဲ Coach ပြောင်းသွားတဲ့နောက်မှ ရလာဒ်တွေပြောင်းသွားတာဟာ နေ့ချင်းညချင်း MMR တွေ တက်သွားလို့ မဟုတ်ပါဘူး။ လူတစ်ယောက်စီရဲ့ မတူညီတဲ့ အရည်အချင်းတွေကို ပေါင်းစပ်ပြီးနောက် ထွက်ပေါ်လာတဲ့ ရလာဒ်တွေပဲဖြစ်ပါတယ်။

DAC champion ဖြစ်သွားတဲ့နောက်မှာ Mski အသင်းသားတွေက သူတို့ရဲ့ အောင်မြင်မှုကို "The Credits go to our Coach, 71" လို့ ပြောသွားပါတယ်။ 71 ဟာ သူ့နယ်ပယ်အတွက် တာဝန်ကျေခဲ့တဲ့ သူတစ်ယောက် ဖြစ်ခဲ့ပါပြီ။

မည်သို့ပင် ဆိုစေကာမူ မိမိ နှစ်သက်သော အောင်မြင်မှုကို အလေးထားခြင်းသည်သာ မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မည်။ xD5.png

Sort:  

This post has received a 2.41 % upvote from @drotto thanks to: @nyeinzaw.